ရွှေဖရုံစေ့တွေမှာ ကင်ဆာဆဲလ်တွေ ထိရောက်စွာ ခုခံ ကာကွယ်ပေးနိုင်တဲ့ ဒြပ်ပေါင်းတွေ ပါဝင်ကြောင်း လေ့လာမှုတစ်ခုမှာ တွေ့ရပါတယ်။
ရွှေဖရုံစေ့မှာ ပရိုတိန်း၊ မက်ဂင်းနစ်(စ်)၊ အမျှင်ဓာတ်၊ မက်ဂ်နီဆီယမ် နဲ့ ဖော့ဖော်ရပ်စ် ပေါကြွယ်ဝပါတယ်။ ခုခံအားစနစ်အတွက် အင်မတန်အရေးပါတဲ့ zinc ရာခိုင်နှုန်းမြင့်မားစွာပါဝင်တယ်။
ရွှေဖရုံစေ့တွေဟာ ကင်ဆာရောဂါအမျိုးစုံ ခုခံကာကွယ်ရာမှာ ထိရောက်မှုရှိပြီး အဆီကျစေနိုင်တဲ့ အကျိုးသက်ရောက်မှုတွေလည်း ပါရှိပါတယ်။ သွေးဆုံးချိန်ရောက်တဲ့ အမျိုးသမီးတွေ၊ ရွှေဖရုံစေ နေ့တိုင်းစားပေးတဲ့ အမျိုးသမီးတွေဟာ ရင်သားကင်ဆာရောဂါအန္တရာယ် ၂၃% လျော့နည်းတယ်လို့ လေ့လာမှုတစ်ခုက ဖော်ပြထားပါတယ်။ နေကြာစေ့မှာလည်း ထိုနည်းတူ အကျိုးသက်ရောက်မှုရှိပါတယ်။
ရွှေဖရုံစေ့မှရတဲ့ ဆီဟာ ထိရောက်ပြီး အမျိုးသားတွေ သုတ်ရည်တိုးဖို့ ကုသရာမှာ အသုံးဝင်ပါတယ်။ ယင်းအဆီမှာ ကင်ဆာဆဲလ်ဖြစ်ပွားမှုကို ကာကွယ်ဖို့ phytochemicals နဲ့ antioxidants တွေ ပါဝင်တယ်။ ရွှေဖရုံစေ့ဟာ ကိုယ်အလေးချိန်လျော့ကျဖို့ အဓိကကျတဲ့ ပင်မ ပရိုတိန်း အရင်းအမြစ်ကြီးဖြစ်ပါတယ်။
Ref:healthyfoodstar.com
Source:trend.com.mm
0 comments:
Post a Comment