ဆိုင်ဘာတိုက်ခိုက်မှုမှာ သံသယအရှိဆုံး တရုတ်ဖြစ်


 အမေရိကန် အစိုးရ အေဂျင်စီတွေရဲ့ ကွန်ပျူတာ စနစ်တွေ အပေါ် အင်တာနက်ကနေ ဟက်ကာတွေ ၀င်ရောက်တိုက်ခိုက် ခံရမှုမှာ တရုတ်အစိုးရဟာ သံသယရှိသူအဖြစ် ထိပ်ဆုံးကရှိနေတယ်လို့ အမေရိကန် အမျိုးသား ထောက်လှမ်းရေး အကြီးအကဲ James Clapper က ပြောကြားလိုက်ပါတယ်။

ကွန်ပျူတာကနေ အစိုးရ အမှုထမ်းတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ ထိုးဖောက်တိုက်ခိုက်ခံရပြီး နောက်ပိုင်း အမေရိကန် အဆင့်မြင့် အရာရှိတဦးက အခုလို တရုတ်အစိုးရအပေါ် လူသိရှင်ကြား ထုတ်ဖော်ပြောကြားလိုက်တာ ဖြစ်ပါတယ်။

တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံကြား ကျင့်ဝတ်ဆိုင်ရာတွေနဲ့ ပတ်သက်ပြီး အဆင့်မြင့် အရာရှိတွေ ဆွေးနွေး ပြောဆိုအပြီးမှာ အခုလို ထုတ်ဖော်ပြောကြားလိုက်တာ ဖြစ်ပါတယ်။

တရုတ်အစိုးရ ဟာ သံသယရှိသူတွေထဲမှာ ထိပ်ဆုံးက ရှိနေတယ်လို့ မစ္စတာ Clapper က ပြောကြားခဲ့ပြီး အမေရိကန်အစိုးရအနေနဲ့ ဆက်လက် စုံစမ်းသွားမှာ ဖြစ်ကြောင်း ၀ါရှင်တန်မှာပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

တရုတ်အစိုးရကတော့ အခုလို ပြောဆိုစွပ်စွဲမှုကို ငြင်းဆိုထားပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment