သွန်းဆက်ရဲ့ အဖြစ်ချင်ဆုံး ဆန္ဒတစ်ခု


အနုပညာ အလုပ်နဲ့ ပတ်သက်ပြီး အချိန်တိုလေး အတွင်းမှာ ပရိသတ် အားပေး လက်ခံမှုကို ရရှိလာတဲ့ အတွက် ကိုယ့်ကိုယ် ကိုယ်ကံကောင်းသူ တစ်ယောက် လို့ပဲ သတ်မှတ် မိတယ်လို့ သွန်းဆက် ကပြောပါတယ်။ ”ကိုယ့်ဆီ လာတဲ့ ဇာတ်ကား အမျိုးအစားတွေက ကိုယ်မကြိုက် လို့ ငြင်းလိုက်ရတဲ့ ဇာတ်ကား မျိုးတွေတော့ အခုထိ မရှိသေးဘူး။ သွန်းဆက် နဲ့လိုက်တဲ့ ကာရိုက်တာတွေ များတယ်။ ပရိသတ်လည်း ကြိုက်တဲ့ ကာရိုက်တာတွေ များတော့ အခုထိတော့ အေးအေးဆေးဆေး ပဲ ဇာတ်ကားတွေ ကို ရိုက်ကူးဖြစ်တယ်။ သွန်းဆက် အတွက်ကတော့ ကံကောင်းတာပဲ ပြောရမယ်။ သုံးနှစ်ကျော်လောက်လေး အတွင်းမှာ မင်းသမီး တစ်ယောက် လည်း ဖြစ်လာတယ် ဆိုတော့ သွန်းဆက် အတွက် ကတော့ ကံကောင်းမှုတွေ အများကြီး လာတယ်လို့ ပဲပြောရမယ်။ အောင်မြင်မှုကို ကြိုစားရ တာထက် အောင်မြင်မှုကို ထိန်းသိမ်းဖို့က ပိုပြီး ခက်ခဲတယ် လို့ပြောကြတယ်။ သွန်းဆက် ကတော့ အောင်မြင်တယ် လို့ပဲ ကိုယ့်ကိုယ်ကိုယ် မခံယူသေးပါဘူး။ အဲဒီအတွက် အခုချိန် ထိတော့ ကြိုးစား ဆဲပါ”လို့ သွန်းဆက်က ပြောပါတယ်။
သွန်းဆက် က အချစ်ရေး နဲ့ ပတ်သက်လို့ အသက်သုံးဆယ် အရွယ်ရောက် မှသာ အိမ်ထောင်ပြုဖို့ စိတ်ကူးထားတယ် လို့ ဆိုပါတယ်။ ”သွန်းဆက်ရဲ့ အချစ်ရေး ကတော့ အေးအေးဆေးဆေး ပါပဲ မရှိပါဘူး။ အသက် သုံးဆယ်လောက် ဆိုရင်တော့ အိမ်ထောင်ပြုချင်တယ်။ သတို့သား ကတော့ ဘယ်မှာမှန်း မသိသေးဘူး။ ငယ်ငယ် ကတည်းက အသက် အပိုင်းအခြားနဲ့ ဘယ်အချိန်မှာ ဘာကိုလုပ်မယ် ဆိုပြီး plan ထားတယ်။ အခုချိန်မှာ သွန်းဆက်ကို ဘယ်လို လူပဲဖြစ်ဖြစ် လာပြီးတော့ လက်ထပ်မယ် ဆိုရင်တောင်မှ သွန်းဆက်က လက်ထပ်မှာမဟုတ်ဘူး။ သွန်းဆက်က အသက် သုံးဆယ်မှ လက်ထပ်မယ်လို့ ဆုံးဖြတ်ထားရင် အသက် သုံးဆယ်မှပဲ လက်ထပ်မယ်။ သွန်းဆက် ရဲ့ အဖြစ်ချင်ဆုံး ဆန္ဒက သရုပ်ဆောင်ကောင်း တစ်ယောက် ဖြစ်ချင်တယ်။ ဒါကတော့ ငယ်ငယ် ကတည်းက ကိုယ့်ရဲ့ အိပ်မက် တစ်ခုပေါ့။ အရွယ်ရောက် လာတဲ့ အချိန်မှာလည်း အိပ်မက် ကြီးကြီးမားမားဆိုလို့ အနုပညာ တစ်ခုပဲရှိတယ်။ ကံတရားက သွန်းဆက် ဘက်ကို ရောက်လာတာဖြစ်တဲ့ အတွက်ကြောင့် သွန်းဆက် ဖြစ်ချင်တာ ဖြစ်ခဲ့ရတယ်။ အဲဒီအတွက် လည်း ဆန္ဒနဲ့ ဘဝက အခုချိန်မှာ တစ်ထပ်တည်း ကျပါတယ်”လို့ သွန်းဆက် က ပြောပါတယ်။
လွင်လွင်ထွန်း
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment