တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ Jada Pinkett-Smith က သူမနဲ့ ဟစ်ဟော့ ဂန္တ၀င် အဆိုတော် Tupac နဲ့ကြားက ဆက်ဆံမှုတွေအကြောင်းကိုထုတ်ဖော်ပြောပြခဲ့ပါတယ်။
သူတို့ ၂ ယောက်ဟာ Baltimore အထက်တန်းကျောင်းမှာ အနုပညာ ဘာသာရပ်ကို သင်ကြားရင်း စတင်တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။
“သူဟာတော်လှန်ရေးမရှိတဲ့ တော်လှန်ရေးသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်။ အဲဒီလို စိတ်ဓါတ်ခွန်အားတွေကပဲသူ့ကို အရာအားလုံးဖြစ်လာစေခဲ့တာပါ” လို့ Jada Pinkett-Smith က ဆိုပါတယ်။
သူတို့ ၂ယောက်ဟာ သူငယ်ချင်း ရင်းနှီးမှုမျိုးသာ ရှိကြပြီး ဒီထက်မပိုခဲ့ကြဘူးလို့လည်း Jada Pinkett-Smith က ဆိုထားပါသေးတယ်။
“အကယ်၍ ကျွန်မ နဲ့ Pac သာ လိင်ပိုင်းဆိုင်ရာ အရ ပတ်သက်မှုတွေရှိခဲ့မယ်ဆိုရင်တော့ ကျွန်မတို့ ၂ ယောက်လုံး တစ်ယောက်ကို တစ်ယောက် သတ်မိလောက်ပါတယ်။ဘာလို့လဲဆိုတော့ ကျွန်မတို့ ၂ ယောက်လုံးက ရမ္မက်ကြီးကြပါတယ်။ ပြီးတော့ မင်းသိတဲ့အတိုင်းပါပဲ ကျွန်မတို့ နက်နက်နဲနဲ ချစ်ခဲ့ကြပါတယ်။ သူငယ်ချင်းဖြစ်နေရတာလည်း တစ်ကယ်ခက်ခဲခဲ့ပါတယ်” လို့ သူမက ထုတ်ဖော်ပြောပြခဲ့ပါတယ်။
သူမဟာ Tupac နဲ့ စတင်တွေ့ဆုံစဉ်က Tupac မှာ ဘောင်းဘီ တစ်ထည်နဲ့ ဆွယ်တာ ၂ ထည်သာ ပိုင်ဆိုင်သည်အထိ ဆင်းရဲခဲ့ပြီး သူမနဲ့အတူတူ ၁၉၉၀ ၀န်းကျင်လောက်မှာ စတင်ကြိုးစားခဲ့ကြ တာဖြစ်တယ်လို့လည်း Jada Pinkett-Smith က ပြောပြပါသေးတယ်။
သူတို့ ၂ ယောက်ကြားက ဆက်ဆံရေးဟာ Tupac ထောင်ကျပြီး ထောင်ကထွက်လာတဲ့နောက်မှာမှ အဆင်မပြေတော့တာဖြစ်ပြီး Tupac မသေခင် လွန်ခဲ့တဲ့ နှစ် ၂၀ အထိ သူတို့ ၂ ယောက် ပြန်အဆင်မပြေခဲ့ကြပါဘူး။ Tupac ဟာ ၁၉၉၆ ခုနှစ် စက်တင်ဘာလမှာ Nevada မြို့ရဲ့ ဧရိယာ အတွင်း သေနတ်နဲ့ လေးချက်တိတိ အပစ်ခံခဲ့ရပြီး နှလုံး ရပ်ကာ သေဆုံးခဲ့တာဖြစ်ပါတယ်။
Jada Pinkett-Smith ကတော့ ၁၉၉၇ ခုနှစ်မှာ ရုပ်ရှင်မင်းသား ရပ်အဆိုတော် Will Smith နဲ့ လက်ထပ်ခဲ့ပါတယ်။
Ref:starpulse
Source:trend.com.mm
0 comments:
Post a Comment