အဆိုတော်မီမီဝင်းဖေက မေဆွိ၊ ရတနာဦးတို့နဲ့အတူ ရှိုးပွဲကြီးတစ်ခု ကျင်းပသွားဖို့စီစဉ်နေပါတယ်။ ဒီရှိုးပွဲကြီးက သူတို့သုံးယောက်အတွက် အထူးခြားဆုံးပွဲကြီး တစ်ခုဖြစ် လာမှာ ဖြစ်သလို ကြည့်ရှုနားဆင်ကြမယ့် ပရိသတ်တွေအတွက်လည်း ထူးခြားမှုတစ်ခုဖြစ်လာလိမ့်မယ်လို့ မီမီဝင်းဖေက ပြောပါတယ်။ ဒီပွဲကြီးမှာ သီဆိုဖျော်ဖြေသွားမယ့် ပုံစံများနဲ့ပတ်သက်ပြီး မီမီဝင်းဖေက..
” မမီတို့ ၃ ယောက်ပေါင်းပြီး ပြုလုပ်တဲ့ဒီပွဲမှာ သီချင်းမျိုးစုံနဲ့ ဖျော်ဖြေသွားမယ်။ မမီတို့ သူ့သီချင်း၊ ကိုယ့်သီချင်းရယ်လို့ မခွဲဘဲ တစ်ယောက်နဲ့တစ်ယောက် သီချင်းတွေ လည်း ဆို ကြမယ်။ သီချင်းပုဒ်ရေ ၄ဝ ကျော်လောက်ကို သီဆိုသွားမှာပါ။ သီချင်းတွေက အဟောင်းတွေရော၊ အသစ်တွေကိုပါ ထည့်သွင်းသီဆိုသွားမယ်။ အရင်ကသီ ချင်းဟောင်းတွေ ပြန်ဆိုမှာ ဖြစ်သလို မမီတို့ ၃ ယောက်ပေါင်း ပြီး နောက်ဆုံးထွက်ရှိထားတဲ့ အဝေးတစ်နေရာ တေးစီးရီးထဲက သီချင်းအသစ်တွေပါဆိုမယ်။ Group Song လေးတွေပါမယ်။ တစ်ယောက်ကို ဘယ်နှပုဒ်ဆိုရမယ်လို့တော့ သတ်မှတ်မထားဘူး။ တစ်ယောက်သီဆိုနေတဲ့အချိန် တစ်ယောက်က ဝင်သီဆိုဖို့ပါ စီစဉ်ထားတယ်။ ဒီပွဲက အရင်ရှိုးပွဲတွေနဲ့တော့ တူမှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တွေချည်းပဲ စင်ပေါ်ကနေ သီချင်းဆိုပြနေမှာ ထက်လာကြည့်တဲ့ ပရိသတ်တွေနဲ့ အ တူ ပျော်ပျော်ပါးပါး၊ စည်းစည်းလုံးလုံးဖြစ်သွားအောင် ပြုလုပ်သွားဖို့ တိုင်ပင် ထားကြတယ်။ ပရိသတ်တွေ ရဲ့ဘဝအမောတွေကို ဒီပွဲလေးမှာ ခဏ တာ ပြေပျောက်စေ ချင်တဲ့အတွက် မမီတို့ အကောင်းဆုံး ဖြစ်အောင် စီစဉ်ထားတယ်။ ဘာပဲပြောပြော အခုခေတ်က ရှိုးပွဲတွေ လုပ်တဲ့အတိုင်းပါပဲ၊ Rap ဆိုလည်း Rap အလျောက်၊ Rock ဆိုလည်း Rock အလျောက်၊ Pop ဆိုလည်း Pop အလျောက် သူ့ပရိသတ်နဲ့သူ တစ်ခဲနက်အားပေး နေကြတာတွေ့ မြင်နေရတော့ မမီဂုဏ်ယူမိတယ်။ အခု မမီတို့လုပ်မယ့် ပွဲကိုလည်း မမီတို့ကို ချစ်တဲ့ပရိသတ်ကြီး တွေနဲ့စည်ကားစွာ ကျင်းပသွားနိုင်မယ်လို့ မမီယုံကြည်ပါတယ်။ မမီကို အစဉ်တစိုက် အမြဲအားပေးနေတဲ့ ပရိသတ်ကြီးတွေက တစ် ကိုယ်တော် ရှိုးလုပ်ဖို့ တိုက်တွန်းနေကြပေမယ့် တစ်ကိုယ်တော်ဆိုဖို့အတွက် မမီအနေနဲ့ တအားအာရုံစိုက်ရမှာဖြစ်တဲ့အတွက် ဒီပွဲလေးနဲ့ပဲ ကျေနပ်စေချင်ပါတယ်။ ဒီပွဲ အတွက် သီချင်းအားလုံးပြင်ဆင်ပြီးနေပါပြီ။ အရင်က နိုဝင်ဘာလောက်မှကျင်းပဖို့ ရည်ရွယ်ထားပေမယ့် အခုတော့ ဒီထက်စောနိုင်သလောက် စောပြီး ကျင်းပ သွားနို င်အောင် မမီတို့ကြိုးစားနေပါတယ်။ ရှိုးပွဲကို တော့ အမျိုးသားကဇာတ်ရုံမှာပဲလုပ်မှာပါ” လို့ ပြောပါတယ်။
မီမီဝင်းဖေက တစ်ကိုယ်တော် အခွေကိုထုတ်ချင်တဲ့စိတ်ရှိပေမယ့် ဂီတဈေးကွက်အခြေအနေကြောင့် စဉ်းစားနေရတယ်လို့ ပြောပါတယ်။ အခုခေတ်ဂီတလောကက အ သံ ပိုင်းဆိုင်ရာ၊ စက်ပိုင်းဆိုင်ရာတွေမှာ တိုးတက်လာသလောက် ဈေးကွက်အခြေအနေက တအားကြီးကို စုတ်စုတ်ပြတ်ပြတ် ဖြစ်နေပါ တယ်လို့ပြော ပြခဲ့ ပါ တယ်။
ဇင်မာနွယ်
Source:popularmyanmar.com
0 comments:
Post a Comment