၁၁ နှစ်ငယ်တဲ့ မော်ဒယ်လ်မလေးနဲ့ ချစ်ကြိုက်နေတဲ့ အကြောင်း အတည်ပြုပေးလိုက်တဲ့ မိုးအောင်ရင်က ဗီဒီယိုခေတ် ကွယ်ပျောက်သွားသင့်ပြီလို့ဆို


မော်ဒယ်လ် မလေးတစ်ယောက်နဲ့ချစ်ကြိုက်နေတယ်ဆိုတဲ့ သတင်းတွေ လှုပ်ခတ်နေတဲ့ မိုးအောင်ရင်ကို သူ့ရဲ့ အချစ်ရေးအကြောင်း မေးမြန်းကြည့်လိုက်တော့
"သူကကျွန်တော့ရဲ့ ပရိသတ်တစ်ယောက်ပဲ။ ကျွန်တော့်ကိုလဲ အရင်က အားပေးတယ်ပေါ့ဗျာ။ အဲ့ဒီအချိန်မှာ သူနဲ့တူတူ ကားရိုက်ရတယ်။ နာမည်တော့ မပြောတော့ဘူးနော်။ အဲ့ဒီလို ကားရိုက်ရတဲ့အချိန်မှာ သူက ကျွန်တော်ကြိုက်နေတဲ့ ပုံစံမို့လို့အရှေ့ပိုင်းတုန်းကတောင် ပတ်ပြေးလိုက်သေးတယ်။ ပတ်ပြေးလိုက်လို့ သူတောင် မျက်ရည်နဲ့မျက်ခွက် ဖြစ်လိုက်သေးတယ်။ ဒါပေမဲ့ ကိုယ်ကလဲ ကြိုက်နေတဲ့သူဆိုတော့ မခံနိုင်ပါဘူး။ ကိုယ်က ကြိုက်နေလို့ပတ်ပြေးတာ အရှေ့တစ်ယောက်မှာ ခံဖူးထားတော့ အသည်းကွဲရမှာကို ကျွန်တော်ကြောက်သွားတယ်။ ဘာပဲဖြစ်ဖြစ် အသည်းထပ်မကွဲချင်တော့တဲ့ သဘောပေါ့ဗျာ။ အဲ့ဒီအချိန်မှာ သူပြောလိုက်တဲ့ စကားလေးက အရမ်းလှတယ်။ ဒီတစ်ယောက်နဲ့အသည်းကွဲတာပဲတဲ့။ နောက်တစ်ယောက်နဲ့အသည်းထပ်ကွဲမယ်လို့ယုံကြည်ထားရင် အစောကြီးကတည်းက လူလုပ်မနေနဲ့တော့။ အသက်ရှင်မနေနဲ့တော့တဲ့။ သူ့အသက် အရွယ် ၁၆ ၊ ၁၇ နဲ့ ကျွန်တော့လို ၂၈ နှစ်အရွယ်ကို ပြောရဲတဲ့ သတ္တိကို လေးစားသွားတယ်။ ခုနကပြောသလို ကြိုက်တာလောက်ပဲ ရှိတဲ့အချိန်ကနေ လေးစားမှု ပါသွားတယ်။ နောက်ပိုင်းကျတော့ သူကျွန်တော့ကို ကူညီပေးတာတွေ ရှိတယ်။ အလုပ်ကိစ္စတွေ တိုင်ပင်လို့ရတယ်။ သူနဲ့ ၁၁ နှစ်လောက် ကွာသော်ငြားလည်း သူတတ်နိုင်သလောက် ကူညီပေးတယ်။ သူကူညီချင်တယ်ဆိုတဲ့ စေတနာလေးတစ်ခုပါနေတယ်ဆိုတာကို အသိပေးတာ မဟုတ်ပဲနဲ့ကိုယ်သိသွားရတယ်။ အဲ့ဒီကနေ အချစ်ကလေး ပါပါလာတယ်။ သူနဲ့ရှေ့မှာ နှစ်ကား တွဲရိုက်ထားပါတယ်။ သင်္ကြန်တုန်းကဆိုလဲ သူ့ကို ကျွန်တော် အဆက်အသွယ် လုံးဝမလုပ်ဘူး။ ထွက်ပြေးနေတဲ့အချိန်ပေါ့။ အဲဒီအချိန်တုန်းက ကျွန်တော်သင်္ကြန်မဏ္ဍပ်လုပ်မယ်ဆိုပြီး စပွန်ဆာမရဘူး။ အဲ့ဒါကို သူသိတယ်။ အဲ့ဒါကို တခြားစပွန်ဆာတွေ သူရှာပေးတယ်။ ဒါတွေက ကျွန်တော်နောက်မှပြန်သိရတာပေါ့။ အဲ့ဒီတော့ သူသည် တခြားတနေရာမှာ ရောက်နေသော်လည်းပဲ ကိုယ့်အပေါ်ကို သူစိတ်ရှိသေးတယ်။ ကိုယ့်ကို ရအောင်ဆက်သွယ်တယ်။ ဆက်သွယ်လို့မရတာတောင် အခြားသောသူတစ်ယောက်သည် အမြင်ကပ်ပြီး တောင်နေဦးမယ်။ သူသည် စိတ်ထဲမှာ တကယ်ခင်လို့၊ တကယ်ချစ်လို့၊တကယ်ရိုးသားလို့ကူညီပေးတယ်။ အဲ့ဒါတောင် ကျွန်တော် အသုံးမကျလို့အဲ့ဒီ အကူအညီကိုမရခဲ့ဘူး။ အခုကျမှ ကျွန်တော်လဲ ကိုယ့်ကိုစေတနာ ရှိပါလားဆိုပြီး ဖြစ်သွားတာပါ"လို့ သူ့ရဲ့အချစ်ရေအကြောင်းကို ပြောပြသွားပါတယ်။
မိုးအောင်ရင်ဟာ လက်ရှိမှာ ရပ်ကွက်ထဲကဘုရင်မတဲ့ ဆိုတဲ့ဇာတ်ကားကို ရိုက်ကူးနေတယ်လို့ သိရပြီး ဒီကားပြီးရင်တော့ ကားကြီးတွေပဲ ထပ်ရိုက်ဖြစ်မယ်လို့ ဖွင့်ဟသွားပါတယ်။ ခုနောက်ပိုင်း ရုပ်ရှင်ကားကြီးတွေကိုသာ အရိုက်များလာကြတာနဲ့ ပတ်သက်ပြီးတော့လည်း သူက "ရုပ်ရှင်ကားကြီးတွေပဲအရိုက်များလာတာကတော့ Digital ခေတ်ဖြစ်သွားတဲ့အတွက် ရိုက်ရပြုရတာ ပိုပြီးအဆင်ပြေသွားတယ်ပေါ့။ ရုံတိုင်းမှာ တစ်ပြေးညီပြနိုင်သွားတယ်။ အရင်တုန်းကဆိုရင် ဖလင်ခေတ်ဆိုတော့ ဈေးကြီးတယ်။ ဖလင်ခကို ရုံကို ကူးပေးရတဲ့အခါမှာလဲ အများကြီးမရှိတဲ့အတွက် တစ်ပြိုင်နက်တည်းပြလို့မရဘူး။ မဖြစ်နိုင်ဘူးပေါ့။ အခုကျတော့ ရုံတိုင်းရုံတိုင်းသည် ဆယ်ရုံရှိရင်ဆယ်ရုံ တစ်ပြိုင်တည်းပြလို့ရသွားပြီ။ အကယ်လို့ရုံပိုင်ရှင်မကြိုက်ဘူးဆိုပြီး ပြန်ချရင်တောင်တခြားရုံမှာသွားကြည့်လို့ရတယ်။ ဘာပဲဖြစ်ဖြစ် ဗီဒီယိုရုံကနေ ရုပ်ရှင်ရုံအဆင့်ပြောင်းသွားတဲ့ သဘောပေါ့။ ဗီဒီယိုကကွယ်ပျောက်သင့်ပါပြီ။ ဘာကြောင့်လဲဆိုတော့ အစောကြီးကတည်းကဗီဒီယိုစခဲ့တာက ဒွေးကနေပြီး ရုပ်ရှင်ကားတွေအရိုက်နည်းပြီးရုပ်ရှင်ရုံတွေနည်းသွားတဲ့အချိန်မှာ ရုပ်ရှင်ကားတစ်ကားရဲ့ နှုန်းကအရမ်းများတဲ့အချိန်မှာ ဗီဒီယိုကားကို မင်းသားရဲ့ကြေး အနေနဲ့ရောင်းမယ်။ ငါဆိုရင်တော့ရောင်းရမှာပဲဆိုတဲ့အနေနဲ့လုပ်ခဲ့တာ။ အဲ့ဒီကနေတောက်လျှောက်ကျန်တဲ့သူတွေကလုပ်ခဲ့တယ်။ အဲ့ဒီမှာ RC ကြေးဆိုပြီးဖြစ်လာတာ။ မင်းသားကြေးပေါ့။ မင်းသားကြေးပဲရှိတယ်။ မင်းသမီးကြေးလဲမရှိဘူး။ အဲ့ဒါကြောင့် မင်းသားခေတ်ဆိုပြီးဖြစ်နေတာပေါ့။ အကယ်လို့သာ ရုပ်ရှင်ကားတွေများလာမယ်။ ပရိသတ်တွေလဲအားပေးလာမယ်။ အဲ့ဒီမှာ ဗီဒီယိုလဲပျောက်သွားမယ်ဆိုရင် မင်းသားကြေးဆိုတာလဲ မရှိတော့ဘူး။ မင်းသားခေတ်ဆိုတာလဲ မရှိတောဘူ့း။ ကျွန်တော်ကိုယ်တိုင်ကလဲ မင်းသားခေတ်ဆိုတာကို ဖြစ်ချင်တဲ့သူမဟုတ်ဘူး။ တကယ်တမ်းဖြစ်သင့်တာသည် ရုပ်ရှင်ခေတ်ဆိုတာပဲဖြစ်သင့်တာ။ ရိုက်နေကတည်းကိုက ရုပ်ရှင်ဖြစ်တဲ့အတွက် ရုပ်ရှင်ခေတ်ပဲဖြစ်သင့်တာပါ"တဲ့။
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment