အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ Daniel Kennedy ဟာ UK နိုင်ငံ Cheshire က Widnes မြို့မှာ အပျော်သဘောနဲ့ ဒေသအတွင်းရေဖြန့်ဝေမှု ခလုတ်ပိတ်ခဲ့တဲ့ ဆယ်ကျော်သက်တွေကို စိန်ခေါ်ခဲ့လို့ လူသွားလမ်း တစ်ခုမှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာပါ၊
ဒါပေမယ့် အံ့သြစရာကောင်းသည်က ကျည်ဆံတွေဟာ သူ့အိတ်ကပ်ထဲ ထည့်ထားတဲ့ မိုဘိုင်းလ်ဖုန်းကို ကွဲကြေစေခဲ့ပြီး အဲဒီဟာသာ မရှိခဲ့ရင် သူသေလိမ့်မယ်လို့ ဆိုပါတယ်။
ခြေထောက်ကို ကောင်းကောင်းထိန်းနိုင်ခဲ့တဲ့ Daniel Kennedy က သူနေထိုင်ခဲ့ဖူးတဲ့ တိုက်ခန်းနံရံတစ်ခုဆီ ဒယိမ်းဒယိုင် ပြန်သွားခဲ့ပါတယ်။
ဒီအမှုအတွက် Widnes မြို့မှာနေထိုင်တဲ့ အသက် ၁၉ နှစ်အရွယ် Ryan Duggan ဆိုသူကို Chester Crown က တရားရုံးမှာ ၃ ရက်ကြာ အမှုစစ်ဆေးပြီးနောက် အသက်အန္တရာယ်ပြုဖို့ ရည်ရွယ်ချက်နဲ့အတူ လူသတ်ရန်ကြိုးပမ်းတဲ့ အမှု၊ သေနတ်လက်ဝယ်ထားရှိမှုတို့နဲ့ အပြစ်ဒဏ်စီရင်ချမှတ်ခံခဲ့ပါတယ်။
ဇွန်လိုင်လမှာ သူအပြစ်ဒဏ်စီရင် ချမှတ်ခံရမှာဖြစ်ပါတယ်၊
ဒီလို အပြင်းစားသေနတ်နဲ့ အပစ်ခံရဖို့ ဖြစ်စေတဲ့ အကြောင်းအရင်းက Daniel Kennedyဟာ ရေဖြန့်ဝေမှု မိန်းခလုတ်ချခဲ့တဲ့အဖွဲ့ကို အဲ့ဒီလိုမလုပ်ဖို့ သွားပြောပြီးအပြန် အိမ်ပြင်မှာ အပစ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ကံကောင်းစွာနဲ့ ပစ်ခတ်ခံရသူရဲ့ မိုဘိုင်းလ်ဖုန်းဆီ သေနတ်ကျည်ဆန်တွေက ကွက်တိ ထိမှန်ခဲ့တာကြောင့်သာ အသက်မသေခဲ့တာဖြစ်ပါတယ်။
အဲ့အချိန်မှာ အိတ်ကပ်ထဲ ဖုန်းသာမရှိခဲ့ရင် သူသေမယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။
Ref: Metro
Source:trend.com.mm
0 comments:
Post a Comment