ဖောက်ပြန်သည် အထင်ဖြင့် ဇနီးဖြစ်သူအား ဓားဖြင့်ခုတ်သတ်


 ကောလင်းမြို့နယ်၊ ညောင်ပင်သာ ကျေးရွာတွင် ခရီးတစ်ထောက် ရပ်နားစဉ် ဇနီးဖြစ်သူမှ ဖောက်ပြန်သည်ဟု ထင်ကာ ခင်ပွန်းဖြစ်သူက ယခုလ (၂၃)ရက်နေ့၌ ဓားဖြင့် ခုတ်သတ်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အဆိုပါ လင်မယား နှစ်ယောက်သည် ရှမ်းပြည်နယ် မြောက်ပိုင်း၊ မဘိန်းမြို့ ဇာတိဖြစ်ပြီး မြ၀တီမြို့သို့ သွားရောက်ကာ အရောင်းအ၀ယ် လုပ်ငန်းများ လုပ်ကိုင်လျှက်ရှိရာမှ ယခုလ( ၂၁) ရက်နေ့၌ နေအိမ်သို့ ပြန်လာစဉ် ခင်ပွန်းဖြစ်သူ ကို.....မှာ ငှက်ဖျားရောဂါ ထလာသည့်အတွက် ကားပေါ်မှဆင်းခဲ့ပြီး ကောလင်းမြို့၊ ညောင်ပင်သာ ကျေးရွာရှိ ဦးမောင်အောင်ပိုင် လယ်စောင့်တဲအတွင်း၌ တည်းခိုနေခဲ့ကြောင်း  ပထမ သတင်းပေးချက်အရ သိရသည်။

 ယင်းသို့ တည်းခိုနေစဉ် ယခုလ (၂၃) ရက်နေ့ နံနက်(၁၀) နာရီအချိန်၌ နေမကောင်းဖြစ်နေသည့် ခင်ပွန်းမှာ ၎င်းဇနီးသည်နှင့် စကားများရန်ဖြစ်ပြီး ဇနီးသည်အား ၎င်းတို့ လိုက်ပါစီးနင်းလာသည့် ကားဆရာဖြင့် ပြစ်တင် စွပ်စွဲသည့်အပြင် ဖောက်ပြန်သည် အထင်ဖြင့် အနီးရှိ ငှက်ကြီးတောင်ဓားဖြင့် ခုတ်ခဲ့ရာ ဇနီးဖြစ်သူ မ........ (၂၈) နှစ်မှာ လည်ကုပ်ပြတ်သည့် ဒဏ်ရာဖြင့်  အခင်းဖြစ်သည့်နေရာ၌ သေဆုံးသွားခဲ့ကြောင်း မှူခင်းမှတ်တမ်းများအရ သိရသည်။

 ယင်းသို့ ဇနီးဖြစ်သူအား ဖောက်ပြန်သည် အထင်ဖြင့် ဓားဖြင့် ခုတ်သတ်ခဲ့သည့် ခင်ပွန်းအား ကောလင်းမြို့မရဲစခန်းမှ (ပ) ၂၂၂/ ၂၀၁၅၊ ပြစ်မှူဆိုင်ရာ ဥပဒေ ပုဒ်မ-၃၀၂ ဖြင့် အမှူဖွင့် အရေးယူထားကြောင်းကို တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

The Messenger Media
http://www.messengernewsjournal.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment