မဖွယ်မရာပြု ကျင့်ခံရပြီးနောက် ၄၂ နှစ်ကြာ coma မေ့မြော ရောဂါဖြစ်ခဲ့တဲ့ အိန္ဒိယ သူနာပြု


၁၉၇၃ ခုနှစ်မှာ Anura Shangbaug ဟာ သူမဇာတိ Mumbai မြို့ က ဆေးရုံတစ်ခုမှာ သူနာပြုတစ်ယောက်အဖြစ် တာဝန်ကျနေချိန် ဆေးရုံအလုပ်သမားတစ်ယောက်ရဲ့ အဓမ္မပြုကျင့်တာ ခံခဲ့ရပြီး လည်ပင်းညှစ်ခံခဲ့ရပါတယ်။
အဲ့ဒီနောက်မှာတော့ သူမဟာ ဦးနှောက်ဆဲလ်တွေ ပြုပြင်လို့ မရတော့ပဲ coma ရောဂါလို့ ခေါ်တဲ့ နှစ်ရှည်လများမေ့မြောနေတဲ့ ရောဂါတစ်ခုကို ခံစားရတော့တာပါပဲ၊ ခုဆိုရင် သူမမှာ အဆုတ်ကင်ဆာရောဂါရှိနေပြီ ဆိုတဲ့အကြောင်း လွန်ခဲ့တဲ့တစ်ပတ်က တွေ့ရှိခဲ့ပြီး ဆရာဝန်တွေကိုသူမရဲ့ အသက်ကူစက်ဖြုတ်ပစ်လိုက်ဖို့ ဆုံးဖြတ်ချက်ချရမယ့် အခြေအနေ ဖြစ်လာခဲ့ပါတယ်၊
Shanbaug ရဲ့ မခံမရပ်နိုင်တဲ့ ဝေဒနာကို အပြီးသတ်ပေးဖို့ အိန္ဒိယတရားရုံးချုပ်ဆီ တောင်းဆိုရင်း မိတ်ဆွေ Pinki Virani ဆိုသူက သူမ အသက်ဇီဝိန်ချုပ်ပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။
သူမိဘတွေအနေနဲ့လည်း သူမကို ထပ်ပြီး မပြုစု မစောင့်ရှောက်နိုင်တော့တာကြောင့် သူမကို အသက်ဇီဝန်ချုပ်ပေးဖို့ တောင်းဆိုတဲ့အခါ ဆယ်စုနှစ်များစွာကြာအောင် စောင့်ရှောက်လာခဲ့တဲ့ Mumbai  King Edward Memorial Hospital က သူနာပြုတွေက ကန့်ကွက်ခဲ့ကြပြီး ၄င်းအသနားခံစာကို တရားရုံးမှလည်း ပယ်ချခဲ့ပါတယ်။
Anura Shangbaug ဟာ ၁၉၇၃ ခုနှစ်က ဆေးရုံတစ်ခုမှာ ညနက်ထိ အလုပ်လုပ်ခဲ့ပြီး အဝတ်အစားလဲနေတုန်း သန့်ရှင်းရေးသမား Sohanlal Bhartha Walmiki ရဲ့ တိုက်ခိုက်မှု ခံခဲ့ရတာဖြစ်ပါတယ်။
အဓမ္မပြုကျင့်စော်ကားနေစဉ် သူမကို သံကြိုးနဲ့ အသက်ရှူမွန်းကျပ်စေခဲ့တာကြောင့် ဦးနှောက်ဆဲလ်များ ပြုပြင်လို့မရသည့်အထိ ပျက်စီးသွားခဲ့တာပါ၊
Walmiki က ဓားပြမှုနဲ့ အသေသတ်ရန်ကြိုးပမ်းမှုနဲ့ ဖမ်းဆီး စွပ်စွဲခံခဲ့ရပါတယ်။ သို့ပေမယ့် အစိုးရရှေ့နေများက သူ့ဂုဏ်သိက္ခာကို တစ်သက်လုံး အမည်းစက်ဖြစ်စေမယ့် အဓမ္မပြုကျင့်မှုနဲ့ စွပ်စွဲချက်တွေထည့်ဖို့ တော့ ဆန္ဒရှိခဲ့ကြပါဘူး၊
သူဟာ အခုဆိုရင် ထောင်မှ လွတ်မြောက်သွားပြီလို့ သိရပါတယ်၊
Ref: metro
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment