သရုပ်ဆောင် ကျော်သူ ရွေးကောက်ပွဲ ဝင်ပြိုင်နိုင်ခြေရှိ



(ရန်ကုန်၊ ဇွန် ၁)
ပရဟိတဘက်တွင် ရပ်တည်ပေး မည့်သူမရှိ၍ ရွှေးကောက်ပွဲ ဝင်ပြိုင်ရန် စဉ်းစားထားကြောင်း သရုပ် ဆောင်ကျော်သူက ပြောသည်။
”အခုဆို အရေးပေါ် ကားတွေဖမ်းတာမျိုး လွှတ်တော်ထဲမှာ ဘယ်လို လုပ်ပေးမလဲ။ မားမား မတ်မတ် ရပ်တည်ပေးမယ့် ပါတီ အဖွဲ့အစည်း မရှိဘူး။ ပရဟိတဘက် ရပ်တည် တာ မရှိဘူးဆိုရင် ပြည်သူပေါ်မရပ်တည်တာပဲ။ ဒါကြောင့် ကျော်သူ လုပ်ဖို့ စဉ်းစားနေတယ်” ဟုကျော်သူကပြောသည်။
 ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ဖြစ်မည် ဆိုပါက မရမ်းကုန်းမြို့နယ် အပိုင်းမှ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည် ဟု သိရသည်။
”ဝင်ပြိုင်လို့ လွှတ်တော်အမတ် များဖြစ်သွားခဲ့ရင် မသာကောချ ခွင့်ရပါ့မလား၊ ရုပ်ရှင်ကော ရိုက်ခွင့်ရ ပါ့မလား ဆိုတာက ဘာမှကို မစိုးရိမ်တော့ ဘူး။ လုပ်စရာ ရှိတာပြတ်ပြတ် လုပ်မှာပဲ”ဟု၎င်းကပြောသည်။
 ကျော်သူသည် ၂ဝဝ၇  ခုနှစ် စက်တင်ဘာ သံဃာ့အရေးအခင်း နောက်ပိုင်း အနုပညာ လုပ်ငန်းလုပ်ခြင်း များကို ပိတ်ပင် တားဆီးခံခဲ့ ရပြီး ရုပ်ရှင် ပိတ်ကားတွင် သာမက စာမျက်နှာများ (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ဗီနိုင်းကားချပ်)တို့ပေါ် တွင်ပါ ကျော်သူ့ဓာတ်ပုံ မသုံးရ၊ ကျော်သူ့ ပန်းချီမပြရ၊ ကျော်သူ့ ဆောင်းပါး မသုံးရဟု ဆိုကာ ကျော်သူ ဟူသော အမည်ကို လုံးဝ တင်ပြခွင့် မရှိခဲ့ပေ။
 ကျော်သူ၏ ဆရာဖြစ်သူ စာရေးဆရာ မင်းသိင်္ခ ကွယ်လွန်စဉ်က ဝမ်းနည်း ဆုံးရှုံးမှု (နာရေး) ဖြစ်ရကြောင်းနှင့် ၄င်း၏ သမီးမင်္ဂလာပွဲ အခမ်းအနားကြော်ငြာခြင်း တို့ဖြစ်သော (သာရေး) ကိစ္စရပ် များကိုပင် (ကျော်သူ) ဟူသော အမည်ပါ၍ သတင်းစာထဲ တွင် ကြေညာထည့်ခွင့် ပင်မရခဲ့ချေ။
 ကျော်သူက ”တစ်သီး ပုဂ္ဂလက ပဲဖြစ်ဖြစ်၊ တခြား ပါတီမှာပဲဖြစ်ဖြစ် ဝင်အရွေးခံလိုက်ရင် ကောင်းမလားလို့”ဟု သူ့ကိုယ်ပိုင် လူမှု ကွန် ရက်Facebook  စာမျက်နှာထက် တွင် ရေးသားဖော်ပြ ထားသည်။
ထူးထူး
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment