သံတွဲ ငပလီသောင်ပြင်တွင် ခေါင်းမပါသော ရုပ်အလောင်းတွေ့


သံတွဲ၊ ဇွန် ၂၅

သံတွဲမြို့နယ် ငပလီမြို့ ဇီးဖြူကုန်းရပ်ကွက် CBဘဏ် နောက်ဘက် သဲသောင်ပြင်တွင် ဦးခေါင်း မပါသော အမည်မသိ အလောင်းတစ်လောင်းကို ဒေသခံများက တွေ့ရှိခဲ့ရသည်ဟု သတင်းရရှိသည်။

အလောင်းကို ဇွန်လ၂၅ ရက် နံနက် ၁၀ နာရီ ၄၅တွင် ဒေသခံများ တွေ့ရှိခဲ့ပြီး ငပလီမြို့ ဂျိတ္တောရဲစခန်းသို့ အကြောင်းကြားခဲ့သည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

“ ကျွန်တော်တို့ သတင်းပို့တော့ ရဲအုပ် လှရွှေနှင့်အဖွဲ့မှလာရောက်စစ်ဆေးခဲ့ပါတယ်” ဟု သူက ဆိုသည်။

အလောင်းတွင် ခြေလက်နှင့် ခန္တာကိုယ် အစိတ်အပိုင်းများမှာ ငါးများကိုက်ဖဲ့စားသောက်၍ မပါရရှိတော့ကြောင်း သိရသည်။

အလောင်းအား သံတွဲဆေးရုံသို့ ယူဆောင်လာပြီး ဓမ္မတာ အတိုင်းသေဆုံးမှု ဟုတ်မဟုတ် စစ်ဆေးနေကြောင်း သိရသည်။ အလောင်းမှာ အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းဖြစ်ကြောင်း ဆရာဝန်မှအတည်ပြုပြောဆိုခဲ့သည်။

ဂျိတ္တောစခန်းမှ (ပ)၆/၂၀၁၅အရ အမှုဖွင့်ထားပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် ရဲလုပ်ထုံး လုပ်နည်းအရ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

နေဇော်
Narinjara
https://www.facebook.com/pages/Narinjara
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment