ဆာနား ၊ ၁၂-၅-၂၀၁၅
ယီမင်နိုင်ငံ အတွင်းရှိ ဟူသီသူပုန် များသည် မေ ၁၁ ရက်တွင် နိုင်ငံမြောက်ပိုင်း ဆာဒါးပြည်နယ် အတွင်းရှိ ဆော်ဒီ တိုက်လေယာဉ် တစ်စင်းကို ပစ်ချခဲ့ကြောင်း နိုင်ငံပိုင် ရုပ်သံ ဌာနတစ်ခုက ထုတ်ပြန် လိုက်သည်။
ယီမင်သူပုန် များသည် အဆိုပါ ဆော်ဒီ တိုက်လေယာဉ်ကို နိုရှုအာ တောင်ကြားတွင် ပစ်ချခဲ့ခြင်း ဖြစ်ပြီး ယင်းသို့ ပစ်ခတ်ခံ ရချိန်တွင် ဆော်ဒီ တိုက်လေယာဉ်မှာ အနိမ့်မှ ပျံသန်းနေစဉ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း Al- Massirah သတင်းဌာနက ပြောကြား ထားသည်။ အလားတူ ဆော်ဒီနိုင်ငံနှင့် ပူးပေါင်း၍ ယီမင်နိုင်ငံ အတွင်း လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ရာ၌ ပါဝင်ခဲ့သော မော်ရိုကို နိုင်ငံသည် ၄င်းတို့၏ F-16 အမျိုးအစား တိုက်လေယာဉ် တစ်စင်းမှာ ပျောက်ဆုံးလျက် ရှိကြောင်း ယင်းနိုင်ငံက မေ ၁၁ ရက်တွင် ထုတ်ဖော် ပြောကြား ထားသည်။ အဆိုပါ မော်ရိုကို တိုက်လေယာဉ်မှာ မေ ၁ဝ ရက် ဒေသ စံတော်ချိန် ညနေ ၆ နာရီမှ စတင် ပျောက်ဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဆော်ဒီ တိုက်လေယာဉ် များသည် နိုင်ငံ အရှေ့မြောက်ပိုင်း ရှိ တာအစ်ဇ်မြို့ အတွင်းသို့လည်း လေကြောင်း မှ တိုက်ခိုက်ခဲ့ရာ အနည်းဆုံး အရပ်သား ၁၁ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း PressTV သတင်းတစ်ရပ် တွင် ဖော်ပြ ထားကြောင်း သိရသည်။
PyiChitThar
http://www.pyichitthar.com


0 comments:
Post a Comment