ပွင့်လန်းလာမယ့် နှင်းဆီတစ်ပွင့်ကို အမြစ်ကနေ ဆွဲလှန်လိုက်သလိုပါပဲလို့ အကယ်ဒမီနေတိုးပြော



အွန်လိုင်းပေါ် ရောက်ရှိပျံ့နှံ့သွားခဲ့တဲ့ ကျွန်မကနှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီး အဆိုပါဇာတ်ကားမှာ အဓိကသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ နေတိုးကလည်း သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ ” နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကား အခုလို တရားမဝင်အွန်လိုင်းပေါ်ရောက်ရှိနေခြင်းဟာ မြန်မာ့ရုပ်ရှင် သမိုင်း ပြန်လည်ရှင် သန်နိုင် ဖို့ ငွေကြေးမြောက်မြားစွာ အသုံးပြုခဲ့တဲ့ထုတ်လုပ်သူနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ကြတဲ့ အနုပညာဆိုင်ရာ ဖန်တီးသူများအားလုံးရဲ့ မြန်မာ့ရုပ်ရှင်ကို အဆင့်မီစွာ ကြိုးစားရိုက်ကူးခွင့်ရတော့မှာပါလားဆိုတဲ့ စိတ်ကူးများစွာနဲ့အတူ ပွင့်လန်းလာမယ့် နှင်းဆီတစ်ပွင့်ကို အမြစ်ကနေဆွဲလှန်လိုက်သလိုပါပဲ။ ရှေ့ဆက်ရမယ့် ရုပ်ရှင်လော က အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ စစ်မှန်သော အနုပညာနဲ့ အတူ စစ်မှန်သော အရည် အသွေးနဲ့ ဖန်တီးထားသော ကျွန်တော်တို့ ရင်ထဲက စစ်မှန်သောစေ တနာများ အတွက် အစစ်အမှန်ကိုသာ အားပေးစေလိုပါတယ် ပရိသတ်ကြီးရေ..။ ရုပ်ရှင်အနုပညာကို ပရိသတ်အတွက် ထာဝရကြိုးစားခွင့်ရှိ နေချင်တဲ့…နေတိုး၊ အားလုံး ကို ကျေး ဇူးတင်ပါတယ်” လို့ ရေးသားထားပါတယ်။
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment