မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမ်းချောင်းရေလျှံ၍ အမ်းမြို့ပေါ်၌ ရေကြီးမှု ဖြစ်ပေါ်


အမ်း ဇွန် ၂၇

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် အမ်းမြို့၌ ၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့က စတင်၍ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် အမ်းချောင်းရေ တဖြည်းဖြည်း မြင့်တက်လာရာမှ ဇွန်လ ၂၆ ရက်နေ့ ည(၅)နာရီ အချိန်က စတင်၍ အမ်းမြို့ပေါ် ရပ်ကွက်အတွင်း အမ်းချောင်းကမ်းနားနေ လူနေအိမ်များ တဖြည်းဖြည်း နစ်မြုပ်လျက် ရှိပြီး ၄င်းနေ့ ည(၁၁:၀၀)နာရီအချိန်တွင် အမ်းမြို့ပေါ် ရပ်ကွက်တစ်ခုလုံး လူနေ အိမ်များ၊ လမ်းများ နစ်မြုပ်လျက်ရှိသည်။

အမ်းမြို့အနီး ၄ မိုင်ခန့် ကွာဝေးသော အောက်ရွာကျေးရွာ၌လည်း အလားတူ တစ်ရွာလုံး ရေကြီးနစ်မြုပ်လျက် ရှိသည်။ ၄င်းရေကြီးမှုအား ဆက်လက်စောင့်ကြည့် လျက် ရှိရာ ည (၁၂:၀၀)နာရီအချိန်တွင် မိုး ဆက်လက် ရွာသွန်းမှု မရှိသောကြောင့် ရေများတဖြည်းဖြည်း လျော့ကျလျက် ရှိသည်။

အဆိုပါ အမ်းမြို့ပေါ် ရေကြီးနစ်မြုပ်မှု အတိုင်းအတာမှာ လူနေအိမ်များ ၃ ပေခန့် နစ်မြုပ်ခဲ့ပြီး မြို့ပေါ်အိမ်ခြေ (၁၀၀၀)ခန့်နှင့် အောက်ရွာကျေးရွာ၌ အိမ်ခြေ(၈၀)ခန့် နစ်မြုပ်ခဲ့သည်။ ရေကြီးနစ်မြုပ်မှု ဖြစ်စဉ်ကာလအတွင်း လူအသေအပျောက် ထိခိုက်မှု မရှိကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment