မြောက်အာဖရိက ဒေသမှာ အကြမ်းဖျက်တိုက်ဖျက်ရေး မူတွေ မအောင်မြင်


ဆာဟေးလ် ဒေသ လို့ ခေါ်တွင်တဲ့ ဆာဟာရ ကန္တာရ ကနေ ဆူဒန် ဆာဗားနား မြက်ခင်းပြင် ဒေသ အထိ အာဖရိက တိုက် မြောက်ပိုင်း နယ်မြေ တွေ မှာ ထားရှိတဲ့ အနောက်နိုင်ငံ တွေ ရဲ့ အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေး မူဝါဒ တွေ ဟာ မအောင်မမြင် ဖြစ် နေတယ် ဆိုပြီး နိုင်ငံတကာ အကြပ်အတည်း ပြဿနာ တွေ ကို စောင့်ကြည့် လေ့လာရေး အဖွဲ့ ICG က သတိပေး ပြောကြား လိုက် ပါတယ်။

အကြမ်းမဖက်တဲ့ အစ္စလာမစ် အုပ်စု တွေ ကို ဂျီဟာ့ဒ် ဝါဒီ တွေ ဖြစ်လာ နိုင်တယ် ဆိုပြီး အနောက် နိုင်ငံ တွေ ရဲ့ တံဆိပ် ကပ် မှု ဟာ၊ တကယ် အကြမ်းဖက် အုပ်စု တွေ အသွင် ပြောင်း လဲ သွား စေနိုင်တယ် လို့ အဲဒီ့ ဘရပ်ဆဲလ် အခြေစိုက် ICG အဖွဲ့က ပြောပါတယ်။

နီဂျဲ၊ ချာ့ဒ် နဲ့ လစ်ဗျား နိုင်ငံ တွ က လူငယ် တွေ အတွက် ပညာရေး နဲ့ အလုပ်အကိုင် အခွင့်အရေး တွေ နည်းပါး နေမှု ပမာဏ ကြီးထွား လာသလို အဲဒီ့ လူငယ် တွေ အနေနဲ့ သက်ဆိုင်ရာ နိုင်ငံ တစ်ခု ချင်း စီ အပေါ် မှာလည်း သစ္စာ ခံ မှု လျော့ကျ လာ နေတယ် လို့ ICG က သုံးသပ် ထား ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment