Facebook က တစ်ဆင့် ပရိသတ်တွေကိုဖိတ်ခေါ်ပြီး သူတို့နဲ့အတူ ရိုက်ကူးမယ့်တေးသံရှင် ပိုပိုရဲ့ Rock & Roll သီချင်း DVD


တေးသံရှင်ပိုပိုက ‘အလွမ်းသီချင်း ကြိုက်တဲ့ ရေဒီယို’စီးရီး DVDကိုလည်း ရိုက်ကူးနေပြီ ဖြစ်ပြီးRock & Roll  သီချင်းကို ပထမဆုံးရိုက်ကူးမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီသီချင်းမှာတော့facebook ကတစ်ဆင့် ပရိသတ်တွေကို ဖိတ်ခေါ်ပြီး သူတို့နဲ့အတူ ရိုက်ကူးမှာဖြစ်တယ် လို့ သိရပါတယ်။
‘ချစ်ဖူးခဲ့သမျှ’နဲ့ မြန်မာတစ်ပြည်လုံးက ပရိသတ်တွေရင်ထဲကို ရောက်ရှိလာတဲ့ အမျိုးသမီးတေးသံရှင်တစ်ဦးဖြစ်တဲ့ ပိုပိုက သူ့ရဲ့ ဒုတိယ စီးရီးသစ်ကို မေလနောက် ဆုံးပတ်က ထွက်ရှိ နိုင်ခဲ့ပါတယ်။ ‘အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို’ လို့ အမည်ပေးထားတဲ့ ဒီဒုတိယစီးရီးတော့ စီးရီးမထွက်ခင်ကတည်းက ပရိသတ်တွေ မျှော်လင့်နေကြ တဲ့ စီးရီးသစ် ဖြစ်ပါတယ်။ ပထမအခွေမှာတော့ ပရိသတ်အသံကို မသိရသေးဘဲ ထွက်ရှိ ဖြစ်ခဲ့ပေမယ့် ဒုတိယစီးရီးမှာတော့ ပရိသတ်အကြိုက်ကိုလည်း သိပြီးဖြစ် တာကြောင့် ပိုပိုအနေနဲ့ ဒီဒုတိယစီးရီးဖန်တီးမှုက ဘယ်လိုအနေအထားရှိလဲဆိုတာကို ခုလို ပြောပြပါတယ်။ ”လုပ်ရကိုင်ရတာကတော့ ရှေ့အခွေလိုပါပဲ။ ဒါပေမဲ့ ဒီအခွေ မှာတော့ တာဝန်ပိုကြီးတယ်။ ကွာလတီကောင်းကောင်း ဒီထက်ပိုကြိုးစားထားပါတယ်။ ရှေ့အခွေမှာလည်း ကိုယ်ကြိုက်တဲ့ ပုံစံတွေလုပ်ခဲ့တယ်။ ဒီအခွေမှာလည်း ကိုယ်ကြိုက်တဲ့ ပုံစံမျိုးတွေလုပ်တုန်းပါပဲ။ ဒါကို ပရိသတ်ကြိုက်ဖို့ မျှော်လင့်ပါတယ်။ ပရိသတ်ကြိုက်ဖို့ မကြိုက်ဖို့ကတော့ ပရိသတ်တွေရဲ့ချစ်ခင်မှုအပေါ်မှာ မူတည်ပါတယ်။ ပိုပို့အနေနဲ့တော့ အတီးပိုင်း၊ အဆိုပိုင်း၊ နောက်ဆုံးCD ကအစGold နဲ့ ထွက်တယ်။ ဝယ်တဲ့ ပရိသတ်တွေလည်း တန်အောင်သေချာကွာလတီကောင်းကောင်းနဲ့ ပိုလုပ်ထားပါတယ်”လို့ ပိုပိုကပြောပါတယ်။
ဒီဒုတိယစီးရီးမှာတော့ ပရိသတ်တွေကလည်း စီးရီးထွက် ထွက်ချင်း ကြိုက်ကြတယ်လို့ အသံတွေ ပြန်ကြားရပြီး အနုပညာအသိုင်း အဝိုင်းကပါ ကြိုက်ကြတဲ့ အ သံ တွေပြန်ကြား ရတဲ့အတွက် ပျော်မိတယ်လို့လည်း ပိုပိုကပြောပါတယ်။ ”ပထမအခွေတုန်းက ကိုယ့်ကို လူ မသိသေးခင်ကာလဆိုတော့ အခွေထွက်ပြီးရင်တော့ အားပေး ရင်လည်း အားပေးမှာ ပါလေဆိုတဲ့ စိတ်လေးပဲရှိတယ်။ ဒီဒုတိယအခွေမှာတော့ ပရိသတ်တွေအားပေးပါစေလို့ပဲ ဆုတောင်းပါတယ်။ အခု ပရိသတ်တွေလည်း ကြိုက်ကြတဲ့ အသံတွေပြန်ကြားသလို အနုပညာ အသိုင်းအဝိုင်းက အစ်ကိုတွေ အစ်မတွေကလည်း ကြိုက်ကြတယ်လို့ အားပေး ကြတော့ ပျော်မိပါတယ်”လို့ ပိုပိုက ဆက် လက်ပြောပြပါတယ်။
ရဲရဲ
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment