လူတစ်ဦး သင်္ချိုင်းအတွင်း စွန့်ပစ်ခံထားရရာမှ ဆေးရုံ၌ ဆေးကုသရင်း ကွယ်လွန်


 အမည်မသိ လူတစ်ဦး တာချီလိတ်မြို့မ သုသာန်အတွင်း စွန့်ပစ်ခံထားရာမှ တာချီလိတ်မြို့ မဇ္ဈိမလူမှု ကူညီရေး အသင်းမှ တွေ့ရှိပြီး မေလ(၁၉)ရက် နေ့လည်ပိုင်းက ဆေးရုံသို့ ပို့ဆောင် ကုသပေးနေစဉ် ကွယ်လွန်သွားကြောင်း သိရှိရသည်။

“ကျွန်တော်တို့ မြို့မသုဿန်ကို အသုဘသွားပို့တုန်း လူတစ်ဦး သတိလစ်ပြီး မေ့နေတာ တွေ့လို့ ဆေးရုံပို့ပြီး ကုပေးတယ်၊ သူ့နာမည်လဲ မသိဘူး၊ ကြည့်ရတာ အခြေအနေလဲ မကောင်းဘူး၊အသက်ငင်နေတဲ့ ပုံဖြစ်နေတယ်၊ အဲ့ဒါနဲ့ ဆေးရုံပို့ပေးလိုက်တာ ညပိုင်းကျတော့ ဆုံးသွားတယ်”ဟု တာချီလိတ် မဇ္ဈိမလူမှုကူညီရေး အသင်း ဥက္ကဌ ဦးတင့်ဆွေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။

လူတစ်ဦးအား အပေါ်ပိုင်းစွတ်ကျယ်၊ အောက်ပိုင်းတွင် ပိတ်ဖြူပတ်ထားပြီး လာရောက် စွန့်ပစ်သွားခြင်း ဖြစ်ကြောင်း၊ အသင်းမှ တွေ့သည့်အချိန်မှာ မသေဆုံးသေးကြောင်း၊ လူတစ်ဦးအား မသေဆုံးမီ လာရောက် စွန့်ပစ်သွားခြင်းဖြစ်နိုင်ကြောင်း၊ သေဆုံးသူ၏ အမည်၊ နေရပ်များအား သိရှိခြင်း မရှိကြောင်း နှင့် သေဆုံးချိန်ထိ စကားပြောဆိုနိုင်ခြင်း မရှိကြောင်း ၎င်းထံမှ သိရသည်။

“တာချီလိတ်မှာ အခုလို ဖြစ်စဉ်မျိုး အရင်တုန်းက ခဏခဏတွေ့ရပေမဲ့ လူမှုကူညီရေး အသင်းတွေပေါ်လာပြီး နောက်ပိုင်းမှာ သိပ်မတွေ့ရတော့ဘူး၊ ဒါပေမဲ့ အခုလိုမျိုး သင်္ချိုင်းမှာ လာစွန့်သွားတာမျိုးတွေကို ပြန်တွေ့ရတော့ စိတ်မကောင်းဖြစ်မိတာကလွဲလို့ ဘာမှ မတတ်နိုင်ဘူးဗျာ...၊ ”ဟု ဒေသခံတစ်ဦးမှပြောသည်။

လူနာမှာ ဆေးရုံ၏ ဆေးစစ်ချက်အရ “စီ”ပိုးကူးစက်ခံထားရတာကြောင့် ကုသ၍ မရနိုင်တော့ကြောင်း၊ ဆေးရုံမှ အတက်နိုင်ဆုံး ကုသခဲ့သော်လည်း ည(၁၁)နာရီခန့်တွင် ဆုံးပါးသွားကြောင်း၊ အမည်နှင့်နေရပ် လိပ်စာများလည်း မေးမြန်းနိုင်ခဲ့ခြင်း မရှိကြောင်း နှင့် သေဆုံးသူအား မေလ(၂၀)ရက် နေ့လည်ပိုင်းက မဇ္ဈိမလူမှုရေးအသင်းမှ မီးသဂြိုင်္လ်ပေးခဲ့ကြောင်း သိရှိရသည်။

Tachileik News Agency
http://www.tachileik.net
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment