TV အစီအစဉ်မှတဆင့် စိုက်ကြည့်ခဲ့လို့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေမှုနဲ့ မင်းသမီးကို တရားစွဲဆို


အမျိုးသားတစ်ယောက်က TV အစီအစဉ်မှ တရုတ်မင်းသမီး Zhao Wei ဟာ သူ့အား စိုက်ကြည့်နေခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်စေပါတယ်ဆိုပြီး အဲ့ဒီနာမည်ကျော် မင်းသမီးကို တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
မင်းသမီး Zhao Wei ဟာ တရုတ်နိုင်ငံရဲ့ အကျော်ကြားဆုံး ကြယ်ပွင့်တွေထဲက တစ်ဦးဖြစ်ပြီး ထုတ်လွှင့်မှုကြည့်ရှု နားဆင်တဲ့ ပရိတ်အသတ်အများဆုံးဆုရ Tiger Mom မှာ မေလက စတင်ကတည်းကာ ပါဝင် သရုပ်ဆောင် ထားသူလည်း ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားထဲက အလွန်ပြင်းထန်တဲ့ သူမအကြည့်တွေကြောင့် အမျက်ဒေါသထွက်ခဲ့ပြီး စိတ်ပိုင်းဆိုင်ရာထိခိုက်စေတယ်ဆိုပြီး အမျိုးသားတစ်ဦးက တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
အဆိုပါ မင်းသမီးရဲ့ ကာရိုက်တာကို ဇာတ်လမ်းထဲက သူမ ခင်ပွန်းနဲ့ သမီးအပေါ် စူးရှတဲ့ အကြည့်ခံစားစေမယ့် စိတ်မတည်ကြည်မှု အဖြစ် သရုပ်ဖော်ထားတာဖြစ်ပါတယ်။
အဲဒီအမျိုးသားဟာ လျှော်ကြေတောင်းဆိုထားပေမယ့် ဒါဟာ စီရင်ချမှတ်မယ့်အထဲ အထူးခြားဆုံး တရားစွဲဆိုမှုတော့ မဟုတ်ပါဘူး။
တရားရုံးအမှုကိစ္စ စီရင်ချမှတ်ခြင်းနဲ့ပတ်သက်ပြီး စနစ်သစ်တစ်ခု ထပ်မံ ချမှတ်ပြီးတဲ့နောက်ပိုင်း ကျန်ခဲ့တဲ့လက စလို့ သမာရိုးကျမဟုတ်တဲ့ တရားစွဲဆိုမှုတွေ အရေအတွက် တိုးလာခဲ့ကြောင်း တရုတ်သတင်းစာ Legal Daily က အစီရင်ခံရေးသားခဲ့တယ်လို့ Shanghaiist သတင်းအရ သိရပါတယ်။ 
Ref: Mirror
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment