တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား ၃ ဦး ကို ကိုယ့်ခြေထောက် ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ အထိ ထောက်ပံ့ပေးသွားမယ့် မိုးစက်ဝိုင်


မိုးစက်ဝိုင် ပညာသင်စရိတ် ထောက်ပံ့ပေးထားတဲ့ မနန်းဝင်းကြည်၊ မတင်တင်ထွေး နဲ့ မောင်ဆန်းသစ်ဝေ တို့ ၃ ဦး အခုနှစ် တက္ကသိုလ် ဝင်တန်း စာမေးပွဲ မှာ အောင်မြင် ခဲ့ပြီး မနန်းဝင်းကြည်က ဘောဂဗေဒ ဂုဏ်ထူးတစ်ဘာ သာဖြင့် အောင်မြင်ခဲ့ကြောင်း သိရပါတယ်။ မိုးစက်ဝိုင်က ဆိပ္ဖူးတောင် လူငယ် ဖွံ့ဖြိုးရေးကျောင်း ဆရာတော် နဲ့ တိုင်ပင်ကာ အဲဒီကျောင်းက လူငယ် ၃ဦး ကို ရွေးချယ် ခဲ့တာဖြစ်ပြီး ပြင်ဦးလွင်က စိုးစံဘော်ဒါမှာ ပညာသင်ကြားစေခဲ့ တာဖြစ်ပါတယ်။ အခုလို သူတို့တွေ စာမေး ပွဲအောင်မြင်တဲ့ အတွက် ဝမ်းသာ ပီတိဖြစ်ရပုံကို မိုးစက်ဝိုင်က “မိုးစက်က သူတို့ကို အကောင်းဆုံးဖြစ်စေချင် တယ်။ အခြေခံ ကတော့ မတူညီတာ သိတယ်။ ဒါပေမဲ့ ဘော် ဒါဆောင်ကို ရွေးတာ ကလည်း မတူညီတဲ့ အခြေခံကိုပဲ ကောင်းကောင်းမွန်မွန် ဂရုစိုက်ပေး နိုင်ဖို့၊ အပေါင်းအသင်း ကောင်းလေးတွေ ရရှိဖို့၊ နောင်မှာ သူတို့ အလုပ်လုပ် ခဲ့သည် ပဲဖြစ်ဖြစ်၊ သူတို့ Career ပိုင်းဆိုင်ရာမှာ သူတို့ကို အကူအညီ ပေးနိုင်မယ့် သူတွေ ရှိစေချင်တယ်။ အဲဒီလို ရည်ရွယ်ချက်တွေ အများကြီးနဲ့ ထားခဲ့တယ်။ ဒါပေမဲ့ စိုးရိမ် စိတ်တော့ ရှိတာပေါ့။ သူတို့က ဘုန်းကြီးကျောင်း မှာပဲကြီးပြီး တခြားနေရာလည်း မရောက်ဖူးဘူး ဆိုတော့ စစချင်းတုန်းက သူတို့ ငိုကြတယ်။ ကောင်လေး ဆို မပျော်ဘူး။ ဒါပေမဲ့ နောက်ဆုံး မှာ သူတို့စာမေးပွဲ အောင်သွားတော့ ပျော်တယ်။ မိုးစက် အပင်ပန်းခံ ခဲ့သမျှတွေ အတွက် အရာ ရာက တန်တယ်ပေါ့။ သူတို့ကို ဆက် လုပ်ပေးဖို့ ကိုယ့်မှာ တာဝန်ရှိတယ်လို့ ခံစားရပါတယ်။ သူတို့တွေကို တက္ကသိုလ် ဆက်ထားပေးမှာပါ”လို့ ပြောပါတယ်။
မိုးစက်ဝိုင်က ဒီကလေး ၃ ယောက် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ် တည်ပြီး လုပ်ငန်းခွင်ဝင်နိုင်တဲ့ အထိ ဆက်လက် ထောက်ပံ့ပေး သွားမှာဖြစ်ပါ တယ်။ သူတို့ ၃ ဦးရဲ့ ပညာရေးပိုင်း ဆိုင်ရာကို ဆက်လက်ထောက်ပံ့ ပေးဖို့အတွက် ဆိပ္ဖူးတောင်ကျောင်း မှ ဆရာတော် နဲ့တိုင်ပင်ရဦးမှာဖြစ်ကြောင်း မိုးစက်ဝိုင် ကပြောပါတယ်။ မနန်းဝင်း ကြည် နဲ့ မောင်ဆန်းသစ်ဝေတို့ ဘော်ဒါ ဆောင်ကပေးတဲ့ စည်းကမ်းကောင်း ဆုတွေရလို့ ဝမ်းသာ ပီတိဖြစ်ရကြောင်း မိုးစက်ဝိုင်က ပြောပါတယ်။
ခိုင်ဝေလွင်၊
ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment