ဗီဒီယိုဈေးကွက်ကိုအဖြေရှာစေချင်ကြောင်း မိုခမ်းပြော


အနုပညာရှင်တော်တော်များများဟာ အရင်ကလောက် ဇာတ်ကားရိုက်ကူးရက်မရှိတဲ့အပြင် ဗီဒီယိုဈေးကွက် အနေအထားကလည်း ပျက်နေကြောင်းပြောတဲ့မိုခမ်းက” အခုက အင်တာတိန်းမန့်တွေ တအားများသွားပါပြီ။ ရုပ်ရှင်ဆိုလိုင်းပေါင်းစုံကနေ နိုင်ငံတကာဇာတ်ကားမျိုးစုံကို ကြည့်ရှုနိုင်ပြီ။ ကွာလတီတွေက လည်း ကောင်းကြ တယ်။ ဟိုးတုန်းကဆိုနှစ်ကား၊ သုံးကားပေါင်းပြီး ဗီဒီယိုရုံတွေမှာ ပြကြတယ်။အခွေငှားပြီးကြည့်ကြရတယ်။အခု အဲဒါတွေမရှိတော့ သ လောက်ပါပဲ။ရောင်းမကောင်းတဲ့ အပြင် ခိုးကူးကိစ္စတွေနဲ့ ဗီဒီယို ဈေးကွက်က တော်တော်ပျက်စီးနေကြ တယ်လို့ပရိုဂျူဆာတွေထံကနေ တစ်ဆင့်သိရတယ်။ ဒီတော့အရင်က လောက်ဘယ်လိုမှကို မကောင်း တာတော့ သေချာတယ်။ဒါကိုအဖြေရှာပြီး ကြိုးစားလုပ်ဆောင်ကြစေချင်တယ်” လို့ ပြောပါတယ်။
အနုပညာသက်တမ်း ၂၈ နှစ် အတွင်းမှာဂိုဏ်းစတားပုံစံ ထိုးကြိတ်ခန်း၊အက်ရှင်ဇာတ်ကားတွေပဲ ရိုက် ကူးတာများခဲ့တဲ့ ဝါရင့်သရုပ်ဆောင်မိုခမ်းက”အက်ရှင်လိုင်းထဲမှာ ကားပေါင်းလေးရာကျော် ရိုက်ကူးခဲ့တာပါ။ အများဆုံးက သျှိုင်းအောင်၊ ရဲမင်းပိုင်၊နေထက်လင်းတို့နဲ့ ရိုက်ကူးခဲ့ပါတယ်။အခုကတော့ အမေခန်းကနေ ဆက်တိုက်ရိုက်နေရ ပါတယ်။ ဒါပေမဲ့ထိုးကြိတ်ပြီး ရိုက်ကူးနိုင်သေးတယ်။သရုပ်ဆောင်အလုပ်ကို ဒီလိုင်းနဲ့စခဲ့တာဆိုတော့လေ။ ကိုယ့် ကိုယ်ကိုယ်ယုံကြည်မှုရှိပါသေး တယ်”လို့ ပြောပါတယ်။  သရုပ်ဆောင်မိုခမ်းအနေနဲ့ အသက်၁၅နှစ်အရွယ်လောက်ကတည်းကကျော်ရဲအောင်နဲ့ စတင်သရုပ်ဆောင်ခဲ့ပြီး အသက် ၁၆၊ ၁၇ နှစ်မှာကိုယ့်ဝါသနာနဲ့ကိုယ်ကရာတေး သင်တန်းကို တက်ရောက်သင်ကြားခဲ့ကြောင်းလည်း ပြောပါတယ်။
”မမိုကရာတေးသင်တန်းတက်တော့ ဒါရိုက်တာရဲဝန်ထမ်းဟောင်းတစ်ဦးကနေ ရဲမေနေရာက ဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်း တယ်။ အဲဒီမှာ အခန်းတော့နည်းတာပေါ့။ ဒါပေမဲ့ ထိုးကြိတ်သရုပ်ဆောင်ပြီးတာနဲ့ ဒါရိုက်တာက ခေါင်းဆောင် မင်းသမီးတင်ပြီး ဇာတ်ကားတွေ စတင်ရိုက်ကူးတော့တယ်။ ဒုတိယနေရာ က နှစ် အနည်း ငယ် ရိုက်ခဲ့ရပြီးမှ ခေါင်းဆောင်မင်းသမီးဖြစ်လာတာ။ ကရာတေးဝါသနာပါတော့ အက်ရှင် လိုင်းထဲရောက်သွားတော့ တာပေါ့”လို့ လည်း သရုပ်ဆောင် မိုခမ်းကပြော ပါ တယ်။
ခိုး၊ဆိုး၊လု၊နှိုက်ဇာတ်ကားမှာ အပျိုကြီးမမအဖြစ်ပါဝင်သရုပ်ဆောင်နေတဲ့မိုခမ်းက”အခုရိုက်ကူးနေတဲ့ကားကခိုး၊ ဆိုး၊ လု၊ နှိုက် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ပါ။ မြင့်မြတ်၊ နေဒွေး၊ ထွန်းထွန်း၊ ခင်လှိုင်တို့နဲ့ ရိုက်ကူးထားတာ။ အဲဒီမှာ သူတို့က သူခိုးတွေပေါ့။ မမိုက အပျိုကြီးဆိုတော့ နည်းလမ်းမျိုးစုံနဲ့ မမိုဆီက ခိုးကြတာပေါ့နော်။ ပညာပေးဇာတ်ကားပါ”လို့ပြောပါတယ်။မိုခမ်း အနေ နဲ့ ရုပ်ရှင်ကားကြီး ခြောက်ကားရိုက်ကူးပြီးသွားပြီဖြစ်ပြီးတော့ လက်ရှိမှာလည်း ဇာတ်ကားတွေ ဆက်တိုက်ရိုက် ကူးနေ ပါတယ်။ ဒီနှစ်အတွင်းမှာ ရုပ်ရှင်ဗီဒီယိုလောကက ပြောင်းလဲ သွားကြောင်းနဲ့ဟိုးလွန်ခဲ့တဲ့ ၂၈ နှစ်လောက်ကနဲ့ ဘယ်လိုမှမတူတော့ကြောင်းလည်း ပြောပါတယ်။
”အနုပညာသက်တမ်းက သုံး ဆယ်ဝန်းကျင်ရှိပါပြီ။ဒီတော့ အရင်ကနဲ့တော့ မတူတော့ဘူးပေါ့။ ဟိုးအရင်ကဆွှိုေူနညအ ရှိတဲ့သူ၊ ဝမ်းစာ ပြည့်တဲ့သူတွေကို ရုပ်ရှင်ကုမ္ပ ဏီတွေ ကခေါ်ပြီးတော့ အကောင်းစားမင်းသား၊မင်းသမီးတွေနဲ့ရိုက်ကူးကြတယ်။ ပြီးတော့ ငွေရေး၊ ကြေးရေးလည်းပေးစရာမလိုဘူး။ ရုပ်ရှင်ကုမ္ပဏီ တွေက မတည်ပံ့ ပိုးပေးတယ်။ အခုက ကျတော့ စက်ပစ္စည်းဆိုင်ရာကအစ အကုန်ဈေးကြီးသွား တာလည်း ပါတာပေါ့။ပရိုဂျူဆာတွေ ဘက်က နေကြည့်ရင်လည်းမှန်ပါတယ်။ ပိုက် ဆံတတ် နိုင်တဲ့သူဆို သူရိုက်ကူးတဲ့ဇာတ်ကားက ပြောင်မြောက်တာပေါ့။ အရင်ကနဲ့ အခုကွာတာတွေ အများကြီးပါ”လို့လည်း မိုခမ်းက ပြောပါတယ်။ ဘာပဲဖြစ်ဖြစ် အနု ပညာသမားတစ်ယောက်ဖြစ်တဲ့အတွက် အသက်မသေမချင်း ဘယ်လိုကာရိုက်တာဇာတ်ရုပ်နဲ့ပဲဖြစ်ဖြစ် အနုပညာအလုပ်ကိုဆက်လုပ်ကိုင်သွားမှာပါလို့ လည်းပြောပါ တယ်။မိုခမ်းအနေနဲ့ရန်ကုန်တိုင်း ကြက်ခြေနီအဖွဲ့မှာဓာတ်ခွဲမှူး နည်းပြအဖြစ်နဲ့ပရဟိတအလုပ် တွေကိုလုပ်ဆောင်နေပြီး ကောလိပ်ကျောင်းမီးသတ်တပ်ဖွဲ့နဲ့ပြည် သူတွေ ကိုသင်တန်း ပို့ချပေးနေပါတယ်။
Mဘွယ်
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment