ချစ်ငယ်ကို မင်းသမီး တစ်ယောက်လို မမြင်ပါနဲ့လို့ တောင်းဆိုလာတဲ့ မေခလာ


ဂီတအပြင် သရုပ်ဆောင်ဖက်ကိုပါ စိတ်ပါရင် စိတ်ပါသလို တွဲဖက် ရိုက်ကူးနေဲ့ မေခလာက လက်ရှိသူ့ရဲ့ ဂီတလှုပ်ရှားမှုအကြောင်းနဲ့ သူမပါဝင်ရိုက်ကူးနေတဲ့ ရုပ်ရှင်ကားကြီးအကြောင်းကို ပြောပြလာတဲ့အခါ "အခုရိုက်နေတဲ့ ကားလေးက ရပ်ကွက်ထဲက ဘုရင်မတဲ့။ ဒီကားလေးထဲမှာ ချစ်ငယ်က ငွေတိုးချေးစားတဲ့ ဘူဇွာမအနေနဲ့ပါဝင် သရုပ်ဆောင်နေပါတယ်။ ဒီကားလေးက ဟာသလဲဖြစ်တော့ ပရိသတ်တွေကြိုက်မယ်လို့လဲထင်တယ်။ ပါဝင်တဲ့ သရုပ်ဆောင်တွေလဲများတယ်။ ဇာတ်လမ်းလေးကတော့ ဇာတ်မြူးလေးပါပဲ။ ရယ်စရာကောင်းပါတယ်။ ချစ်ငယ် ဒီကားလေးကိုလက်ခံဖြစ်တာက လပ်ကီးဆဲဗင်းနဲ့ကအရမ်းလဲခင်ပါတယ်။ ပါဝင်တဲ့ သရုပ်ဆောင်တွေကလဲ ချစ်ငယ်ရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ အတွက် ဒီသရုပ်ဆောင်တွေပါတော့ ချစ်ငယ်မငြင်းချင်တော့ဘူး။ ချစ်ငယ်ကားကြီးဆို ဒီကားအပါအ၀င်၃ ကားရိုက်ထူးတယ်။ ဗီဒီယိုကားကတော့ ၁၅ ကားရိုက်ထားပါတယ်။ ချစ်ငယ်ဆက်ပြီး မရိုက်ဖြစ်တာတွေလဲ ပါလို့ပါ။"လို့ သူမက ပြောပြသွားပါတယ်။
ဒါ့အပြင် သူမဟာ ဂီတကိုသာ အဓိကနေရာမှာ ထားထားတယ်ဆိုတဲ့ အကြောင်းကိုတော့ "ချစ်ငယ် သရုပ်ဆောင်တစ်ယောက်လို၊ မင်းသမီးတစ်ယောက်လိုမမြင်ပါနဲ့။ ချစ်ငယ်ကဂီတပါပဲ။ ဂီတနဲ့ပတ်သက်ပြီးက ချစ်ငယ် ပင်ပန်းပါတယ်။ ပွဲတွေကလဲ ဆက်တိုက်ပါပဲ။ ချစ်ငယ် ၂၆ ရက်နေ့ထိ ကားကြီးကိုပေးထားတယ်။ ၂၆ ရက်နေ့ညကျတော့ ချစ်ငယ် မော်လမြိုင်ကို သွားမယ်။ ၂၇ ရက်နေ့က ဦးစိုးပိုင်ရှိုးရှိတယ်။ ၂၈ ရက်နေ့က ဘန်ကောက်ကို သွားရမယ်။ အဲ့ဒီမှာလဲ ရှိုးတစ်ခု ရှိတယ်။ ဆိုတော့ ပွဲတွေကတော့ ဆက်တိုက်ပါပဲ။ ကိုယ့်ဝါသနာဖြစ်တဲ့အခါကျတော့ ပင်ပန်းတာတွေတော့ မေ့ဖျောက်လိုက်ရတာပေါ့။ ချစ်ငယ်ကို အားပေးနေတဲ့အတွက်ကြောင့် ကျေးဇူးအများကြီး တင်ပါတယ် ပရိသတ်မရှိပဲ နဲ့ချစ်ငယ်တို့ဘာမှ လုပ်လို့မရပါဘူး။ အဲ့ဒါကြောင့် ပရိသတ်တွေ အားလုံးကို ချစ်ငယ်ကျေးဇူးအရမ်းတင်တယ်။ ပရိသတ်တွေကျန်းမာပါစေ၊ ချမ်းသာပါစေလို့လဲချစ်ငယ်ဆုတောင်းပေးချင်ပါတယ်"တဲ့။
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment