ရန်ကုန်၊ မေ ၂၀
၁၉.၅.၂၀၁၅ ရက်နေ့ ၂၃၀၀ အချိန်တွင် လမ်းမတော်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင် များသည် လမ်းမတော်မြို့နယ်၊ (၁)ရပ်ကွက်ရှိ တိုက်ခန်း(၈)လွှာပေါ်မှ အမျိုးသားတစ်ဦး ပြုတ်ကျကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ပါသည်။
ထိုသို့သွားရောက်စစ်ဆေးခဲ့ရာ ပြုတ်ကျသူအမျိုးသားမှာ အဆိုပါတိုက်ခန်းနေ အသက်(၂၁)နှစ်ရှိသူဖြစ်ပြီး ၎င်းတွင် ဦးခေါင်းသွေးထွက်၊ ပါးစပ်သွေးထွက် ဒဏ်ရာများ ရရှိထားသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ရာ အတွင်းလူနာ (စိုးရိမ်ရ)အဖြစ်ကုသလျက်ရှိကြောင်း သိရှိရပါသည်။
ဖြစ်စဉ်အားစုံစမ်းရာ အဆိုပါအမျိုးသားမှာ အတက်ရောဂါရှိသူဖြစ်ပြီး မကြာခဏ အတက်ရောဂါဖြစ်ပွားလေ့ရှိကြောင်း၊ ၎င်းအိပ်သည့်နေရာတွင် အမြင့်(၃)ပေခန့်ရှိပြီး တံခါးရွက်မရှိသည့်ပြူတင်းပေါက်ရှိကြောင်း၊ ၂၂၄၅ အချိန်ခန့်တွင် အတက်ရောဂါဖြစ်ပွားပြီး ပြူတင်းပေါက်မှအပြင်သို့ပြုတ်ကျခဲ့ သဖြင့် တိုက်၏အောက်တွင်ရပ်ထားသော Cherry ယာဉ်ပေါ်မှတဆင့် လမ်းပေါ်သို့ကျကာ ဒဏ်ရာများရရှိခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice
၁၉.၅.၂၀၁၅ ရက်နေ့ ၂၃၀၀ အချိန်တွင် လမ်းမတော်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင် များသည် လမ်းမတော်မြို့နယ်၊ (၁)ရပ်ကွက်ရှိ တိုက်ခန်း(၈)လွှာပေါ်မှ အမျိုးသားတစ်ဦး ပြုတ်ကျကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ပါသည်။
![]() |
| လမ်းမတော်မြို့နယ်တွင် အမျိုးသားတစ်ဦး တိုက်ပေါ်မှပြုတ်ကျခဲ့သဖြင့် ဒဏ်ရာရ |
ဖြစ်စဉ်အားစုံစမ်းရာ အဆိုပါအမျိုးသားမှာ အတက်ရောဂါရှိသူဖြစ်ပြီး မကြာခဏ အတက်ရောဂါဖြစ်ပွားလေ့ရှိကြောင်း၊ ၎င်းအိပ်သည့်နေရာတွင် အမြင့်(၃)ပေခန့်ရှိပြီး တံခါးရွက်မရှိသည့်ပြူတင်းပေါက်ရှိကြောင်း၊ ၂၂၄၅ အချိန်ခန့်တွင် အတက်ရောဂါဖြစ်ပွားပြီး ပြူတင်းပေါက်မှအပြင်သို့ပြုတ်ကျခဲ့ သဖြင့် တိုက်၏အောက်တွင်ရပ်ထားသော Cherry ယာဉ်ပေါ်မှတဆင့် လမ်းပေါ်သို့ကျကာ ဒဏ်ရာများရရှိခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice

0 comments:
Post a Comment