ကမ္ဘာ ပေါ်တွင် ရေနှင့်ပတ်သက် သော ရင်းနှီး မြှုပ်နှံ မှုများတွင် အစိုးရ များ၏ အာရုံစိုက် မှုနည်းပါး နေဟု IMF က ပြောဆို


ဝါရှင်တန် ဇွန် ၂၄

ရေနှင့် ပတ်သက်၍ ရင်းနှီးမြှုပ်နှံ မှုများတွင် ကမ္ဘာပေါ်ရှိ အစိုးရများ အာရုံစိုက်မှု နည်းပါး နေကြောင်း ကမ္ဘာ့ ငွေကြေး ရန်ပုံငွေ အဖွဲ့ကြီး (IMF) ပြောဆိုလိုက်သည်။ အစိုးရ အရာရှိများ သည်ရေကူး ကန်များ အတွင်း ရေအပြည့် ထားရန် ဝန်မ လေးကြပေ။

ထို့ပြင် ဂေါက်ကွင်း များရှိ မြက်ခင်းများ စိမ်းလန်း နေစေရန် ရေသုံးစွဲ မှုတွင် မည်သည့် စကားမျှ မပြောကြ သော်လည်း လယ်သမားများ စိုက် ပျိုးရေးအတွက် ရေလို အပ်နေမှု တွင် ဥပဒေ အမျိုးမျိုးဖြင့် ကန့်သတ် နေတတ် ကြောင်း ဝေဖန်ပြော ဆိုသည်။

 The World Resources Institute မှ ရေဘက် ဆိုင်ရာ ကျွမ်းကျင် သူများက ယနေ့ ကမ္ဘာ ပေါ်တွင် မိမိတို့ ရှိသမျှ ရေ၏ ၈ဝ ရာခိုင် နှုန်းကျော်ကို ထင်သလို သုံးစွဲ နေသော နိုင်ငံပေါင်း ၃၆ နိုင်ငံ ရှိနေပြီး ၂ဝ၃ဝ ပြည့်နှစ် ရောက်လျှင် ရေဒုက္ခကို ပထမဆုံး တွေ့ကြုံရ ဖွယ်ရှိ ကြောင်း ရှင်းပြသည်။

 အာဖရိက တိုက်မှ ယီမင်နိုင်ငံ နှင့် အမေရိကန် နိုင်ငံမှ ကယ်လီဖိုး နီးယား ပြည်နယ် တို့တွင် ရေနှင့်ပတ် သက်၍ လက်တွေ့ အခက်အခဲများ ကြုံတွေ့ နေရသည် ကို သင်ခန်းစာ ယူကြရန် ၄င်းအဖွဲ့ ကြီးက သတိပေး ထားသည်။ ရေနှင့် ပတ်သက်၍ စင်ကာပူ နိုင်ငံကို အတုယူ ကြရန် လည်း တိုက်တွန်း ထားရှိသည်။

ကမ္ဘာကြီး တွင်ရေကို ချွေတာ သုံးစွဲ နေကြရ သော အချိန် ကာလများ ဖြတ်သန်း လာခဲ့ကြသည် မှာ ကာလမနည်း ကြာမြင့် ခဲ့ပြီးဖြစ် သည်။ ယခု တစ်ဖန် ကမ္ဘာ့ ရာသီ ဥတုက ဖောက်ပြန်လာရာ ရေအသုံး နှင့် ပတ်သက်၍ အခြေ အနေများ က ပိုမိုမသက် မသာ ဖြစ်လာရသည်။

 ယခင် ကာလများ ကတည်းက ကမ္ဘာပေါ်ရှိ လူဦးရေ ၁ဝ ရာခိုင်နှုန်း တို့တွင် သောက်သုံးရေ သန့်သန့် မလုံ မလောက်ဖြင့် နေထိုင်ခဲ့ ကြရ ပြီး ကမ္ဘာ့ လူဦးရေ၏ သုံးပုံတစ်ပုံ တို့ အနေဖြင့် မိလ္လာ ကိစ္စများတွင် အလွန် ရေရှားပါး နေသည်။

သို့ဖြစ်၍ အမေရိကန် နိုင်ငံ ဝါရှင်တန် မြို့တော်မှ ရေဘက်ဆိုင်ရာ ကျွမ်းကျင်သူ များက ရေရှား ပါးလာပြီ ဖြစ်ကြောင်း မြို့တော်သူ၊ မြို့တော်သား များကို သတိပေး ထားသည်ဟု သိရသည်။

Pyi Chit thar
http://www.pyichitthar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment