ကဘူးလ် မေ ၁၇
အာဖဂန်နစ္စတန် နိုင်ငံ၏ မြို့တော် ကဘူးလ်အဓိကလေဆိပ် အဝင်ဝ၌ ကားဗုံးဖောက်ခွဲတိုက် ခိုက်မှုတစ်ရပ် ဖြစ်ပွားခဲ့သည်။
အဆိုပါ အသေခံဗုံးခွဲတိုက်ခိုက်ရေး သမားသည် တိုယိုတာကိုရိုလာကား ဖြင့် နိုင်ငံခြားတပ်ဖွဲ့ဝင်များ သယ်ဆောင်သော စစ်ယာဉ်တန်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း တာဝန်ရှိသူများက ပြော ကြားသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း ဆယ်ကျော်သက်မိန်းကလေးနှစ်ဦး သေဆုံးသွားခဲ့သည်ဟု တာဝန်ရှိသူ များက ပြောသည်။ သေဆုံးသူအရေ အတွက် မြင့်တက်လာနိုင်ပြီး အနည်း ဆုံး အရပ်သား ၁၈ ဦး ဒဏ်ရာရရှိသွား ခဲ့သည်။
ယင်းတိုက်ခိုက်မှုကြောင့် နိုင်ငံ ခြား စစ်ဘက်ယာဉ်တစ်စီးနှင့် အရပ်သား ယာဉ်နှစ်စီး ပျက်စီးသွား ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောသည်။
သို့ရာတွင် ယင်းတိုက်ခိုက်မှု သည် မည်သူမည်ဝါ၏ လက်ချက် ဖြစ်ကြောင်း ချက်ချင်းမသိရသေးဟု ဆိုသည်။
သို့သော်လည်း မေ ၁၄ ရက်က နိုင်ငံခြားသားများ အပါအဝင် လူပေါင်း ၁၄ ဦး သေဆုံးခဲ့ရသည့် ကဘူးလ်ဟိုတယ် တိုက်ခိုက်မှုတွင် တာလီဘန်တို့က ယင်းတို့လက်ချက် ဖြစ်သည်ဟု ဆိုသည်။
(ရိုက်တာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
0 comments:
Post a Comment