စင်ကာပူနိုင်ငံ တွင် ၂ဝ၁၅ နှစ်ကုန်ပိုင်း မှစတင်၍ မြန်မာရုပ်ရှင် ဇာတ်ကားများ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ရုံတင် ပြသခွင့် ရမည်


စင်ကာပူနိုင်ငံ Golden Village ရုပ်ရှင်ရုံတွင် ကျင်းပပြုလုပ်သည့် ပထမဆုံး အကြိမ်မြောက် ‘မြန်မာ့ရုပ် ရှင်ပွဲတော် (၂ဝ၁၅)တွင် ပြသမည့် နင်စေရင်၊ တိုက်ဆိုင်မှု ရှိလျှင်၊ ကိုတင့်တို့ စူပါရပ်ကွက် ရုပ်ရှင်(၃) ကား၏ ရလဒ်ကို ကြည့်၍ ရုပ်ရှင်ရုံဝင်ငွေသည် ၈ဝရာခိုင်နှုန်းကျော်ပါက ၂ဝ၁၅နှစ်ကုန်ပိုင်း မှစတင်ပြီး မြန်မာ့ရုပ်ရှင် ဇာတ်ကား များကို လစဉ် တနင်္ဂနွေနေ့တိုင်း ရုံတင်ပြသခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။
”အခု ဇာတ်ကားတွေ အောင်မြင်သွားပြီ ဆိုတာနဲ့ မြန်မာ ဇာတ်ကား တွေကို ပွဲချိန် ၂ချိန် (သို့မဟုတ်) ပွဲ ချိန် ၃ချိန်ပြသဖို့အတွက် Golden Village နဲ့ စီစဉ် ထားပြီးပါပြီ။ သူတို့ သတ်မှတ်ပေးလိုက် တာက အခု၃ ကားပြသမှုဟာ ရုံဝင်ငွေ ၈ဝရာခိုင် နှုန်းကျော် ရမယ် ဆိုတော့ ကျွန်တော် ရဲရဲကြီးအာမခံ ပါတယ်။ အသာ အယာ လေးကျော် သွားပါမယ်။ အသေအချာ ပါပဲ။ ကျွန်တော် စင်ကာပူမှာ မြန်မာ ရုပ်ရှင်ဈေးကွက် ကိုတည်ဆောက် လာတာ ၆နှစ်ကျော် ရှိနေပါပြီ။ အဲဒီ ပရိသတ် အင်အား အရသေချာ ပါတယ်။ ၈ဝ ရာခိုင်နှုန်း ကျော်တယ် ဆိုတာနဲ့ အခု မြန်မာ့ရုပ်ရှင်ပွဲတော် အပြီး နောက်တစ်လ ဆိုပြလို့ရပြီ”ဟု MSCT (Singapore) ကုမ္ပဏီ ၏ ဒါရိုက်တာ ဦးဇော်ဇော်အောင် ကဆိုသည်။
ထို့အတွက်ကြောင့် မြန်မာ ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်သူတွေ၏ သဘောထား အပေါ်မူတည်ပြီး ရုပ် ရှင်ဇာတ်ကားတွေ ကို အလျင် မြန်ဆုံး ရုံတင်ပြသနိုင်မည်ဖြစ်သည်။
”ရိုက်ကူးပြီးသား ဇာတ်ကား တွေရှိနေဖို့ လိုတယ်။ ဖြစ်အောင်ပြကြ မယ်ဆို ပြလို့ ရပါပြီ။ အကျိုးအမြတ် က လည်း ဝင်လာတဲ့ ပရိသတ်ရုံဝင်မှု အပေါ် မူတည်ပြီး အမြတ် အစွန်းတွေ ရ လာမှာပါ။ မြန်မာရုပ်ရှင် လောက အတွက်၊ ထုတ်လုပ်ရေးတွေ အတွက်၊ ရုပ်ရှင်ထုတ်လုပ်မှု Industry  တစ်ရပ်လုံးဟာ Market တစ်ခု ရလာပါပြီ။ အဲ ဒီတော့ နိုင်ငံတကာက အနုပညာ နယ်ချဲ့မှုကို ကာကွယ်နိုင်မယ်။ အဲဒီတော့ မြန်မာ ဇာတ်ကားတွေကို ပြည်ပမှာ ခံစားခွင့်ရမယ်။ ကမ္ဘာကို ချပြ ခွင့်ရလာတော့မယ့် လမ်းစ တစ်ခုပါ။ ထုတ်လုပ်သူတွေ အတွက်လည်း အကျိုးအမြတ်တွေ ရှိလာမှာပါ”ဟု ဦးဇော် ဇော်အောင် ကဆက်ပြောပြသည်။
Golden Village သည် စင်ကာပူနိုင်ငံတွင် Theatre တွေ များစွာကို လိုကေးရှင်း ၁၃ခုတွင် တည်ဆောက် ထားနိုင်သည့် ရုပ်ရှင်ရုံ အုပ်စုဖြစ်နေပြီး စင်ကာပူက အကြီးဆုံး ရုပ်ရှင်ရုံ အုပ်စုတွင် ပါဝင်သည့် Cathay ရုပ်ရှင်ရုံ အုပ်စုတွင်လည်း ပြသခွင့် ရရှိအောင် ကြိုးပမ်းသွားရန် အထိ စီစဉ်ထားကြောင်း ဦးဇော်ဇော်အောင် က ပြောပြသည်။
” Cathay ရုပ်ရှင်ရုံ မှာပြသနိုင်ဖို့က ဆက်ကြိုးစားရမယ့် ဟာပါ။ မျှော်မှန်းချက် တစ်ချက်ဖြစ်တဲ့ စင်ကာပူ ရုံတင်ပြသခွင့် ကတော့ အောင်မြင် သွားပြီပေါ့။ ပုံမှန် ရုံတင်ပြသ ခွင့် ရသွားပြီ။ နောက်တစ်ဆင့် ကျွန် တော်တို့ ထပ်ပြီး ကြိုးစားရမယ့် ပန်းတိုင် တစ်ခုက ကျွန်တော်တို့ မြန်မာရုပ်ရှင် ဇာတ်ကားတွေကို အနောက်နိုင်ငံက ရုပ်ရှင် ဇာတ်ကားတွေ နည်းတူ လေလံတင် ရောင်းချပိုင်ခွင့် ရှိအောင် ကြိုးစားရမယ်။ မြန်မာရုပ်ရှင် ဇာတ်ကားဟာအခု Market ရှိလာပြီ။ အဲဒီတော့ ကမ္ဘာ့ကို ရောင်းချပိုင်ခွင့် ရှိအောင် လုပ်ရမယ်။ အဲဒါဟာ ကျွန်တော် တို့ရဲ့ ဒုတိယ ရည်မှန်းချက်ပါ”ဟု ဦးဇော်ဇော်အောင် က မှတ် ချက်ပြုပြောသည်။ ထို့အပြင် မြန်မာ ဇာတ်ကားတွေ ကို ပုံမှန် ရုံတင်ခွင့်ရ၍ ကာလ အတန်ကြာလာသည်နှင့် အမျှ မြန်မာတွေ အများဆုံးရှိနေသည့် ထိုင်းနိုင်ငံတွင် ရုံတင်ပြသခွင့်ရအောင် ကြိုးပမ်းမည် ဖြစ်ကြောင်း ဦးဇော်ဇော် အောင် ကပြောပြခဲ့သည်။
ထက်လူ
Source:Popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment