ဦးခေါင်းပေါ် ဗျောက်အိုးတင်ဖောက်ခဲ့တဲ့ အမျိုးသားတစ်ဦး ချက်ချင်းသေဆုံး



ဇူလိုင်လ ၄ရက်နေ့ (အမေရိကန် လွတ်လပ်ရေးနေ့) ကို အရက်သောက်လျှက် ဂုဏ်ပြုနေခဲ့သော အသက် ၂၂နှစ်အရွယ် အမျိုးသားတစ်ဦးဟာ သူ့ရဲ့ခေါင်းပေါ် ဗျောက်အိုးတင်ဖောက်ဖို့ ကြိုးစားခဲ့ရာမှ ချက်ချင်းသေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ဇူလိုင်လ ၅ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။Devon Staples နဲ့ သူ့ရဲ့ သူငယ်ချင်း တစ်သိုက်ဟာ ဇူလိုင်လ ၄ရက်နေ့ညအချိန်၊ Maine အရှေ့ပိုင်းရှိ သူငယ်ချင်းတစ်ယောက်ရဲ့ခြံထဲမှာ ဗျောက်အိုးတွေ ဖောက်နေခဲ့တယ်လို့ အမေရိကန်ပြည်သူ့လုံခြုံရေး မှ ပြောရေးဆိုခွင့်ရှိသူ Stephen McCausland ကပြောခဲ့ပါတယ်။Staplesဟာ ဗျောက်အိုးချောင်းကို ခေါင်းပေါ်တင်ခဲ့ပြီး မီးညှိလိုက်တော့မယ်ဆိုတဲ့ အကြောင်းကို သူ့သူငယ်ချင်း ဖြစ်သူတွေကိုလည်း ပြောသွားခဲ့ပါသေးတယ်။ ဒါပေမဲ့ သူ့သူငယ်ချင်းတွေကတော့ အဲဒီ့လိုလုပ်တာကို ချက်ချင်း ရပ်ဖို့ ၀ိုင်းတာခဲ့ကြပါတယ်။“အဲဒီ့လိုလုပ်တာ အကြံကောင်းတစ်ခုလို့ သူထင်မှတ်ခဲ့ပုံရတယ်။ သူ့သူငယ်ချင်းတွေကလည်း အဲ့လိုမလုပ်ဖို့ကို ၀ိုင်းတားခဲ့ကြတယ်။ နောက်တော့ သူငယ်ချင်းဖြစ်သူတွေ သိလိုက်ရတာက သူဟာ ခေါင်းပေါ်ကဗျောက်အိုးကို မီးရှို့တယ်၊ ချက်ချင်းပဲ သေသွားတယ်။” လို့ Stephen McCausland ကပြောခဲ့ပါတယ်။
Ref:Associated Press
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment