လင်းဇာနည်ဇော်က သမီးဖြစ် သူ မြူလင်းကိုကိုကို သြစတြေးလျမှာ ကျောင်းထားရှိမှာပဲဖြစ်ပါတယ်။ ကျောင်းသွားတက်မယ့် သမီးဖြစ်သူ နဲ့အတူ မေလ ၂၁ရက်နေ့မှာ သြစ တြေးလျကိုလိုက်ပါသွားမှာဖြစ်ပါတယ်။ သြစတြေးလျမှာ သမီးဖြစ်သူနေထိုင် ရေးမှာ အဆင်ပြေအသားကျဖို့ အစ စရာရာအဆင်ပြေအောင် နှစ်လ ကျော်လောက် သမီးနဲ့အတူ နေထိုင် ပြီးမှ ပြန်လာဖြစ်မယ်လို့ သိရပါ တယ်။ လင်းဇာနည်ဇော်အနေနဲ့ သမီးငယ်ငယ်ကတည်းကနေ အခု အရွယ်ရောက်တဲ့အချိန်အထိ နေ ထိုင်ရေး၊ ကျန်းမာရေး၊ ပညာရေး အစစအရာရာအားလုံးကို မိခင် တစ်ယောက် အနေနဲ့ လိုလေသေးမရှိအောင် ပြုစုစောင့်ရှောက်ခဲ့ပြီး အခုအခါမှာလည်း သမီးကို မခွဲချင်ပေမယ့် လည်း သမီးရဲ့နောင်ရေး ကောင်းစားဖို့အတွက်ကို အဓိက စဉ်း စားပြီး ဆုံးဖြတ်ခဲ့ရခြင်းဖြစ်ပါတယ်။ သမီးမိန်းကလေးမွေးထားတာ ဖြစ်တဲ့ အတွက် အနေအထိုင်အသွား အလာတွေမှာ သတိရှိဖို့ဆင်ခြင်ဖို့တွေကိုလည်း မိခင်တစ်ယောက်အနေနဲ့သမီးနဲ့အတူရှိတဲ့အချိန် တွေမှာဆုံးမစကားတွေ ပြောကြားခဲ့ပြီး သမီးက မိခင်ကို ကြောက် စိတ်တွေမရှိစေဘဲသမီးကိုဆူတာ ခြောက် တာထက်နားလည်အောင်ပြောပြပြီး သူငယ်ချင်းအပေါင်းအသင်းလိုမျိုး ပေါင်း ပြီးနေဖြစ်တယ်လို့ သိရပါတယ်။သမီးဖြစ်သူ မြူလင်းကိုကိုကလည်း မိခင်ရဲ့ မေတ္တာ စေတနာကို သိမြင်တဲ့အတွက် မိခင်ကို ကျေးဇူးပြန်ဆပ်ဖို့အတွက် ရည်ရွယ်ပြီး ဒီလိုကျေးဇူးပြန်ဆပ်နိုင်ဖို့အတွက် မိခင် ဖြစ်စေ ချင်တဲ့ ပညာရေးကို အဓိက ထားပြီး စာကိုကြိုးစားသင်ယူရင်းနဲ့ပဲ ကျေးဇူးဆပ်ချင်တယ်လို့ ပြောပြပြန် ပါတယ်။ဒီလိုမျိုးသားအမိ နှစ်ယောက် ရဲ့အပြန်အလှန် တစ်ဦးပေါ် တစ်ဦး ထားရှိ တဲ့မေတ္တာစေတနာတွေက မြင်ရခံစားရသူတွေအတွက် ရင်ကိုအေးမြစေခဲ့ပြန် ပါတယ်။ သမီးဖြစ်သူအပေါ်ထားရှိတဲ့ အေးမြတဲ့မေတ္တာ စကားကိုလည်း လင်းဇာ နည်ဇော်က အခုလိုပြောပြပါတယ်။ “မိဘတိုင်းက ဘယ်အရွယ်ပဲရောက်ရောက် ကိုယ့်သားသမီးကို ကလေးလိုပဲထင်တာလေ။ ဘာဖြစ်လို့လဲဆိုတော့သူကအိမ် မှာ တအားလည်း ကလေးလိုနေတာရယ်၊ပြီးတော့ ဘာမှလည်း မလုပ်တတ် မကိုင်တတ်တဲ့အတွက်ကြောင့် ဟိုမှာအဆင်မှပြေပါ့မလားပေါ့။ ကိုယ်က သူ့ကို ဟိုမှာ တစ်ယောက်တည်း ထားခဲ့ရမှာလေ။ အမျိုးတွေပဲ ရှိရှိအပေါင်းအသင်း တွေပဲရှိရှိ ဟိုရောက်ရင်တော့ သူ့ခြေထောက်ပေါ် သူရပ်ရမှာလေ။ အဲဒီတော့ အဆင်ပြေပါ့မလား ဆိုတဲ့ သောကစိတ်တော့ ဖြစ်မိတယ်။ ဒါပေမဲ့လည်း အစ်မကတွေးကြည့်တယ်။ ဒီအိမ်မှာပဲနေရင် အစ်မတို့က သူ့ ကိုကလေး လိုထားတဲ့အတွက်ကြောင့် သူ့ကိုယ်သူလည်း ကလေးလိုပဲ လုပ်နေပြီး တော့ သူများကိုပဲ အမြဲတမ်း အားကိုးနေတော့မှာလေ။ သူ့အားကို သူဘယ်တော့မှကိုးမှာမဟုတ်တော့ဘူး။ အဲဒါကြောင့် သူ့ဘဝအတွက် ရေရှည်ေ လျှာက်လှမ်းသွားဖို့အတွက် ကြာတော့ ခက်သွားလိမ့်မယ်။ အဲဒီအတွက်ကြောင့် သူ့အတွက် အကောင်းဆုံးဖြစ်ဖို့ကို အစ်မ က သူ့ခြေထောက်သူရပ်တည်နိုင်ဖို့ လူတိုင်းနဲ့ ဆက်ဆံ တတ်ဖို့၊သူ့ခြေ ထောက်ပေါ်သူရပ်တည်နိုင်ဖို့ သူ့ကိုယ် သူ ယုံကြည်မှုရှိဖို့အတွက်ကို အစ်မက မခွဲချင်ဘဲနဲ့ ခွဲ မှဖြစ်တော့မယ်ဆိုပြီး သူ့ကို ကျောင်းထားဖြစ်ဖို့ ဆုံးဖြတ် လိုက်တာပါ။ အစ်မကတော့ သူနဲ့လိုက်ဖို့ကို ဗီဇာက တစ်နှစ်ရ တယ်။လေယာဉ်လက်မှတ်က သုံးလရတယ်။ အစ်မကတော့ သူ့ အခြေအနေကြည့်ပြီးမှအသားကျ တဲ့အထိ နေပေးရမယ်။ကိုယ် ကလည်း သုံးလလောက်တော့ နေပေးချင်ပါတယ်။ ဒါပေမဲ့ သူကျောင်းတက်စရိတ်ကို အစ်မက ပြန်ပြီးပိုက်ဆံရှာရဦး မယ်။ဒါမှပြန်ပို့ပေးနိုင် မှာလေ။ပြောရမယ်ဆိုရင် စိတ်က မျိုးရိုးလိုက်တယ် ပြောရမယ်။အနုပညာအလုပ်ကို တအား ဝါသနာပါတယ်။ သူက ဥာဏ်လည်း ကောင်းတယ်။ တအားလည်းတော် တယ်။ ဆေးလိုင်းယူပြီး ဆရာဝန်ကျတော့ ၇ နှစ်တက်ရမယ်။ ဒီကိုပြန်ပြီး သမီး မင်းသမီးလုပ်ရင် အသက်တအား ကြီးသွားလိမ့်မယ်ဆိုပြီး ဆရာဝန်မ လုပ်ဖြစ်ဘူး။အစ် မဖြစ်စေချင်တာ ကတော့ ဒီအနုပညာအလုပ်ထက်ကို ပညာ တတ်ပြီးတော့ စီးပွားရေးကို လည်း လုပ်စေချင်တယ်။သမီးလေးရဲ့ ပညာရေးကို အကောင်းဆုံးဖြစ် အောင် လုပ်ပေးမယ်။ ဒါပေမဲ့ သူ့ဆီ က ပြန်လာမယ့် အရာကိုတော့ လုံးဝ မမျှော်လင့်ထားဘူး။ အဲဒီလိုမျိုး စိတ်မွေးလိုက်တဲ့အချိန်ကစပြီး သက်သာသွားတယ်။ မဟုတ်ရင် ငါဒီလောက်ကြီး လုပ်ပေးခဲ့ပြီး ဘာ မှပြန်မလာရင် အစ်မငိုလို့ ဆုံး တော့မှာ မဟုတ်ဘူး။ မျှော်လင့် ချက်ဆိုတာကြီးကို ကြီးကြီးမား မားမထားဘူး။ ဖြစ်မဖြစ်ဆိုတာက သူနဲ့ပဲဆိုင်တယ်။ အစ်မက သူ့ အတွက်ဆို အားလုံး ဖြည့်ဆည်း ပေးဖို့ပဲ စဉ်းစားတယ်။ သူ့အသိစိတ် ထဲမှာ အစ်မကို ကြောက် နေရှိန်နေ တာထက် ကရု ဏာလေးနဲ့ ချစ်နေတာကိုပဲသမီး လေးဆီက လို ချင်ပါ တယ်” လို့ ပြောပါ တယ်။
မိခင် ဖြစ်သူရဲ့ စေတနာနဲ့မေတ္တာကို နား လည်ပြီးမိခင်ရဲ့ ကျေးဇူးကို သိတတ် လွန်းသူ မြူလင်းကိုကိုက လည်း “ကျောင်းတက်ဖို့ကို အစကတော့ နီနီးနားနား ဘန်ကောက်၊ စင် ကာပူနိုင်ငံတို့လောက်ပဲ ရွေးမယ်လို့ စဉ်းစားထားတာ။ ဒါပေမဲ့ နောက် ပိုင်းကျတော့ အိမ်နဲ့လည်းနီးနေရင်၊ ခဏခဏပြန်လာချင်စိတ်ဖြစ်နေရင် ကိုယ့် ကိုယ်ကိုယ်ဘယ်လိုမှ ရပ်တည် နိုင်မှာ မဟုတ်ဘူးလေ။ လူကြီးလည်း ဆန်လာမှာမဟုတ်ဘူး။ ဒါကြောင့် သြစတြေးလျကို ရွေးဖြစ်သွားတာပါ။ အဲဒီမှာ သမီးကအရင်ဆုံးေ ဖာင်ဒေး ရှင်း ရှစ်လတက်ရမယ်။ ပြီးရင် အထူးပြုဘာသာအနေနဲ့ အဓိ က ကတော့Management နဲ့ Adminnistration အဲဒီ နှစ်ခုတည်းကပဲ ရွေးမှာပါ။ အဲဒီမှာ သွားရောက်တက် ဖြစ်တာကလည်း ဒီမှာဆိုရင် ကိုယ်က ကလေးလိုပဲဖြစ်နေမယ်။ သမီးကိုယ် တိုင်လည်း ကိုယ့်ကိုယ်ကိုယ်ရပ်တည် ပြီးတော့ တစ်ယောက်တည်း ရပ် တည်ချင်လို့ပါ။ တစ်ယောက်တည်း ဟိုမှာသွားပြီး ကျောင်းတက်ရမှာ တော့ စိုးရိမ်စိတ်မရှိပါဘူး။ အားလုံး ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက် အ ပြည့်ထားပါတယ်။ မေမေ ကလည်း လိုလေးသေးမရှိဖြည့်ဆည်းပေးတဲ့ အတွက် သမီးဘက်က မေမေကို ကျေးဇူးဆပ်တဲ့အနေနဲ့ ကြိုးစားဖို့ကို ပဲ ခေါင်းထဲမှာ စဉ်း စားပါတယ်။ ကိုယ့် နိုင်ငံမှာ လည်း ကိုယ်သင်ယူ ထားတဲ့ပညာ တွေနဲ့ လိုအပ်တဲ့ နေရာမှာပြန်ပြီး အကျိုးပြုလုပ် ဆောင်ပေးချင်ပါ တယ်” လို့ ပြောပါ တယ်။
လွင်လွင်ထွန်း
ဓာတ်ပုံ-အောင်ဇော်မင်း
ဓာတ်ပုံ-အောင်ဇော်မင်း
Source:popularmyanmar.com

0 comments:
Post a Comment