ဒုက္ခသံသရာထဲမှာ ရွှေရည်သိန်းတန်ရဲ့ အေးချမ်းအောင်နေနည်း


ဘာသာတရားကို ရိုသေကိုင်းရှိုင်း ပြီး ဆည်းကပ်ကိုးကွယ်တာဟာ ကောင်းမြတ်တဲ့မင်္ဂလာတစ်ပါးပါ။ စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်း စတဲ့ ပကတိအကျိုး တရားများ အပြင် ပစ္စုပ္ပန်၊အနာဂတ်နှစ်ခုစလုံးမှာပါ ကောင်းကျိုးချမ်းသာကို ယူဆောင် ပေးစေပါတယ်။ ဒါကြောင့်ဘာသာ ရေးနဲ့ ပတ်သက်လို့ အလေး ထား ဆောင် ရွက်ဖြစ်နေတဲ့ တေးသံရှင် ရွှေရည်သိန်းတန်ကို သူနေ့စဉ်မပြတ် ဆောင်ရွက်တဲ့ ဘုရားဝတ်ပြု ပုံတွေ၊ ဘာဝနာပွားများပုံတွေနဲ့ဘာသာ တရားကိုးကွယ် ဆည်းကပ်မှုက သူ့ ဘဝရဲ့ အရေးကြီးဆုံးအခန်း ကဏ္ဍမှာ ဘယ်လောက်အထိ ပါဝင်သလဲ ဆိုတာ မေးမြန်းဖြစ်ခဲ့ပါတယ်။
မြတ်စွာဘုရားရဲ့ဝေယျာဝစ္စနဲ့ ဝတ်ပြု ခြင်းကို နေ့စဉ်ဆောင်ရွက်
”အမြဲတမ်းမနက်ခင်းတိုင်း သောက်တော်ရေ၊ ဆွမ်း၊ ဆီမီးကပ်ပြီး၊ မြတ်စွာဘုရား တရားဦးဟောကြားခဲ့တဲ့ ဓမ္မစကြာကို ရွတ်ဖတ်ပြီး အမျှဝေပါ တယ်။ ပြီးရင် တစ်နေ့တာ အလုပ်ကိစ္စတွေလုပ်ရင်း မေတ္တသုတ်ကို ဂြိုဟ်သက် အလိုက် ရွတ်ဖတ်ပါတယ်။ နောက်ပြီး နေ့စဉ် တာလီ (သို့မဟုတ်) ပုတီးလေးနဲ့ မြတ်စွာဘုရားဂုဏ်တော် ၁ဝဝဝ၊ သမ္ဗုဒ္ဓေ ၁ဝဝဝ နေ့စဉ်ရွတ်ဖတ်ပါတယ်။ ညဘက်ရောက်တာနဲ့ ပဋ္ဌာန်းဒေသနာတော်အကျယ်ကို ရွတ်ဖတ်ပြီး မေတ္တာ ပို့ပါတယ်။ ဒါရွှေရည်နေ့စဉ်လုပ်နေကျ အဓိဋ္ဌာန်တွေ ပါပဲ”

အချိန်နှင့်အမျှအကျိုးပေးပြီးအေးချမ်းစေ     
”ခရီးသွားလို့ ဘုရားစင်ရှေ့မရောက်တောင်မှ မပျက်ဖို့ ဂရုပြုပါတယ်။ ဝါတွင်းပွဲနားချိန်မှာတော့ ၉ရက် အဓိဋ္ဌာန်နဲ့ ရွှေတိဂုံဘုရားကြီးမှာ ဆွမ်း ကပ်ရင်း ပဋ္ဌာန်းရွတ် ဖတ်ဖြစ်ပါတယ်။ အဲဒီအကျိုးကျေးဇူးတွေကတော့ ရွှေရည် ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ အကျပ်အတည်းတွေ၊ ကိုယ်စိတ်ဆင်းရဲမှုတွေ၊ ပူလောင်ခြင်းတွေက လွတ်မြောက် လာခဲ့ ရခြင်းတွေပါပဲ။ အပ်ချလောင်းဆိုပြီး လုပ်ယူလို့မရပေမယ့်အချိန်နှင့်အမျှအကျိုးပေးပြီးအေးချမ်းစေပါတယ်လို့ ရွှေရည်အာမခံပါတယ်”
ဘာသာတရားက ဘဝတစ်လျှောက်လုံး အရေးပါ
”ဘာသာတရား ကိုးကွယ်မှုမှာ ၂မျိုးရှိပါတယ်။ မိရိုးဖလာအရကိုးကွယ်ခြင်း၊အမှန်တကယ်သိမြင်နားလည်မှုကြောင့် ကိုးကွယ်ခြင်းပါပဲ။ဘဝမှာ အမှန်တကယ်နာ ကျင်ထိတ် လန့်စရာတွေ့ကြုံဖူးတဲ့သူတိုင်း ဆောက်တည်ရာမရခြင်းနဲ့အတူအားကိုးရာရှာတတ်ကြပါတယ်။ အဲဒီလို အားကိုးရင်းနဲ့လက်တွေ့အေးချမ်းမှုတွေကြုံလာရင်းအမှန် တ ကယ်ယုံကြည်ခြင်းကို ရရှိနိုင် စေပါတယ်။ဘယ်လောက်အရေးပါသလဲဆိုတာက လူ့ဘဝမှာ အသက်ရှင်နေသမျှ လောကဓံ၊အနိမ့်အမြင့်ကိုလူတိုင်းကြုံတွေ့ကြရမှာမို့ ဒီ ဒုက္ခသံသရာက အပြီးမလွတ်တောင်မှ အေးချမ်းအောင် မိမိစိတ်ကို ထိန်းကျောင်းမွေးမြူတတ် လာစေတာကြောင့် ဘဝတစ်လျှောက်လုံး အရေးပါပါတယ်”
မျိုးမောင်
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment