ဂျယ်လ်လက်သည်း ဖျက်ဆေး သုံးခြင်းဖြင့် ကင်ဆာရောဂါ ဖြစ်ပွားနိုင်


ပေးရတဲ့ တန်ဖိုးထက် ကျန်းမာရေးအပေါ်ဖြစ်လာမယ့် အန္တရာယ်က ပိုကြောက်စရာကောင်းကြောင်း ဆရာဝန်တွေက ပြောဆိုထားပါတယ်။ အလှကုန်ပစ္စည်း ထုတ်လုပ်တဲ့ ကုမ္ပဏီမှ ရောင်းအားကောင်းမှုကြောင့် ပိုပိုထုတ်လုပ်နေဟန်ရှိတဲ့ ဂျယ်လ်လက်သည်းချွတ်ဆေးတွေကို မသုံးဖို့ အရေပြားရောဂါ အထူးကု Dr. John Humeniuk က သတိပေးထားပါတယ်။
လွန်ခဲ့တဲ့ ၇ နှစ်က ခရမ်းလွန်ရောင်ခြည်မီးတွေ အသုံးပြုခြင်းကြောင့် အရေပြား ကင်ဆာဖြစ်နိုင်ခြေ ရှိခြင်းနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှုတချို့ မြင့်တက်လာခဲ့ပါတယ်။ အဲဒီ ခရမ်းလွန်ရောင်ခြည်တွေရဲ့ပမဏက အိပ်ခန်းထဲ မြိန်ဖျဖျလင်းနေတဲ့ မီးသီးတွေနဲ့ ထပ်တူကျပါတယ်။
ဂျယ်လ်လက်သည်းဖျက်းဆေးကနေ ရောဂါတွေ ကူးစက်နိုင်ပါသေးတယ်။ ၄င်းဂျယ်လ်နဲ့ အက်ခရီလစ်တွေ အသုံးပြုခြင်းဖြင့် လက်သည်းနဲ့ အရေခွံကြား ပိုဟလာစေပြီး ဘက်တီးရီးယားတွေ အသက်ရှင်နိုင်ဖို့ နေရာ ဖန်တီးပေးလိုက်တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
Ref:yourtango
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment