(ရန်ကုန်၊ ဇွန် ၂၃)
ဆီးဂိမ်းဘောလုံး ပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင် ငွေတံဆိပ်ဆု ရရှိခဲ့သည့် ယူ-၂၃ လက်ရွေးစင် ကစားသမား အချို့ သင်္ကန်းတိုက် ကြော်ငြာ ရိုက်ကူးခဲ့ကြောင်း သိရ သည်။
ယူ-၂၃ ကစားသမား များ ဖြစ်ကြသည့် ရဲကိုဦး၊ စည်သူ အောင်၊ ရှိုင်းသူရ၊ ရဲဝင်းအောင် နှင့် လှိုင်ဘိုဘို တို့မှာ မန္တလေး အခြေစိုက် သာသနာ့ ရောင်ခြည် သင်္ကန်း တိုက်ကြော်ငြာ ကို ဇွန် ၂၂ ရက်နေ့က ရိုက်ကူး ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
”ကျွန်တော့် သား နဲ့က သူငယ်ချင်းတွေ လည်း ဖြစ်တော့ ရိုက်ဖြစ်တာပါ။ နောက်ပြီး သူတို့ လေးတွေက နိုင်ငံ့ ဂုဏ်ဆောင် ငွေတံဆိပ်ဆု ကို ဆွတ်ခူးနိုင်ခဲ့တဲ့ သူတွေ လည်း ဖြစ်တယ်လေ။ အဲဒါကြောင့် ရိုက်ဖြစ်သွားတာပါ။ သူတို့လေးတွေ ကလည်း မေတ္တာနဲ့ ကူညီကြတာပါ”ဟု သာသနာ့ရောင်ခြည် သင်္ကန်းတိုက် ပိုင်ရှင် ဦးထွန်းထွန်း က ပြော သည်။
အဆိုပါ သာသနာ့ ရောင် ခြည် သင်္ကန်းတိုက်မှာ မန္တလေး မြို့ အမှတ် ၄၉၊ အိမ်တော်ရာ ဘုရားမြောက်ပေါက် ၂၆လမ်း၊ (၂၆x၂၇ ကြား။ ၈၈x၈၉ ကြား ရွှေဥသြလမ်းသွယ်)၊ ချမ်းအေး သာဇံမြို့နယ် တွင် တည်ရှိပြီး ယခု ရိုက်ကူးထားသည့် ကြော်ငြာ ကို ယခုလ အတွင်း ကြော်ငြာ သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်နိုင်
Source:popularmyanmar.com
0 comments:
Post a Comment