ပြောတဲ့ ငှက်ပျောကြော် က “ကျွန်တော် ကတော့ ဒီနှစ်ထဲမှာ ရုပ်ရှင်ရိုက်တာ ပိုများလာတယ် ထင်တယ်။ ဗီဒီယိုက တော့ ပုံမှန် သွားနေတာပါပဲ။ ပရို ဂျူဆာတွေလည်း ရုပ်ရှင် ပိုထုတ်လုပ် လာကြတယ်။ ကျွန်တော်လည်း ဖလင် ခေတ်တုန်းက ရုပ်ရှင် ရိုက်ရတာ နည်းနည်း ပါးတယ်။ အခုတော့ ကားပို ရိုက်လာရပါတယ်” လို့ ပြောပါ တယ်။
ဇာဂနာနဲ့ MRTV Entertainment အတွက် ဇာတ်လမ်း တွဲရိုက်ဖို့ ရှိတယ်ပြောတဲ့ ငှက်ပျောကြော် ကို ဒါရိုက်တာ လိုင်းဘက်မပြောင်း ဘူးလားမေးတော့ “ဒါရိုက်တာ က တော့ မလုပ်ချင်တော့ပါဘူး။ ဒီအရွယ် ကျမှ ခေါင်းခြောက် မခံတော့ပါဘူး။ ပရိုဂျူဆာ လုပ်ချင်တယ်။ လုပ်ဖို့အခြေ အနေမပေးလို့။ လုပ်ဖြစ်ရင်တော့ ကျွန်တော် ဖတ်ခဲ့ဖူး တဲ့ စာအုပ်တွေ၊ ဝတ္ထုတွေထဲကပဲ ရိုက်ဖြစ်မှာပါ” လို့ ပြောပါတယ်။
သူ့အနေနဲ့ ဇာတ်ပို့မှာ ပွဲ စားပုံစံမျိုး၊ ရပ်ကွက်လူကြီး ပုံစံ မျိုးတွေ အများဆုံး သရုပ်ဆောင်ရပြီး သူ့အနေနဲ့ စာပေသမား၊ ကဗျာဆရာ ပုံစံ၊ ရှေ့နေ ပုံစံ နဲ့ ဖတ်ထားတဲ့ စာတွေ နဲ့ ရပ်ကွက်ထဲမှာ လူတွင်ကျယ် လုပ်တဲ့ နိုင်ငံရေး သမား ကာရိုက်တာတွေ လည်း သရုပ်ဆောင်ချင်တယ်လို့ ငှက်ပျောကြော်က ပြောပြခဲ့ပါတယ်။
Source:popularmyanmar.com

0 comments:
Post a Comment