စင်ကာပူတွင် ပထမဆုံးအကြိမ် ပြုလုပ်နိုင်မည့် မြန်မာ့ရုပ်ရှင် ပွဲတော်ကို နာမည်ကျော် အနုပညာရှင်များ တက်ရောက်မည်


စင်ကာပူနိုင်ငံ တွင် ပထမဦးဆုံး အကြိမ်ပြုလုပ်နိုင်မည် ဖြစ်သော မြန်မာ့ ရုပ်ရှင်ပွဲတော်ကို နာမည် ကျော်မင်းသား၊ မင်းသမီးများ ဖြစ်ကြသည့် အကယ်ဒမီ လူမင်း၊ အကယ် ဒမီ ပြေတီဦး၊ အကယ်ဒမီ မင်းဦး၊ အကယ်ဒမီ ဝတ်မှုံရွှေရည်၊ မိုးဟေကို၊ ဘောလီးဝုဒ် မင်းသမီး လိုင်လာခန်း၊ မိုးပြည့်ပြည့်မောင်၊ အရိုင်းတို့ တက် ရောက် ဂုဏ်ပြုကြ မည်ဖြစ်ကြောင်း သိရသည်။ မြန်မာ ရုပ်ရှင်ပွဲတော်တွင် ‘နင်စေရင်’၊ ‘တိုက်ဆိုင်မှု ရှိလျှင်’ နှင့် ‘ကိုတင့် တို့ စူပါရပ်ကွက်’ ဇာတ်ကား တို့ ရုံတင်ပြသမည်ဖြစ်သည်။
မြန်မာရုပ်ရှင် ပွဲတော်ကို စီစဉ်သူMSCT (Singapore)  ကုမ္ပဏီ၏ ဒါရိုက်တာဦးဇော်ဇော်အောင် က..
”ကျွန်တော်တို့ စင်ကာပူမှာ မြန်မာရုပ်ရှင် ဇာတ်ကားတွေကို ပြသဖို့အတွက် ကြိုးစားရတာမှာ အင်မတန်ကို ခက်ခဲပါတယ်။ သူတို့ က ကျွန်တော် တို့ကို ဟောလီးဝုဒ် ရုပ်ရှင် ကားတွေနဲ့ယှဉ်ပြီးတော့ မေးမြန်းတယ်။ ကျွန်တော်တို့ မြန်မာဇာတ်ကားတွေ ဟာ ခိုင်မာတဲ့ဈေး ကွက်ရှိသလား၊ ဇာတ်ကား အရည် အသွေး၊ အရုပ်နဲ့ အသံ အရည်အသွေး တွေက အစ Copy Right ရှိ၊ မရှိထိအဆုံးကြည့်ပါတယ်။ ကျွန်တော်တို့ အဓိကစဉ်းစားတဲ့ ရည်ရွယ်ချက်က စင်ကာပူနိုင်ငံမှာ လည်း နိုင်ငံခြား ကားတွေ နဲ့နည်းတူ ရုံတင်ပြသခွင့် ရချင်တဲ့ဆန္ဒပါ။ အဲဒီတော့ စင်ကာပူက မြန်မာ ပရိသတ်အင်အား ဘယ် လောက်အထိ ရှိသလဲ ဆိုတာကို ပြသဖို့ ကြိုးစားခဲ့တယ်” ဟုပြောပြ သည်။
အဆိုပါ ရုပ်ရှင်ပွဲတော်ကို စင်ကာပူနိုင်ငံ အခြေစိုက်နည်းပညာ ကုမ္ပဏီ MSCT (Singa pore) နှင့် The Analytics Company (TAC)  တို့က ပူးပေါင်းပြီး ပြု လုပ်ခြင်းဖြစ် သည်။ MSCT (Singapore)  အနေဖြင့် ၂ဝ၁၁ ခုနှစ်တွင် ‘အာဒံရယ်၊ ဧဝ ရယ်၊ ဒဿရယ်’ရုပ်ရှင်၊ ၂ဝ၁၂ ခုနှစ် တွင် ‘ကယန်းအလှ’နှင့် ‘ပန်းကြာ ဝတ်မှုန်’၊ ၂ဝ၁၃ ခုနှစ်တွင် ‘လက်ပံ’၊ ၂ဝ၁၄ ခုနှစ်တွင် ‘စေတန်ရဲ့ကချေသည်’ ဇာတ်ကားတို့ကို ရုံတင်ပြသ ထားနိုင်ခဲ့သည့် အနက် ‘ပန်းကြာဝတ်မှုန်’၊ ‘ကယန်းအလှ’၊ ‘လက်ပံ’၊ ‘စေတန်ရဲ့ ကချေသည်’ ဇာတ်ကားများသည် (DCP)  စနစ်ဖြင့် စင်ကာပူနိုင်ငံတွင် ပြသနိုင်ခဲ့သည့် ဇာတ်ကားများ ဖြစ်လာခဲ့သည်။ ထိုစဉ်အခါ က မြန်မာရုပ်ရှင် ပွဲတော် ဟူသည့် ခေါင်းစည်း တပ်ခွင့်ကို စင်ကာပူနိုင်ငံက ခွင့်ပြုထားခြင်း မရှိသေး၍ Myanmar Film Revolution ဆိုသည့် အမည်ဖြင့်သာ မြန်မာ ရုပ်ရှင် ဇာတ်ကား များကို ပြသ ခွင့်ရခဲ့သည်။
”အဲဒီပြသခဲ့တဲ့ ဇာတ်ကားတွေ ရဲ့ရလဒ်၊ ပရိသတ်ရုံဝင်မှု အခြေ အနေ တွေကို စုစည်းပြီးတော့ ဒီနှစ် ၂ဝ၁၅ မှာတော့ စင်ကာပူ က ရုပ်ရှင် ရုံအုပ်စု တစ်ခုဖြစ်တဲ့ Golden Village Cinema ကို ချဉ်းကပ်ခဲ့တယ်။ သူတို့ ဘက် ကလည်း ဒီဘက်က ရလဒ်တွေ ကိုကြိုက်တော့ ရုံတင်ပြသဖို့ ခွင့်ပြု ပေးခဲ့တယ်။ အဲဒါနဲ့ ‘နင်စေရင်’၊ ‘တိုက်ဆိုင်မှု ရှိလျှင်’၊ ‘ကိုတင့်တို့ စူပါရပ်ကွက်’ ဇာတ်ကားတို့ကို ရုံတင်ဖို့ ရွေးချယ်ဖြစ်ခဲ့တယ်။ စင်ကာပူ ပရိသတ် တွေတောင်းဆိုတဲ့ အတိုင်း ရွေးပေးခဲ့တာပါ။ Golden Village ဆိုတာ က မြန်မာနိုင်ငံ မှာဆိုရင် ‘မင်္ဂလာ ရုပ်ရှင်ရုံ’ အုပ်စုတို့ လိုမျိုး ရုပ်ရှင် အုပ်စုတစ်ခုပါ ”ဟု ဦးဇော်ဇော်အောင် က ပြောပြသည်။ မြန်မာ့ရုပ်ရှင် ပွဲတော်ကို လာမည့် သြဂုတ်လ ၈ ရက်နေ့မှ သြဂုတ်လ ၉ ရက်နေ့ အထိ ပြုလုပ်မည်ဖြစ်ပြီး အနုပညာရှင်တွေ ကတော့ ၇ ရက်နေ့တွင် စင်ကာပူ ကိုရောက်ရှိနေမှာ ဖြစ်သည်ဟု သိရသည်။ သြဂုတ် ၈ ရက်နေ့ ညနေ ၅ နာရီ (စင်ကာပူ စံတော်ချိန်) မှာတော့ ယင်း ရုပ်ရှင် ၃ကားတွင် ပါဝင်သည့် သရုပ်ဆောင်များနှင့် ပရိသတ်များ အမှတ်တရ ဓာတ်ပုံ ရိုက်ကူးမည့် အစီအစဉ် ကို ထည့်သွင်း ပြုလုပ် ထားကြောင်းလည်း သိရသည်။
ထက်လူ
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment