မျက်နှာပေါင်းတင်ကပ်ခွာတွေအကြောင်း သင်မသိသေးတဲ့ အရာများ





ခုနောက်ပိုင်း မင်းသား၊ မင်းသမီးတွေကအစ သူတို့ကိုယ်ပိုင် အချိန်လေးတွေမှာ မျက်နှာအသားရေပိုင်းကို ဂရုစိုက်ကြတဲ့အနေနဲ့ အိမ်မှာ အလွယ်တကူ ကပ်ထားလို့ရတဲ့ မျက်နှာကပ်ခွာ (mask) တွေ သုံးလာကြပါပြီ။ တစ်ခါတစ်လေ အဲ့ဒီကပ်ခွာတွေ ကပ်ပြီး selfie ရိုက်ထားတဲ့ပုံလေးတွေတောင် သင်တွေ့ဖူးတယ်မလား။ အဲ့ဒီ ကပ်ခွာတွေက သုံးပြီးသွားတဲ့အခါ ကိုယ်နဲ့တည့်တယ်၊ အဆင်ပြေတယ်ဆို၇င် အသားအရေ ၀င်းပြီး ကျန်ခဲ့မယ်၊ ကြည်လင်တာမျိုးလေးတွေ အကျိုးကျေးဇူးရှိတာမို့ မျက်နှာပေါင်းတင် ကပ်ခွာလေးတွေအကြောင်း ပြောပြပေးချင်ပါတယ်။
၁။ပေါင်းတင်ကပ်ခွာဆိုပေမယ့် ကပ်ခွာမပါပဲ ရိုးရိုးပေါင်းတင်တာမျိုးနဲ့တော့ အကျိုးကျေးဇူး မတူညီနိုင်ပါဘူး။
အရင်တုန်းက ဆိုင်သွားပြီး ပေါင်းတင်တယ်ဆိုရင် မျက်နှာပါ ပေါင်းတင်ဆေးရည်၊ ဆေးအနှစ်တွေနဲ့ လိမ်းကျံပြီး ပေါင်းတင်တာမျိုးတွေရှိပါတယ်။ ဒီပေါင်းတင်ကပ်ခွာကတော့ ခုနပြောသလို ပေါင်းတင်တာမျိုးနဲ့ မတူပါဘူး။ ဒီမျက်နှာ ကပ်ခွာဟာserum အခြေခံပြီး ထုတ်လုပ်ထားတဲ့ ချည်သားလိုအသားမျိုး မို့လို့ သင့်မျက်နှာအသားရေကို ဟိုးအတွင်းထဲထိ သန့်ရှင်းအောင်တော့ မလုပ်ပေးနိုင်ပါဘူး။ ဒါပေမယ့် ဒီပေါင်းတင်ကပ်ခွာတွေဟာ မျက်နှာအသားရေအတွက် လိုအပ်နေတဲ့ အက်ဆစ်ဓာတ်၊ သတ္တုဓာတ်နဲ့ အခြားသော ဗိုက်တာမင်တွေကိုတော့ ဖြည့်ပေးနိုင်ပါတယ်။ ပြီးတော့ ရွှံ့စေးမျက်နှာပေါင်းတင်ဆေးတွေလိုလည်း အသားကို ခြောက်မသွားစေပါဘူး။
၂။Serum သုံးမယ့်အစား ဒါကို နေ့စဉ်သုံးလို့ မရပါဘူး။
မျက်နှာပေါင်းတင်ကပ်ခွာတွေဟာ serum ကို အခြေခံထည့်သွင်းထားတယ်ဆိုပေမယ့် ဒါကို serum အစားသုံးလို့တော့ အဆင်မပြေနိုင်ပါဘူး။ သူဟာ ရေဓာတ်ခန်းခြောက်တဲ့အခါ အလွယ်တကူ ၀ယ်ယူကပ်ထားလို့ရမယ်။ ခရီးသွားတဲ့အခါ ကိုယ့်အသားလေး ၀င်းနေအောင် အလွယ်တကူ ၀ယ်ယူသုံးလို့ရတဲ့အပြင် တစ်ပတ်ကို လေး ၊ ငါးကြိမ်အထိကို အသုံးပြုနိုင်ပါတယ်။ သူ့ဆီမှာ ပြင်းလွန်းတဲ့ ပါဝင်ပစ္စည်းတွေ ထည့်သွင်းထားခြင်း မရှိတာမို့ မျက်နှာအသားရေစားသွားမှာ၊ နီရဲလောင်သွားမှာမျိုးတွေ စိုးရိမ်စရာ မလိုတော့ဘူးပေါ့။
၃။မျက်နှာပေါင်းတင်ကပ်ခွာတွေဟာ ရေဓာတ်ကို အဓိက ဖြည့်တင်းပေးပါတယ်။
အသားရေမှာ လိုအပ်တဲ့ ရေဓာတ်ကို အဓိကဖြည့်တင်းပေးတဲ့ မျက်နှာပေါင်းတင်ကပ်ခွာတွေကို ပုံစံအမျိုးမျိုးနဲ့ ဈေးကွက်ထဲမှာ တွေ့ရမှာပါ။ စစ်တမ်းကောက်ထားတဲ့ မှတ်တမ်းတွေအရတော့ အားလုံးဟာ ရေဓာတ်ကို ပိုမိုဖြည့်တင်းပေးနိုင်ဖို့ အဓိကထား ဖန်တီးထားကြတယ်လို့ သိရပြီး ၀က်ခြံပျောက်တာ၊ အရေပြားတွန့်တာမျိုး ပျောက်ကင်းသွားစေတာမျိုးထက် ရေဓာတ်ဖြည့်တင်းခြင်းကိုသာ အဓိကထားတာပါတဲ့။ ဒါ့အပြင်သူက မျက်နှာအသားရေအပူချိန်ကိုလည်း အနည်းငယ်ပြောင်းလဲသွားစေတတ်ပြီး အပူချိန်ပိုတိုးသွားစေတယ်လို့ သိရပါတယ်။
၎။ဒီကပ်ခွာတွေကို ၀က်ခြံအထွက်များတဲ့သူတွေ မသုံးသင့်ပါဘူး။
သင်က မျက်နှာမှာ ၀က်ခြံတွေ အများကြီးထွက်နေလို့ ကပ်ခွာဝယ်ကပ်ပြီး ၀က်ခြံတွေ လျော့ပါးသွားအောင် လုပ်မယ်လို့ တွေးလိုက်ရင် ဒါဟာ မှားယွင်းတဲ့ အတွေးအခေါ်လို့ ဆိုပါရစေ။ ကပ်ခွာဟာ မျက်နှာအသားရေရဲ့အပူချိန်ကို တိုးမြှင့်ပေးနိုင်တာကြောင့် သင့်မျက်နှာပေါ်က ဘက်တီးရီးယားတွေကို ပိုမိုပြန့်နှံ့သွားစေကာ ၀က်ခြံပိုထွက်စေတတ်လို့ပါ။ ဒါ့ကြောင့် အဆီပြန်တဲ့ အသားရေရှိတဲ့သူ၊ ၀က်ခြံထွက်တဲ့သူတွေဟာ သုံးချင်တယ်ဆိုရင်တောင် အရင်ဆုံး မျက်နှာအစိတ်အပိုင်းတစ်ခုကို တည့်မတည့် ကပ်ပြီး စမ်းသပ်ကြည့်သင့်ပါတယ်။
၅။ကပ်ခွာကို နှာဖူးက စကပ်ပေးဖို့ လိုပါတယ်။
ပေါင်းတင်ကပ်ခွာတွေဟာ ဆိုဒ်တစ်ဆိုဒ်ထဲ ပုံမှန်ထုတ်တတ်တာကြောင့် သင့်မျက်နှာနဲ့ အဆင်ပြေချင်မှ ပြေပါလိမ့်မယ်။ ဒါ့ကြောင့် အဆင်ပြေပြေကပ်နိုင်ဖို့ဆိုရင် နှာဖူးကစပြီး ကပ်ပေးပါ။ ဒီလိုမှသာ မျက်လုံးနဲ့နှာခေါင်းကို အတိအကျ အဆင်ပြေပြေ ကပ်နိုင်မှာပါ။ အောက်က စကပ်မယ်ဆိုရင် အဆင်ပြေဖို့ မလွယ်ကူနိုင်ပါဘူး။
Ref:womenshealthmag.com
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment