အိန္ဒိယတွင် အာရှခြင်္သေ့များ ပြန်လည်တိုးပွားလာ


 နယူးဒေလီ မေ ၁၁

 အိန္ဒိယနိုင်ငံတွင် အာရှခြင်္သေ့ ကောင်ရေသည် လွန်ခဲ့သည့် ငါးနှစ်ကထက် ပိုမိုများပြားလာပြီ ဖြစ်ကြောင်း တာဝန်ရှိသူများက ယနေ့ပြောကြားသည်။

၂ဝ၁ဝ ပြည့်နှစ်တွင် ၄၁၁ ကောင်ရှိခဲ့ရာမှ ၂ဝ၁၅ ခုနှစ်တွင် ၅၂၃ ကောင်အထိ တိုးပွားလာခဲ့ကြောင်း နောက်ဆုံး ကောက်ယူခဲ့သော ခြင်္သေ့စစ်တမ်းများပါ ကိန်း ဂဏန်းများကို ကိုးကား၍ ဂူဂျာရတ် ပြည်နယ်ဝန်ကြီးချုပ် အနန်ဒီဆင်း ပါတဲလ်က ပြောသည်။

ဂူဂျာရတ်ပြည်နယ်အနောက်ပိုင်းရှိ ဂီယာသစ်တော သည် အာရှခြင်္သေ့များ၏ တစ်ခုတည်းသော မှီတင်း ကျက်စားရာဒေသဖြစ်သည်။

တစ်ချိန်က ယင်းပြည်နယ်အနှံ့အပြား၌ တွေ့ရသော ခြင်္သေ့များသည် အမဲလိုက်ခံရခြင်းနှင့် မိုးခေါင်ခြင်းများ ကြောင့် ၂ဝ ရာစု အစောပိုင်းကာလတွင် အရေအတွက် တစ်ဒါဇင်မျှလောက်သာ ကျန်တော့သည်။

သို့သော် ယခုရာစုတွင် ခြင်္သေ့များကို အမဲလိုက် သတ်ဖြတ်ခြင်းအား တားမြစ်ပိတ်ပင်လိုက်ခြင်းနှင့် နည်းလမ်းမျိုးစုံတို့ဖြင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းတို့ ကြောင့် ကောင်ရေပြန်လည်တိုးပွားလာခဲ့သည်။

တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်း ၂၅ဝဝ တို့သည် ဧရိယာ စတုရန်းကီလိုမီတာ ၂၁ဝဝဝ ကျယ်ဝန်းသော ဂူဂျာရတ်ပြည်နယ် ဆူရရှတ်တြာဒေသတွင် စစ်တမ်း ကောက်ယူခဲ့ရာ ခြင်္သေ့အထီး ၁ဝ၉ ကောင်၊ ခြင်္သေ့အမ ၂ဝ၁ ကောင်နှင့် ခြင်္သေ့ပေါက်စ ၂၁၃ ကောင်ကို တွေ့ရှိ ခဲ့ကြသည်။

စစ်တမ်းကောက်ရာတွင် ဓာတ်ပုံရိုက်နည်းဖြင့် လည်းကောင်း၊ ဂျီပီအက်စ် စနစ်သုံးစွဲ၍လည်းကောင်း အသုံးပြုခဲ့ကြောင်း သစ်တောအရာရှိတစ်ဦးက ပြော သည်။

ဆူရရှတ်တြာဒေသကို ဖြတ်သန်းသော ရထားများ၊ ထရပ်ကားများအပြင် သားသတ်မုဆိုးများ၊ ယာခင်းများ၌ လျှပ်စစ်ဓာတ် လွှတ်ထားသော ဝါယာကြိုးများ၊ အကာ အရံမပါသော တွင်းပက်လက်များသည် ယင်းဒေသအား အာရှခြင်္သေ့များအတွက် သေတွင်းအဖြစ်သို့ ပြောင်းလဲ ပေးခဲ့သည်။

ထို့အတူ လူနှင့် တိရစ္ဆာန်တို့၏ ပဋိပက္ခကြီးမား လာခဲ့ရာ လွန်ခဲ့သည့်နှစ်နှစ်အတွင်း ခြင်္သေ့များက လူ ၁၄ ဦးကို ကိုက်သတ်ခဲ့ပြီး ၁၁၄ ဦးကို ဒဏ်ရာရရှိစေခဲ့ သည်။

ရိုက်တာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment