ဖေ့စ်ဘုတ်မှာ နာမည်ကြီးနေတဲ့ စာရေးဆရာမ ရွှေရေးထင်ထင် ရဲ့မိခင်ဒေါ်ရွှေဖြူက သမီးဖြစ်သူနဲ့ ပတ်သက်တဲ့ နာမည်ကြီး ရခြင်း အကြောင်း ကို ”ရေပန်းစား တယ်၊ ခေတ်စားတယ် ဆိုတာက အမျိုးမျိုး ရှိပါတယ်။ ဖေ့စ်ဘုတ် ဆိုတာကို လူမှုကွန်ရက် တစ်ခုလို့ အန်တီတို့က သတ်မှတ်တယ်။ အဲဒါကြောင့် သမီးကို အသုံးပြုဖို့ အန်တီ ခွင့်ပြုတယ်။ လူကောင်းတွေလည်း ရှိကြပါတယ်။ သူတို့ ဆန္ဒနဲ့ မကိုက်ညီတဲ့အခါမှာ လူတွေက အဆိုးမြင်တတ်ကြ တာတွေရှိတယ်။ ကောင်းတဲ့သူ ရှိသလို မကောင်း တဲ့သူတွေ လည်း ရှိကြတယ် ဆိုတာကို အန်တီက သွန်သင် ဆုံးမဖြစ်တယ်။ သမီးကလည်း အန်တီပြောစရာ မလိုလောက်အောင် လိမ္မာပါတယ်။ သူ ကအေးအေးဆေးဆေး ပဲနေတတ်တယ်။ ဘုရားတရား နဲ့ နေတတ်တယ်။ မနက်မိုးလင်းတိုင်း သူပရိတ်ရွတ်တယ်။ သူ့ကိုကိုယ်စောင့်နတ် က စောင့်ရှောက် ပါလိမ့် မယ်”လို့ ပြောပြပါတယ်။
ရွှေရေးထင်ထင် က စာပေကိုပဲ အဓိကထားတဲ့ အတွက် စာပေနဲ့ပဲသူ့ကို နာမည်ကြီးစေချင်ကြောင်း၊ သားအမိနှစ်ယောက်စလုံး ရဲ့ စိတ်မှာစာပေ ပဲရှိကြောင်း ကို ဒေါ်ရွှေဖြူ က ပြောပါတယ်။
ရွှေရေးထင်ထင် ရဲ့ အနုပညာ ပံ့ပိုးပေးမှုအကြောင်းကို မိခင် ဒေါ်ရွှေဖြူက ”သူ ငယ်ငယ်တုန်း ကတော့ အန်တီသူ့ကိုကြော်ငြာတွေ ဘာတွေ ရိုက်ဖို့ပြောတယ်။ အသိထဲမှာ လည်း အနုပညာ သမားတွေနဲ့ ရင်းနှီးတယ်။ ဒါပေမဲ့သူက လုံးဝဝါသနာမပါဘဲ ကန့်ကွက်တဲ့ အတွက် အန်တီသူ့ကို ခြိမ်းလားခြောက်လား နဲ့ကို ရိုက်ခိုင်းခဲ့ ဖူးတယ်။ သူက လုံးဝကို ကန့်ကွက်ပြီး သဘောမတူတဲ့ အတွက် အန်တီ မတိုက်တွန်းတော့ဘူး။ သူစာရေးတာကို ပဲ အန်တီ အများကြီး ပံ့ပိုးပေးမယ်။ စာပေကြောင့် လူသိများ လာတာကို ပဲ လိုချင်ပါတယ်။ အခုလည်း ဝတ္ထုရှည် ထုတ်ဖို့ အတွက် အန်တီတို့ ကြိုးစားနေပါတယ်။ သူဖြစ်ချင်တာကို ပံ့ပိုးပေးသွားမယ်။ မိခင်ရဲ့ မေတ္တာ ကတော့ မိခင်တိုင်းမှာ အတူတူပဲလို့ အန်တီ ယုံကြည်ပါတယ်။ ” လို့ ပြောပါတယ်။
မိခင်ဒေါ်ရွှေဖြူ က သမီးအတွက် အစစအရာရာ စီစဉ်ပေးပြီး ဝတ်စုံအားလုံးကို ကိုယ်တိုင် ချုပ်ပေးသလို ဖိနပ်လေးတွေကို လည်း ကိုယ်တိုင် Hand Made လေး လုပ်ပေးတယ် လို့ပြောပါတယ်။
လွင်လွင်ထွန်း
Source:popularmyanmar.com
0 comments:
Post a Comment