လူဝကြီးအဖြစ်မှ ကာယဗလမယ်အဖြစ် ရောက်ရှိလာအောင် စွမ်းဆောင်ပြ



တစ်ချိန်က အ၀လွန်သူ ဖြစ်ခဲ့ပေမယ့် လက်ရှိ အချိန်မှာတော့ ကာယဗလမယ် ပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ဖို့ အဆင်သင့် ဖြစ်အောင် ပြုလုပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အသက် (၂၇)နှစ်အရွယ်ရှိ ထရစ်စတာဟာ ကိုယ်အလေးချိန် (၁၉၅)ပေါင်အထိ ရှိခဲ့ပေမယ့် ပေါင် (၆၀)ကျော် အထိ လျှော့ချ ခဲ့တာကြောင့် အားလုံးအံ့အားသင့် ခဲ့ရပါတယ်။ တစ်ချိန်က အ၀လွန်သူဟာ လက်ရှိ အချိန်မှာ ကာယဗလမယ် ပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်မှာ ဖြစ်တာကြောင့် မယုံကြည်နိုင်သူ အများအဟြး ရှိခဲ့ပါတယ်။ အသက် (၁၆)နှစ် အရွယ်မှာ အ၀လွန်မှုကို သတိထား လာခဲ့ပြီးနောက် ဟြေင်းလဲမှုတွေ ပြုလုပ်ဖို့ စတင်ခဲ့ပါတယ်။ ဘွဲ့ရပြီးတဲ့အခါ အလေးမ လေ့ကျင့်ခန်းတွေ ပြုလုပ်ပြီး ကိုယ်အလေးချိန်ကို လျော့ချခဲ့ရာ ပေါင် (၅၀) ကျဆင်း သွားခဲ့ပါတယ်။ ဒါပေမဲ့ ထရစ်စတာဟာ လူနေမှုဘ၀ကို ဟြေင်းလဲနိုင်ခြင်း မရှိတာကြောင့် ကိုယ်အလေးချိန်က ကျသင့်သလောက် မကျဘူး ဖြစ်နေပါတယ်။ အသက် (၂၄)နှစ် အရောက်မှာတော့ အရာအားလုံးကို စတင် ဟြေင်းလဲခဲ့ပြီး လေ့ကျင့်မူတွေ ပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့ တာကြောင့် လူဝကြီးအဖြစ်မှ ကျန်းမာကြံ့ခိုင်တဲ့ ပုံစံကို ရောက်လာတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုဖြစ်ဖို့ အပင်ပန်း ဆင်းရဲခံခဲ့ရပြီး နေ့စဉ် နံနက် (၄း၀၀)နာရီထ လေ့ကျင့်ခဲ့ ရပါတယ်။ အစားအသောက် ကိုလည်း စနစ်တကျ စားသောက်ခဲ့ရပါတယ်။ နောက်ပြီး လက်ရှိရရှိနေတဲ့ အနေအထားကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ နေ့စဉ် လေ့ကျင့်မှုတွေ ပြုလုပ်သွား ရမှာဖြစ်တယ်လို့ ထရစ်စတာက ဆိုခဲ့ပါတယ်။
Source:messengernewsjournal.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment