ပြည်ထောင်စုလမ်းမကြီးအား TNLA ပိတ်ဆို့ ရန်ပုံငွေထပ်ကောက်


မေ ၁၈ ရက် ၂၀၁၅

 သျှမ်းပြည်မြောက်ပိုင်း မန္တလေး - မူစယ် ဆက်သွယ်ထား သည့် ပြည်ထောင် စုလမ်းမကြီး ကွတ်ခိုင် - မူစယ်လမ်းပိုင်းအား တအာင်းလက်နက်ကိုင်တပ်ဖွဲ့ TNLA ပိတ်ဆို့ ကာတပ် ရန်ပုံ ငွေအတွက် ဖြတ်သန်းသွား လာသည့် ကားများအား ပိုက်ဆံကောက်ယူခဲ့သည်ဟုသိရသည်။

မေ ၁၈ ရက် ၂၀၁၅ ခု နံနက်ခင်းပိုင်း၌ တအာင်းလက်နက်ကိုင်တပ်ဖွဲ့ TNLA မှ မူစယ် - ကွတ်ခိုင်ကြား နမ့်ဖတ်ကာ အလွန် လွယ်ပန်စလွပ့် တောင်ကြား တွင် ပြည်ထောင်စု လမ်းမ ကြီးအား ပိတ်ဆို့ကာ ဖြတ်သန်းသွားလာသည့် ယာဉ်များအားလုံးအား တစီးလျှင် ကျပ် နှစ်သောင်း မှ ကျပ် ၁၀ သိန်းကျော်အထိ ကောက်ခံခဲ့သည်ဟု သိရသည်။

“တမနက်ခင်းလုံးဘဲ။ ဘယ်အချိန်ကနေ စတာလဲမသိဘူး။ ကျနော် ကြုံတဲ့ အချိန်က နံနက် ၈ နာရီ ထိုးခါနီးလောက်ရှိမယ်။ တချို့ကတော့ အချင်းချင်း ဖုန်းဆက် အကြောင်းကြားထား တော့ ရောက်တဲ့နေရာမှာ ရပ်ထားကြတယ်။ လမ်းကြောင်းပြန်ပွင့်မှ သွားလာကြတာလေ” - ဟု ကိုယ် ပိုင် ကားဖြင့် လားရှိုးမှ မူစယ်သို့ ခရီးသွားသည့် စိုင်းနောင်နောင်က ပြောသည်။

ထို့အတူ ခရီးသွား ဦးအားရီ ကလည်း ‘အမှန်တော့ ကျနော် မူစယ် မှာ နေ့ လည် စာ လာစားရမှာ မွန်းလွှဲ ၃ နာရီခွဲမှ ရောက်တယ် - စိတ်ပျက်တယ်ဗျာ။ အစိုးရကိုလဲ လမ်းကြေး၊ အခွန်၊ ပေးရ တယ်။ လက်နက်ကိုင်အုပ်စုကိုလဲ ရန်ပုံငွေတဲ့’ ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။

ကိုယ်ပိုင်ကား ၃၀၀၀၀ ကျပ် ၊ နံပါတ်ပြားအနီ ခရီးတင် ဗင်ကား ၂၀၀၀၀ ကျပ်၊ ဟိုင်းလက်၊ ဒိုင်နာ ၅ သောင်းမှ တစ်သိန်းကျပ်၊ ၁၂ ဘီးကား ၃ သိန်းကျပ်၊ ၂၂ ဘီးကား ကုန်အမျိုးအစား အလိုက် ၅ သိန်း မှ ၁၀ သိန်း အထိ ပေးဆောင်ရ သည်ဟု သိရသည်။ သို့သော် ယခင်အပတ်က ရန်ပုံငွေပေးဆောင်ထား သည့် ဖြတ်ပိုင်းရှိသူများမူ ယခုတကြိမ် ကင်းလွှတ်ခွင့်ရခဲ့ကြောင်း လည်း စိုင်းနောင်နောင်ကပြောသည်။

ဧပြီ ၃၀ ရက်နေ့ ပထမအကြိမ် ပြည်ထောင်စုလမ်းမကြီးအား ပိတ်ဆို့ ကာ ငွေကြေးကောက် ခံစဉ် ‘တအာင်းအမျိုးသားတပ်မတော် TNLA အနေဖြင့် ၄င်းတို့ စိုးမိုးသည့် နယ်မြေ ဖြစ်သည့် အတွက် ဖြတ်သန်းသွားလာ သည့်ကား များအား ရန်ပုံငွေကောက်ခံရခြင်း’ ဖြစ်သည်ဟု သတင်း ထုတ်ပြန် ထားဖူးသည်။

မေ ၁၇ ရက် ၂၀၁၅ ညနေ ၄ နာရီအချိန် ကွန်ခိုင်မြို့ အခြေစိုက် ခလရ ၂၄၂ အား TNLA မှ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှုတွင် အစိုးရတပ်မတော်ဘက် သေကြေ ဒဏ်ရာရရှိသူ မရှိဟု ဆိုသော်လည်း ပစ်ခတ်တိုက်ခိုက်သံများကြောင့် ဒေသခံများ စိုးရိမ် ထိပ်လန့်ကြသည်ဟု ကွတ်ခိုင်သား အိုက်လွန်းက ပြောသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment