ပြီးခဲ့တဲ့ ဧပြီ ၂ဝ ရက်က တက္ကဆက်မှာကျင်းပခဲ့တဲ့ နှစ်စဉ်ကျင်းပနေကျ ကျေးလက်ဂီတဆုပေးပွဲမှာ ဆုရရှိ သူတွေထဲက တစ်ဦးအပါအဝင်ဖြစ်တဲ့ တေလာဆွစ်ဖ် ကိုတော့ သူ့ရဲ့မိခင်ကိုယ်တိုင် ဆုချီးမြှင့်ပေးခဲ့ပါတယ်။ အပျော်မျက်ရည်တွေစို့နေတဲ့မိခင်နဲ့ တေလာဆွစ်ဖ်တို့ ပွေ့အဖက်မှာတော့ ပရိသတ်ထောင်ပေါင်းများစွာ ကလည်း ကောင်း ချီးသြဘာပေးခဲ့ကြပါတယ်။ အကြိမ် ၅ဝ မြောက်ကျင်းပတဲ့အဲဒီဆုပေးပွဲမှာ ဆုရရှိသူ ၇ ဦးအနက်က ဂီတမှတ်တိုင်စိုက်ထူနိုင်ခဲ့တဲ့တေလာ နဲ့ပတ်သက်ပြီး မိခင်ဖြစ်သူက
“ငယ်ငယ်လေး ကတည်းက တွေးခေါ်ဖန်တီးမှုတွေအပြည့်နဲ့ ကြီးပြင်း လာတဲ့ကလေးမပါ။ အခုထိတိုင်လည်း လာမယ့် ကမ္ဘာ လှည့်ဖျော်ဖြေဖို့ ပြင်ဆင်နေပါတယ်။ သူ့ ရဲ့အမေဖြစ်ရ တာ သိပ်ကို ဂုဏ်ယူပါတယ်။ ပရိသတ်တွေအတွက် လည်း ကျွန်မသူ့ကိုချစ်သလောက် သူ့ကိုပရိသတ်ကချစ်တယ်ဆိုတာသိပါတယ်။ ကျွန်မရဲ့သမီးတေ လာ ဆွစ်ဖ်ကို မိတ်ဆက်ပေးရတာ ပျော်ရွှင်ကြည်နူးမိပါ တယ်” လို့ ပြောကြားခဲ့ပါတယ်။
သူဟာ ကင်ဆာရောဂါကုသမှုခံယူနေရင်းကနေ သမီးဖြစ်သူရဲ့ ဂုဏ်ယူစရာပွဲကိုတက်ရောက်ခဲ့တာဖြစ် ပါတယ်။ အဲဒီဆုပေးပွဲမှာ တေလာကတော့ ကျေး လက်ဂီတ ဘက်ကနေ ပေါ့ပ်ဂီတဘက် ပြောင်းဖို့ ဆုံးဖြတ်ခဲ့တဲ့ သူ့ဆုံးဖြတ်ချက်ကိုနားလည်ပေးတဲ့အတွက် ပရိ သတ်ကိုကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါတယ်။ တစ်ချိန် တည်းမှာပဲ အဲဒီပွဲမှာဆုရခဲ့တဲ့ မီရန်ဒါ လမ်းဘာ့တ်က တစ်နှစ်တာလုံးရဲ့အကောင်းဆုံးသီချင်း၊ အကောင်းဆုံးအယ်လ် ဘမ်၊ အကောင်းဆုံးအမျိုးသမီး အဆိုတော်ဆိုတဲ့ ဆု ၃ ဆုကို သိမ်းပိုက်ပြီး အိမ်ပြန်နိုင်ခဲ့တယ်လို့သိရပါတယ်။ အခြားဆု ရခဲ့သူများကတော့ Garth Brooks, Reba McEntire , Brooks & Dunn , Kenny Chesney နဲ့ George Strait တို့ ဖြစ်ကြပါတယ်။
Source:popularmyanmar.com

0 comments:
Post a Comment