‘ဘီးလူး’ ၁ဝနှစ်ကြာပြီးနောက် ‘ကုသ’ဖြစ်သွားတဲ့ ဗေလုဝရဲ့ အကယ်ဒမီခံစားချက်


လွန်ခဲ့တဲ့ ၁ဝ စုနှစ်တစ်ခုက “ဘီလူး” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားထဲက “ဘီလူး” ဆိုတဲ့ အဓိကဇာတ် ကောင်ဇာတ်ရုပ်နဲ့ ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့သူ ဟာသ သရုပ်ဆောင် တစ်ဦးကတော့ ဦးဗေလုဝပါ။ ပရိသတ်တွေဟာ ဦးဗေလုဝကို “ဘီလူး” ဆိုတဲ့ ဇာတ်ကောင်စရိုက် ပီပြင်ခဲ့မှုကြောင့် တအားကို အားပေးခဲ့ကြတယ်။ အဲဒီ “ဘီလူး” ဇာတ် ကား နောက်ပိုင်း ၁ဝ နှစ်ကြာမြင့်ပြီးနောက် ၂ဝ၁၂ ခုနှစ်မှာတော့ “ဤအရာကို အချစ်ဟုခေါ်သလား” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ အဓိကဇာတ်ဆောင် “ကုသ” အဖြစ် ထပ်မံသရုပ်ဆောင်ခွင့်ရခဲ့ပါတယ်။
” ကျွန်တော့်အတွက်ကတော့ အဓိကဇာတ်ဆောင်အနေနဲ့ ဒုတိယဇာတ်ကားပေါ့။ ဒါပေမဲ့ အဓိကဇာတ်ဆောင်ဆိုတာထက် အဲဒီဇာတ်ကားလေးမှာ ပါဝင်တဲ့ တက္ကသိုလ် ဂွမ်းပုံ၊ ခင်လှိုင်၊ ဒိန်းဒေါင်တို့ဟာလည်း ခေါင်းဆောင်တွေပါပဲ။ အနုပညာအရည်အသွေးတွေ ပြည့်ဝကြတယ်။ အဲဒီဇာတ်ဆောင်တွေလိုပါပဲ။ ဇာတ်ပို့ဆိုပေမယ့် အကုန်လုံး လုပ်နိုင်ခဲ့ကြတာ။ သူတို့အကုန်လုံးဟာ ဖြတ် သန်းခဲ့တဲ့ အတွေ့အကြုံတွေအရ ဝါရင့်အနုပညာရှင်တွေ ဖြစ်နေပါပြီ။ သူတို့ဖြတ်သန်းခဲ့မှုတွေက သူတို့အတွက် အကော င်း ဆုံးသရုပ်ဆောင်နိုင်မှု အိုက်တင်တွေကို လုပ်နိုင်ခဲ့တယ်” လို့ ဦးဗေလုဝက သူ့ရဲ့ ဒုတိယ မြောက်ရုပ်ရှင်ဇာတ်ကား “ဤအရာ ကိုအချစ်ဟုခေါ်သလား” ထဲက ပါဝင် သ ရုပ်ဆောင်ကြသူတို့အတွက် မှတ်ချက်ပြုပြောပါတယ်။
အဓိကဇာတ်ကားကိုတော့ ပုပ္ပားဘက်မှာပဲ အညာဒေသ၊ အညာရနံ့၊ အညာရှုခင်းတွေ ပါဝင်စုံလင်စွာနဲ့ ရိုက်ကူးခဲ့ကြတာလည်းဖြစ်ပါတယ်။အဲဒီဇာတ်ကားမှာ အလွမ်း၊ အဆွေး၊ ဟာသ၊ ဒရာမာ၊ ဘဝသရုပ်ဖော်စတဲ့ ဇာတ်ဝင်ခန်းပေါင်းများစွာကို ဟာသသရုပ်ဆောင်တွေ ဖြစ်တဲ့ ဦးဗေလုဝ၊ ခင်လှိုင်၊ ဒိန်းဒေါင်၊ တက္ကသိုလ်ဂွမ်းပုံတို့က အချိုးညီ ညီနဲ့ ပေါင်းစပ်ပြီး မြန်မာဇာတ်ကား ကောင်းတစ်ကားရဲ့ ရသကို ပေးစွမ်းထားနိုင်ခဲ့ပါတယ်။
” အဲဒီလိုဇာတ်ကားကို အကယ်ဒမီရစေတော့ရယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ရိုက်ကြတာမဟုတ်ဘူး။ ကျွန်တော်တို့ ဒီလိုဇာတ်ကားကို ရိုက်ကူးတယ်ဆိုတာ ဇာတ်လမ်းထဲမှာ ပါ ဝင်စီးမျောကြတာ။အနုပညာအပေါ်ကို အခြေခံပြီး ဇာတ်လမ်းဆင်ရိုက်ကြတာပေါ့။ အကယ်ဒမီရနိုင်တယ်၊ မရနိုင်ဘူးဆိုတာကတော့ ကျွန်တော်တို့ ကိစ္စမဟုတ်ဘူး။ အ ကယ်ဒမီဘုတ် အဖွဲ့ဝင်တွေရဲ့အပိုင်းပါ” လို့ ဦးဗေလုဝက အကယ်ဒမီရနိုင်ဖို့ဆိုတဲ့ အနေအထားအပေါ်ကို သုံးသပ်ပြောပြပါတယ်။
“ဤအရာကို အချစ်ဟုခေါ်သလား” ဇာတ်ကား ရိုက်ကူးအပြီး ၂ နှစ်ခန့်အကျော် အခု ၂ဝ၁၅ ခုနှစ်ထဲမှာတော့ ဦးဗေလုဝဟာ သူ့အတွက် အဓိကဇာတ်ဆောင်အဖြစ် တတိ ယမြောက်ရုပ်ရှင်ဇာတ်ကားဖြစ်လာတဲ့ “ကြိုးနှင့်ချည်ထားသော ဗာရာဏသီ” ရုပ်ရှင်ဇာတ်ကားကို ထပ်မံရိုက်ကူးခွင့်ရခဲ့ပြန်ပါတယ်။ အဲဒီဇာတ်ကားကတော့ ဦးဗေလုဝရဲ့ ကိုယ် ပိုင်ဝတ္တုကို ပြန်လည်ပုံဖော် ရိုက်ကူးတဲ့ ဇာတ်ကားဖြစ်လာတဲ့အပြင် ကိုယ်တိုင်လည်း အဓိကဇာတ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ခွင့်ရလာခဲ့တဲ့ ဇာတ်ကား တစ် ကား အဖြစ် မှတ်တမ်းတင်ထားလို့ ရနိုင်ပါတယ်။
” အခုလိုမျိုး အဓိကဇာတ်ဆောင်အနေနဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးခွင့်ရခဲ့တဲ့အပေါ်ကို ကျေးဇူးတင်ပါတယ်။ ဘာပဲပြောပြောပေါ့ဗျာ၊ ဒါဟာ ဘဝအတွက် မှတ် တိုင်လေးတွေပါ။ တစ်ချိန်မှာ အစ်ကို့ရဲ့သားသမီးတွေကို ပြောပြလို့ရတာပေါ့။ သူတို့လည်း သိသွားတာပေါ့။ ငါတို့အဖေဟာ အနုပညာပိုင်းမှာ သူအခုလိုကြိုးစား လုပ်ေ ဆာင်သွားဖူးပါလားပေါ့။ အမြတ်အစွန်းကတော့ အဲဒါပါပဲ။ ပြီးတော့ ပြည်သူတွေ စိတ်ကြိုက်ဖြစ်ခဲ့မယ့် ဇာတ်ကားတွေလို့လည်း ထင်မိပါတယ်” လို့ ဦးဗေလုဝကဆိုပါတယ်။ ဦးဗေလုဝဟာ သူ့ရဲ့ပထမဦးဆုံး အောင်မြင်ကျော်ကြားခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား “ဘီလူး” ကို အခုနှစ်ထဲမှာ ဇာတ်လမ်းတွဲအဖြစ် တစ်ဖန်အသက်သွင်းဖို့ ရိုက်ကူးလျက် ရှိနေေ သ်ာလည်း လက်ရှိအခြေအနေမှာတော့ အဲဒီဇာတ်လမ်းတွဲကို အကြောင်းကြောင်းကြောင့် ခဏရပ်တန့်ထားတယ်လို့လည်း ပြောပြထားခဲ့ပါတယ်။
ထက်လူ
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment