မြန်မာနိုင်ငံတော် သီချင်း ဆိုကတည်းက ကြည့်နေရင်း နဲ့ မျက်ရည်ဝဲ မိတယ် ဆိုသူ ခင်ဝင့်ဝါ


ခင်ဝင့်ဝါက Myanmar Media 7 က ရိုက်ကူးတဲ့ မြန်မာ ဘောလုံး အသင်းကို ဂုဏ်ပြုတဲ့ ဇာတ်လမ်းတိုမှာ ပါဝင် သရုပ်ဆောင် ခဲ့ပါတယ်။ လတ်တလောမှာ လည်း မြန် မာဘောလုံး အသင်း ယှဉ်ပြိုင်ကစားတဲ့ ဘောလုံးပွဲတွေ ကိုလည်း အားပေး ကြည့်ရှုဖြစ်ပြီး မြန်မာ ဘောလုံးသမားတွေ အတွက် ဂုဏ်ယူစွာနဲ့ ဇာတ်လမ်း တိုကို ရိုက် ကူးကြောင်း ပြောပါတယ်။
“မြန်မာ U-20 အသင်း ပထမဆုံး ကန်တဲ့ USA နဲ့ပွဲ ကို ကျွန်မ ဘန်ကောက် ရောက်နေတော့ ကြည့်လို့ မရဘူး။ ဒါပေမဲ့ အွန်လိုင်းကနေ ကြည့်တယ်။ ပရိသတ်တွေပြောပြ တာ နဲ့တင် အားပေးခဲ့ရတယ်။ U-23 ကန်တဲ့ပွဲတွေကိုတော့ အစအဆုံး အားပေးဖြစ်တယ်။ စင်ကာပူနိုင်ငံမှာ သွားကန်တာ ကန်တဲ့ပွဲ တိုင်း နိုင်တာ များတယ်။ နိုင်တော့ တအားပျော်တယ်။ သူတို့ အတွက်လည်း ဝမ်းသာတယ်။ မြန်မာလူမျိုး ဖြစ်ရတာလည်း ဂုဏ်ယူပါတယ်။ ဘောလုံးပွဲ စပြီး မြန်မာနိုင်ငံတော် သီချင်းဆို ကတည်းက ကြည့်နေ ရင်းနဲ့ ကြက်သီးထတယ်။ မျက်ရည်တောင်ဝဲ မိတယ် ။မြန်မာအသင်းကို ဆက်ပြီးအားပေးနေမှာပါ”လို့ပြောပါတယ်။
ခင်ဝင့်ဝါက အောင်ရဲလင်း နဲ့အတူ မေလ ၂၆ ရက်နေ့က ဘန်ကောက်မှာ ၆ ရက်ကြာ ကြော်ငြာ သွားရိုက်ကူးခဲ့ပါတယ်။ ကြော်ငြာ ဓာတ်ပုံရိုက်ကူး ခဲ့သလို တီဗီကြော်ငြာ ကိုလည်း ရိုက်ကူးခဲ့ ကြောင်းပြောပါတယ်။ ဘန်ကောက် ရိုက်ကူးရေး အဖွဲ့များနဲ့ ဒုတိယ အကြိမ်မြောက် ကြော်ငြာ ရိုက်ကူးခြင်းဖြစ်ကြောင်းကို ခင်ဝင့်ဝါက
“ပထမတစ်ခေါက် က ခေါင်းလိမ်းဆီ ကြော်ငြာရိုက်တယ်။ ဒါက ဒုတိယ တစ်ခေါက်ပါ။ သူတို့ဘက်က တအား Warmly  ဖြစ်တယ်။ သူတို့နဲ့ Idea တွေ ဖလှယ်တယ်။ ရိုက်ကွင်းပေါ်မှာ လည်း တအား ဂရုစိုက်တယ်။ ပျော်ဖို့ ကောင်းခဲ့ပါတယ်။ အလုပ် နဲ့ ဆိုတော့ အလုပ်ကိုပဲ အာရုံ စိုက်ဖြစ်တော့ ဘယ်မှလည်း လျှောက် မလည်ဖြစ်ပါဘူး” လို့ ပြောပါတယ်။ အောင်ရဲလင်း၊ ဇေရဲထက် တို့နဲ့ ဗီဒီယို ဇာတ်ကားများ ဆက်တိုက် ရိုက်ကူးဖို့ ရှိပြီး သီချင်းဆိုဖို့ အစီအစဉ် မရှိသေးကြောင်း ခင်ဝင့်ဝါက ပြောပါတယ်။
ခိုင်ဝေလွင်
ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment