အချစ်ရေးမှာ နားလည်မှု မရှိရင်ကွိုင်နည်းနည်း တက်တယ်လို့ပြောပြလာတဲ့ Lil’z


IMA
4 အမ်တီဗီကို ၇လပိုင်း ထွက်နိုင်အောင်ကြိုးစားနေတဲ့ 4 အဖွဲ့ထဲက လူငယ်တွေတစ်ခဲနက် အားပေးကြတဲ့ ရက်ပ်ပါ Lil’z ကို ဂီတလှုပ်ရှားမှုများအကြောင်းနဲ့အချစ်အကြောင်း အနည်းငယ်မေးမြန်းဖြစ်တဲ့အခါ
"အခုလက်ရှိ ဂီတလှုပ်ရှားမှုအနေနဲ့ ၇လပိုင်းမှာ 4 album အမ်တီဗီထွက်နိုင်အောင်ကြိုးစားနေပါတယ်။ အဲ့ဒီအခွေလေးနဲ့ပတ်သက်တဲ့ အမှတ်တရဆိုရင် ကျွန်တော်တို့အတွက် ပထမဦးဆုံး Offical အခွေလေးဆိုတော့ အရမ်းလဲပျော်ရတယ်။ လူငယ် ပရိသတ်တွေလဲ အများကြီး လာအားပေးကြတယ်။ မှတ်မှတ်ရရ အခွေထွက်တဲ့နေ့က မိုးတွေ အရမ်းရွာနေခဲ့တယ်။ အဲ့ဒါကိုတောင် တကူးတကလာပြီး အားပေးခဲ့တဲ့ ပရိသတ်တွေကို ကျေးဇူးအများကြီး တင်ပါတယ်။ ဒီအခွေထဲမှာလဲ ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ဖို့ ရှိတယ်။ သီချင်းထဲမှာဆို ပေါ့ပေါ့ပါးပါးနဲ့ ကမ္ဘာသုံး ရည်းစားစကားကို သဘောကျတယ်။ ကြိုက်တာကတော့ ဆွဲကြိုးသီချင်းပေါ့။ အားလုံးတော့ ကြိုးစားပြီး ရိုက်ကူးထားတယ်။ ဒါပေမဲ့ ပရိသတ်ကြိုက် မကြိုက်ကတော့ ထွက်မှပဲ သိမှာပါ။ အဲ့ဒီအတွက်လဲ ကျွန်တော်တို့်ရင်ခုန်နေပါတယ်"လို့ သူက ပြောပြသွားပါတယ်။
လက်ရှိမှာ သူများတွက်လဲ သီချင်းတွေရေးပေးဖြစ်နေတယ်ဆိုတဲ့ Lil'z က "မနီနီခင်ဇော်အတွက် ရေးပေးဖြစ်တယ်။ ရေးနေတာလဲကြာပြီ။ ဒါပေမဲ့ ကျွန်တော်လဲမျောနေတာပေါ့။ မျောနေတယ်ဆိုတာ သက်သက်ကြီး မျောနေတာ မဟုတ်ဘူး။ မနီနီခင်ဇော်အတွက်ဆိုတော့ ကျွန်တော် သူနဲ့လိုက်မဲ့ပုံစံ၊ ကျွန်တော်နဲ့လိုက်မဲ့ ပုံစံကို စဉ်းစားနေရလို့ပါ။ ကျွန်တော်ကတော့ နည်းနည်းပဲ ၀င်ယောင်မှာပါ"တဲ့။
လက်ရှိအချစ် ရေးနဲ့ပတ်သက်ပြီးတော့လဲ "အသည်းကတော့ ဒီအတိုင်းပါပဲ။ ကွဲတာတော့ မဟုတ်ဘူး။ နည်းနည်းလေးယောင်နေရုံလေးပါ။ ကွဲတော့ မကွဲသေးဘူး။ ဒါပေမဲ့ အဆင်ပြေသွားမှာပါ။ တခါတရံ ကတောက်ကဆ ဖြစ်တာမျိုးလေးတွေပေါ့။ ပြန်ကောင်းသွားမှာပါ။ အချစ်အတွက် နားလည်မှု လိုအပ်တယ်။ သူကလဲ နားလည်မှုမပေးချင်၊ ကိုယ်ကလဲ နားလည်မှုမပေးချင်တဲ့အတွက် ကွိုင်တော့ နည်းနည်းတက်တယ်။ အဓိကက Relationship တစ်ခုမှာ နားလည်မှု လိုအပ်တယ်။ နားလည်မှုမရှိရင် အဆင်မပြေဘူး။ ကျွန်တော်လဲ ဖြစ်နေတာပေါ့။ သူနဲ့ကိုယ်နဲ့တစ်သားတည်းကျဖို့ အတွက်က သူ့အကြောင်းလဲ ကိုယ်ဂဃနဏ သိ၊ ကိုယ့်အကြောင်းလဲ သူဂဃနဏသိမှ ဖြစ်မယ်။ အကြောင်းလဲ သိတယ်။ ဒါပေမဲ့ အတ္တတွေ အရမ်းကြီးနေရင်တော့ အဆင်ပြေမှာ မဟုတ်ဘူး။ တကယ်ချစ်တယ်ဆိုရင် ဘာအတ္တမှမပါပဲ နားလည်ခွင့်လွှတ်ပေးနိုင်ရင်တော့ အဆင်အပြေဆုံးပဲ။ ဘာမျှော်လင့်ချက်မှ မပါပဲ လူတစ်ယောက်ကို ချစ်မယ်ဆိုရင်တော့ သာယာနေမယ်လို့ထင်တယ်။ အခုလက်ရှိ အချစ်က ကျွန်တော့်ကို စိတ်ချမ်းသာမှု အပြည့်နီးပါးပေးပါတယ်။ ပျော်ရရင်လဲ အသားကုန်ပျော်ရတယ်။ စိတ်ဆင်းရဲရင်လဲ သူများထက်နှစ်ဆလောက် ပိုစိတ်ဆင်းရဲရတယ်။ အဲ့လိုမျိုးလေးပါ။ ငယ်ငယ်ကတော့ အရမ်းလွတ်လပ်တယ်။ ပေါ့ပါးတယ်။ ကိုယ်က အခုအလုပ်တွေလဲရှိတော့ သူအားတဲ့အချိန်၊ ကိုယ်အားတဲ့အချိန်က ညှိရတာ အဆင်မပြေဘူးဖြစ်နေတယ်။ အဲ့လိုမျိုးလေးပါ"လို့သူက ဖွင့်ဟသွားပါတယ်။
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment