ဘရွတ်ကလင်းမှာ နေထိုင်တဲ့ အမျိုးသား တစ်ယောက်ဟာ သူ့ကို အမျိုးသမီးတစ်ယောက်က ပြန်ကြိုက်တာမျိုးကို လိုချင်ခဲ့ပါတယ်။ အဲဒီအတွက်သူဟာ ဗေဒင်ဆရာ တစ်ယောက်နဲ့ ဆက်သွယ်ခဲ့ရပါတယ်။
အမည်မဖော်လိုသူ Marketing ပညာရှင်တစ်ယောက်ဟာ ၂၀၁၃ ခုနှစ်နွေရာသီမှာ Arizona ပြည်နယ်ကိုရောက်နေတုန်းMichelle ဆိုတဲ့ အမျိုးသမီး တစ်ယောက်နဲ့ တွေ့ဆုံခဲ့ရပါတယ်။ သူက Michelle ကို ကြိုက်နှစ်သက်နေပေမယ့် Michelle ကတော့ အဲဒီလို မဟုတ်ခဲ့ပါဘူး။
ဒါကြောင့် သူဟာ Priscilla Kelly Delmaro ဆိုတဲ့ ဗေဒင်ဆရာမ ရဲ့ Time Square မှာရှိတဲ့ ရုံးခန်းကို သွားရောက် အကြံဥာဏ်တောင်းခံခဲ့ပါတယ်။ အဲဒီအခါမှာ ဗေဒင်ဆရာမ က သူနဲ့ Michelle ဟာ အမြွှာမီးတောက်တွေဖြစ်ကြတဲ့အတွက် ပထမဆုံး တစ်ကြိမ် လည်ပတ်စေနိုင်ဖို့ ဒေါ်လာ ၂၅၀၀ ကျမှာ ဖြစ်ပြီး ဒုတိယ အကြိမ်အတွက် ဒေါ်လာ ၉၀၀၀ ကျမယ်ဆိုတာကြောင့် သူ ပိုက်ဆံတွေ ထုတ်ပေးခဲ့ပါတယ်။
အဲဒီနောက်မှာလည်း ၂၀၁၃ ခုနှစ် စက်တင်ဘာလမှာ သူ့ရဲ့ စွမ်းအင်တွေကို ကာကွယ်ဖို့အတွက်လို့ ဗေဒင်ဆရာမ ကဆိုတဲ့အတွက် ဒေါ်လာ ၄၀၀၆၄ တန် တဲ့ Tiffany & Co. က စိန်လက်စွပ် တစ်ကွင်းကို ၀ယ်ပေးခဲ့ရပါသေးတယ်။
နောက်ဆုံးမှာတော့ သူဟာ Michelle ရဲ့ အိမ်ကိုရောက်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ Michelle ဟာ လက်ထပ်ဖို့ စီစဉ်ထားပြီးသား ဖြစ်နေပါပြီ။ ဒါကြောင့် ဗေဒင်ဆရာမ Delmaro က ထို အမျိုးသားကို ၀ိဥာဉ် နှောင့်ယှက်တာ ခံရတယ်လို့ဆိုပြီး သူနဲ့နှောင့်ယှက်တဲ့ ၀ိဥာဉ်အတွက် ၂ ယောက်ဟာ ဒေါ်လာ ၂၈၀၀၀ နဲ့ ၀ိဥာဉ် ရဲ့ အသုဘ စရိတ် ဒေါ်လာ ၄၀၀၀၀ ကို ထပ်မံ တောင်းခံခဲ့ပြန်ပါတယ်။
ထို အစီအစဉ်လည်း မအောင်မြင်ပဲ Time Machine လိုအပ်တယ်လို့ဆိုကာ ထို အမျိုးသားကို ဒေါ်လာ ၃၀၀၀၀ တန် Rolexနာရီတစ်လုံး ၀ယ်ခိုင်းပြန်ပါတယ်။ အဲဒီနောက်မှာလည်း Michelle ရဲ့ ၀ိဥာဉ်ဆီကို ရောက်နိုင်ဖို့ တံတားထိုးရမယ်လို့ ဆိုကာ ဒေါ်လာ ၈၀၀၀၀ နဲ့ ဒေါ်လာ ၉၀၀၀၀ ကို ၂ ခါခွဲပြီး တံတားထိုးဖို့ တောင်းပြန်ပါတယ်။
၂၀၁၃ နှစ်ကုန်မှာတော့ ထိုအမျိုးသားဟာ ဒေါ်လာ ၃၂၀၀၀၀ တိတိ ကုန်ကျခဲ့ပါပြီ။ ဒါပေမယ့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလမှာတော့ Michelle ဟာ မူးယစ်ဆေး အလွန်အကျွံ သုံးစွဲပြီး သေဆုံးသွားခဲ့ပါတယ်။ အဲဒီနောက်လည်း Delmaro က LA မှာရှိတဲ့ အသက် ၃၁ နှစ်အရွယ် အမျိုးသမီးတစ်ယောက်ဆီကို Michelle ပြန်ဝင်စားလိမ့်မယ်လို့ ဆိုပြန်ပါတယ်။
အဲဒီအတွက်လည်း ထိုအမျိုးသားက နေအိမ်တိုက်ခန်း၊ ကား တို့ကို ရောင်းချပြီး သူငယ်ချင်းတွေဆီက ပိုက်ဆံ ချေးပြီးMichelle ပြန်ဝင်စားတဲ့ မိန်းကလေးကို ရှာခဲ့ပေမယ့်လည်း သူဆုံတွေ့ခဲ့တဲ့ မိန်းကလေးကတော့ Michelle နဲ့ လုံးဝ မတူပါဘူး။
သူဟာ စုစုပေါင်း ဒေါ်လာ ၇၁၃၉၇၅ တိတိ ကုန်ကျသွားတဲ့ အခါမှာတော့ Delmaro သူ့ကို လိမ်နေမှန်း သိသွားခဲ့ပြီး ရဲစခန်းမှာ တိုင်ကြားခဲ့ရာ ၂၀၁၄ ခုနှစ် မေလ ၂၆ ရက်မှာတော့ ထို ဗေဒင်ဆရာမ နဲ့ ကြံရာပါ အမျိုးသားတို့ကို လိမ်လှည့်မှု နဲ့ ဖမ်းဆီးနိုင်ခဲ့ပါတယ်။
Ref:elitedaily
Source:trend.com.mm
0 comments:
Post a Comment