အမေရိကန်တွင် တိုက်ခတ်သည့် လေဆင်နှာမောင်းကြောင့် လူ ၂ ဦး သေ



 အမေရိကန် ပြည်ထောင်စု အာကင်ဆော ပြည်နယ်မှာ လေဆင်နှာမောင်း တိုက်ခတ်ပြီး လူ ၂ ဦး သေဆုံးသွားပါတယ်။

ဒီမတိုင်ခင်ကတည်းက မိုးလေ၀သဌာနက လေပြင်းနဲ့ ရေကြီးမှုတွေ ကြုံရနိုင်တာကို ကြိုတင်သတိပေးထားတယ်လို့ အန်ဘီစီ ရုပ်သံက မေ ၁၁ ရက်က ကြေညာပါတယ်။

မေ ၁၁ ရက် မနက်အစောပိုင်းမှာလည်း တက္ကဆက်ဘက်က ဗန်း ဆိုတဲ့ မြို့ငယ်လေးမှာလည်း မိုးကြိုးမုန်တိုင်းဘေးနဲ့ ကြုံနေရပါတယ်။

အန်ဘီစီ သတင်းအရ ဗန်းမြို့မှာ လူ ၂၆ ယောက် ဆေးရုံတင်ထားရတယ်လို့ ဆိုပါတယ်။ မိုးကြိုးမုန်တိုင်းကြောင့် အဆောက် အဦတွေနဲ့ ကားတွေ ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ပြင်းထန်တဲ့ ရာသီဥတုဘေးကို တက္ကဆက်ကနေ မီချီဂန်ပြည်နယ်အထိ ပြည်သူ သန်း ၅၀ လောက် ခံစားရဖွယ်ရှိပါတယ်။

အမေရိကန်ပြည်ထောင်စု တောင်ပိုင်းလွင်ပြင်ဒေသမှာ မေလကနေ ဇူလိုင်လ အစောပိုင်းအထိ လေဆင်းနှာမောင်း ရာသီနဲ့ ကြုံရလေ့ ရှိပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment