နဖူးပေါ်အရေးအကြောင်းတွေ လျော့နည်းစေဖို့ သိထားသင့်တဲ့ အချက်များ





သင့် နားဖူးပေါ်က အရေးအကြောင်းများကြောင့် စိုးရိမ်နေလား။ ဒါတွေက အသက်အရွယ် ရလာပြီဆိုတဲ့ သဘာဝအလျောက်ဖြစ်တဲ့ လက္ခဏာတွေဖြစ်ပါတယ်။ ဒါပေမယ့် အချိန်မတိုင်မီ ဖြစ်ပေါ်လာလို့ စိတ်ညစ်နေရင် သင့်မျက်နှာပေါ် ဖြစ်တဲ့ အဲဒီအရေးအကြောင်းတွေကို လျော့ချဖို့ နည်းလမ်းတချို့ ကြိုးစား လုပ်ဆောင်ကြည့်နိုင်ပါတယ်။
(၁) ရေများများသောက်ပါ
ရေဓာတ်ခန်းခြောက်နေရင် သင့်အသားရေကိုလည်း ထိခိုက်ပါတယ်။ ရေဓာတ် ခန်းခြောက်ခြင်းက အသားရေခြောက်သွေ့စေပြီး အရေပြားတွန့်တွတာတွေဖြစ်လေ့ရှိပါတယ်။ ဒါ့ကြောင့် အမြဲတမ်း ရေများများသောက်ဖြစ်အောင်သောက်ပါ။
(၂) မိတ်ကပ်အောက်ခံ ခရင်မ်တစ်ခုခုလိမ်းပါ
ကိုယ်နဲ့တည့်တဲ့ မိတ်ကပ်အောင်ခံခရင်မ်သုံးတာဟာ အရေးအကြောင်းနဲ့ ပတ်သက်ရင် အထူးအံ့သြဖွယ်ဖြစ်စေပါတယ်။ မျက်နှာအရေးအကြောင်းတွေ ဖုံးကွယ်ပေးပြီး မိတ်ကပ်မှ နဖူးအရေးအကြောင်းမဖြစ်စေအောင် ထိန်းသိမ်းပေးပါတယ်။
(၃) နဖူးပေါ်ဆံပင်ဝဲချထားပါ
အသားရေရှုံ့တွခြင်း သို့ နဖူးအရေးအကြောင်းတွေ မပေါ်အောင် ဆံပင်ကို နဖူးပေါ် ဝဲချထားပါ။ မျက်စိသူငယ်အိမ် အပေါ်နားထိ အရှည်ချထားပါ။
(၄) မျက်နှာအကာ သို့မဟုတ် surgical tape သုံးပါ
ညအချိန်မှာ နဖူး သို့မဟုတ် မျက်စိနှစ်ခုကြား မျက်နှာအကာ သို့မဟုတ် surgical tape တစ်ခုခုအသုံးပြုပါ။ ဒီပစ္စည်းတွေက အရေပြားကို မတွန့်အောင် ထိန်းသိမ်းပေးပြီး အရေပြားကြွက်သားတွေအိကျမသွားအောင် ပုံသွင်း ထိန်းသိမ်းပေးပါတယ်။
(၅) အရေးအကြောင်း ဖုံးဖိပေးတဲ့ ခရင်မ်တွေသုံးပါ (line-plumping creams)
Retinol နဲ့ peptides ပါတဲ့ အလှဆီ တစ်ခုခုသုံးပါ။ အတွန့်ကြောင်းတွေ ပြန်လည်ပြည့်တင်းလာစေပြီး အသားရေ ပိုမိုကောင်းမွန်စေပါတယ်။ နေ့နဲ့ညအချိန်မှာ အသုံးပြုပါ။
Ref: Wellness
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment