သွားခေါတဲ့ မိန်းမလျာ ဇာတ်ရုပ်ကို ရန်အောင် ရိုက်ဖြစ်တဲ့ အကြောင်းအရင်း


အမျိုးသမီး ကာရိုက်တာတွေ အရိုက်များ လာတာ ဇာတ်လမ်း ရှားပါးမှုကြောင့် ရွေးချယ်ဖြစ်သွား တာလား။
အဲဒီလို မဟုတ်ပါဘူး။ ဒီကာရိုက်တာ ကို ကြိုက်တဲ့ ပရိသတ်တွေ ရှိသလို မကြိုက်ဘူးပြောတဲ့ ပရိသတ် တွေလည်း ရှိတယ်။ ဒါကို အပြု သဘော နဲ့ပြောရင် လက်ခံတယ်။ ငယ်ငယ်တုန်း ကဆို ဒီကာရိုက်တာ ကို လာ ကမ်းလှမ်းပေမယ့် မရိုက်ဖြစ်ခဲ့ဘူး။ ရိုက်ဖို့ အတွက်လည်း အားမထုတ်ခဲ့ဘူး။ အခု နောက်ပိုင်း မှသာ လာကမ်းလှမ်းတဲ့ ကား အားလုံး ရိုက်ဖြစ် သွားတာ။ ကိုယ့်အနေနဲ့ ကိုယ်ဖန်တီးတဲ့ ထိပ် ပြောင် ကာရိုက်တာရှိတယ်။ ဝတုတ်ကြီး ကာရိုက်တာ ရှိတယ်။ ပြီးတော့ သွားခေါမ ကာရိုက်တာ ရှိတယ်။ ကိုယ်တို့ သရုပ် ဆောင်တွေ အနေနဲ့ ကာရိုက်တာ အများ ကြီးမွေးရတယ်။ ပရိသတ် လက်ခံတဲ့ ဇာတ်ကောင်ဆို ပေါက်တယ်။ ဒါကြောင့် ဒီသွားခေါ တဲ့ မိန်းမလျာ ကာရိုက် တာ က ပရိသတ် လက်ခံလို့ ရိုက်ကူးတာပါ။ နောင်လည်း ရိုက်ဦးမှာပါ။
အရင်က မရိုက်ခဲ့တာ ဘာကြောင့်လဲ။
အစ်ကို မင်းသား စဖြစ်ခါစက ဆိုဇာတ်ကားတွေကို တအား စိစစ်ရွေးချယ်ပြီး ရိုက်တယ် ပရိသတ် အထင်အမြင် လွဲနိုင်တာတွေ ရှောင်ရတယ် အထူးသဖြင့် ဟိုးခေတ်က မိန်းမလျာ ဇာတ်ရုပ်ဆို မရိုက်ခဲ့ဘူး ပရိသတ်တွေ လက်မခံလို့ ဒါပေမဲ့ အခုခေတ် ပရိသတ်တွေက အမြင်ကျယ်သွားပြီ။
အခု လက်ခံ ရိုက်နေပြီဆိုတော့ မင်းသား စဖြစ်ခါစကနဲ့ နှိုင်းယှဉ်ရင် အခု ဘယ်လိုစိန်ခေါ်မှုအသစ်တွေ ကြုံတွေ့နေရလဲ။
စိန်ခေါ်မှု အသစ် ကတော့ တစ်ကနေပြန်ပြီး လေ့လာရတယ်။  မိန်းမ တစ်ယောက် ကာရိုက်တာကို ပီပြင်အောင် အားပိုထုတ် ရတယ် ငယ်ငယ်တုန်းက ဒီမိန်းမလျာ ဇာတ်ရုပ်က လွဲပြီး ကာရိုက်တာ ကြိုက်တာလာ ဗီလိန်လား မင်းသားလား သူတောင်းစားလား မျက်လှည့်ဆရာလား ကျွန်တော့် အတွက် အဆင်သင့်ပဲ ဒါပေမဲ့ ဒီမိန်းမ တစ်ယောက် ကာရိုက်တာကို အနုပညာ သက်တမ်းရင့်လာပေမယ့် အစကနေ ပြန်ပြီးလေ့လာရတယ် အမြဲတမ်း ဂရုစိုက်ရတယ် ဇာတ်ညွှန်းကို သေချာဖတ်တဲ့ အပြင် မိန်းမလျာလောက ကအစ်ကိုရဲ့သူငယ်ချင်း မိတ်ဆွေတွေ ခေါ်ပြီးတော့ အစည်းအဝေး ထိုင်စကားပြောရတယ် သူတို့ အမူအရာ အပြောအဆို အသုံးအနှုန်းတွေ ကို တစ်ခု မကျန် လေ့လာ မှတ်သားရတယ်။ မလွယ်ကူ ခဲ့ဘူး။ ဒီဇာတ်ရုပ် ကို အများကြီး မရိုက်ကူးခဲ့ဘူး။ ရိုက်တဲ့ဟာတွေ လည်း ပေါက်ခဲ့တယ်။ ဥပမာ၂ဝ၁၂ ခုနှစ်တုန်း ကရိုက်တဲ့ ‘ဆွဲစား ပြီးသားပဲ’ ဆို ၂ဝ၁၅ ခုနှစ် မှဖြန့်တာ။ အချိန် နဲ့တစ်ပြေးညီ မပြနိုင်တာက စိန်ခေါ်မှု အကြီးဆုံးပဲ။
၂ဝ၁၆ ခုနှစ်မှာ ရုံပြိုင်စနစ် အကောင်အထည် ဖော်တော့မယ် ဆိုတော့ အနုပညာရိုက်ချက်တွေ အချိန်နဲ့တစ်ပြေးညီပြသနိုင်မယ်လို့ ယုံကြည်လား။
 ပြန်လုပ်နိုင်ရင်တော့ ကောင်းတာပေါ့ ဒီနှစ်တွေကြားမှာ ရုံစောင့် စနစ် ဆိုတော့ တစ်နှစ်မှာ ၁ဝကားကျော် ပဲဆိုတော့ ရုပ်ရှင် ကားကြီးလည်း သိပ်ပြီး လာမကမ်းလှမ်းဘူး ဒီနှစ်ထဲ မှာတော့ တော်တော်များများ လာကမ်းလှမ်းထားတယ် ရုံပြိုင် စနစ် ပြန်လုပ်ရင် အနုပညာရှင်တွေ အတွက် အဆင်ပြေသလို ထုတ်လုပ်သူတွေ အတွက် သာမက ပရိသတ်တွေ လည်း လတ်လတ် ဆတ်ဆတ် ကြည့်ခွင့်ရမယ်။ အပြိုင် အဆိုင်တွေ လည်း ဖြစ်လာမယ်။
အပြိုင်အဆိုင် ပြောရအောင်လည်း အခု ရုပ်ရှင်ကား ဈေးကွက်မှာ နေရာရနေတဲ့ မင်းသားနှစ်ဦး အပြင် အခြား မင်းသားတွေ အတွက်ရော စိန်ခေါ်မှု သစ်တွေ ဖြစ် လာနိုင် မလား။
သူတို့နှစ်ဦးပဲ ဦးဆောင်နေတယ် ဆိုတာက ဇာတ်လမ်းတွေကို စိစစ်ရွေးချယ်ပြီး ကာရိုက်တာ ပီပြင်ဖို့ ကြိုးစားကြတယ်။ ထုတ်လုပ်သူတွေ တွဲဖက်တဲ့ သရုပ်ဆောင်တွေ အဆင်ပြေအောင် လည်းကြည့်တယ်သူတို့တွေရဲ့အားထုတ်မှုက သူများ ထက်များလို့ သူများထက် အောင်မြင်တာနေမှာပါ ကျန်တဲ့ ကလေးတွေက သူတို့ အားထုတ်မှု နည်းသေးလို့ ဒီလို မဖြစ်သေးတာ ပါပြီးတော့ သူတို့နှစ်ဦးရဲ့ ကံအကြောင်းကလည်း အားစိုက်ရုံ နဲ့အောင်မြင်တဲ့ ကံပါတာလည်း ပါတယ် နေတိုးပြေတီဦး ဆိုတာက လွယ်လွယ် နဲ့နေရယူ ခဲ့ကြတဲ့ ကလေးတွေ မဟုတ်ဘူး။ သူတို့တော်တော် ကြိုးစားလို့ နေရာ တစ်ခု ရခဲ့တယ် လို့ မြင်တယ်။ အောင်မြင်မှု နောက်ကွယ်က သူ တို့ လေးတွေ ပေးဆပ်မှုတွေက နည်းတာ မဟုတ်ဘူး ပရိသတ်တွေ သူတို့ကို ခုလိုအားပေးတာ အချိန်ကို အကျိုးရှိရှိ အသုံးချပြီး ကြိုးစားခဲ့ခြင်းကြောင့် လို့ ထင်တယ် သူ တို့အောင်မြင်မှုက ရုံပြိုင်စနစ် ကျရင်နေတိုး ပြေတီဦး ရင်ဆိုင်ရနိုင် သလို နေတိုးချင်းလည်း ဖြစ်နိုင်တယ် အခြား မင်းသား တစ်ယောက် နဲ့ လည်းဖြစ်နိုင်တယ် ဘာဖြစ်လဲ ဆိုတော့ အားလုံးက အားသွန်ခွန်စိုက် လုပ်ရတော့မှာလေ။
ထူးထူးတွေ့ဆုံမေးမြန်းသည်
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment