အဆိုတော် လင်းလင်း ၂ဝ၁၅ ရွေးကောက်ပွဲမှာ ဘယ်နေရာက ဝင်ပါမလဲ


အဆိုတော်လင်းလင်းက ပြည်တွင်းမှာ ဖြစ်ပျက်သမျှအရေးကိစ္စ တွေမှာလည်း တတ်အားသရွေ့ ပါဝင်သူဖြစ်ပြီး နိုင်ငံရေးကိုလည်း စိတ်ဝင်စားသူဖြစ်တာကြောင့် မကြာမီရောက်ရှိလာတော့မယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာကော လင်းလင်းဘယ်နေရာကဝင်ပါမလဲဆိုတာကို အများစုက စိတ်ဝင်စားကြပါတယ်။ ဒီအပေါ်မှာလည်း လင်းလင်းနဲ့ဆုံဖြစ်တုန်း မေးခွန်းထုတ်ကြည့်တော့ ”ကျွန်တော်ကတော့ ကျွန်တော့်ခံယူချက်အတိုင်း ရွေးကောက်ပွဲ ဖြတ်သန်းတဲ့ ကာလတစ်လျှောက် ကျွန်တော့်ခံယူချက်၊ ကျွန်တော့်ရပ်တည်ချက်အတိုင်း ကျွန်တော်ယုံကြည်လေးစားရတဲ့၊ မြန်မာနိုင်ငံမှာတစ်ဦးတည်းသော ခေါင်းဆောင်အဖြစ် ကျွန်တော်ယုံကြည်ထားတဲ့အမေစုရဲ့ လုပ် ငန်းဆောင်တာတွေနဲ့ ပတ်သက်ပြီးတော့ပဲ ကျွန်တော်လိုက်ပါပြီးတော့လုပ်သွားမှာပါ။ အမတ်လောင်းဝင် ရွေးဖို့တို့၊ ဘာတို့လောက်အထိတော့ မလုပ်ပါဘူး”လို့ လင်းလင်း က ပြောပါတယ်။
လင်းလင်းက သူ့ရဲ့ နောက်ဆုံးထွက်စီးရီးသံမဏိလိပ်ပြာရဲ့ Music Video ကို ရိုက်ကူးနေတာ ၈ဝရာခိုင် နှုန်းခန့်ပြီးစီးသွားပြီလို့ သိရပါတယ်။ ဒီMusic Video မှာတော့ မြန်မာပြည်ရဲ့ လှပသာယာပြီး လူသိပ်မသိသေးတဲ့ နေရာတွေမှာ အများဆုံး ရိုက်ကူးထားပြီး ချင်းတောင်တန်းတွေ ပေါ်မှာပါ သွားရိုက်ထားတယ်လို့လည်း သိရ ပါတယ်။”Music Video ကို သိပ်မြင်လေ့မြင်ထ မရှိတဲ့နေရာတွေမှာ ရိုက်ထားတယ်။ ပထမဆုံးအခွေ’စဉ်းစားပါ’မှာလည်း မန္တလေးကရှုခင်းတွေကို အားစိုက်ထုတ်ပြီး အကောင်းဆုံးရိုက်ထားတယ်။ ခုဒီအခွေမှာလည်းကျွန်တော်ရောbandအဖွဲ့သားတွေအားလုံး ခရီးတွေထွက်ပြီး ရှုခင်းတွေနဲ့ အကောင်းဆုံး ရိုက်ကူး ထားပါတယ်။  အရင်ပြီးတာကို အရင်ထွက်ဖြစ်မယ်”လို့ လင်းလင်းက ပြောပါတယ်။ လင်းလင်းက သူစီစဉ်နေတဲ့ လူငယ်လူသစ်တန်းတွေရဲ့ သီချင်းသစ်တွေ စုဆောင်းခြင်းများကို လည်း အပြီးသတ်နေပြီဖြစ်ပြီး လူငယ်မျိုးဆက် သစ်တွေရဲ့ စီးရီးခွေကို စီစဉ်ဖို့နီးစပ်နေပြီလို့လည်း သိရပါတယ်။
ရဲရဲ
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment