မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တရုတ်နိုင်ငံ နန်ကျင်းဒေသမှာ ရေကြီးခဲ့ တာကြောင့် အရေးပေါ် ကယ်ဆယ်ရေး အစီအစဉ်တွေ ပြုလုပ်ပေး နေရပါတယ်။ တရုတ်စစ်သား ထောင်ပေါင်းများစွာဟာ ဒီဒေသကို သွားရောက်ပြီး အကူအညီတွေ ပေးခဲ့ရပါတယ်။ မြို့တွင်းမှာ ရေကြီးမှုကြောင့် ကျောင်းတွေကိုလည်း ပိတ်ထား ရသလို အဆောင်နေ ကျောင်းသားတွေကိုလည်း လုံခြုံတဲ့နေရာကို ပို့ဆောင်ပေးရပါတယ်။
ဒါပေမဲ့ လူတစ်ဦးဟာ ရေကြီးနေတဲ့ အချိန်မှာ ပင်လယ်ပြင်မှာစီးတဲ့ ရေလွှာ လှိုင်းစီးဘုတ်နဲ့ ထွက်လာပြီး စီးပြခဲ့တာကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။ အစောပိုင်းမှာ အားကစားပစ္စည်း အရောင်းဆိုင်က ကြော်ငြာပြုလုပ်တာလို့ ထင်မှတ်ခဲ့ပေမယ့် ဆိုင်တာဝန်ရှိသူ တွေကတော့ ဟုတ်မှန်ခြင်း မရှိဘူးလို့ ဟြေကြားခဲ့ပါ တယ်။ ရေလွှာလှိုင်းဘုတ် စီးသူကို သွားရောက် မေးမြန်းခဲ့ရာမှာ လမ်းမတွေပေါ်မှာ အပျော်သဘောနဲ့ ထူးထူးခြာခြားဖြစ်အောင် စီးနင်းခဲ့တာ ဖြစ်တယ်လို့ ဟြေကြား ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကို လူမှုကွန်ရက်ပေါ်မှာ အမျိုးမျိုး မှတ်ချက်ပေးခဲ့ပြီး အများစုက ဝေဖန်ခဲ့ပါတယ်။ အခြား တစ်နေရာမှာတော့ လူတစ်ဦးဟာ ရေကြီးမှုကို အခွင့်ကောင်းယူပြီး လှေအငယ်စားနဲ့ ပို့ဆောင်ပေးနေတယ်လို့ သိရပါတယ်။
မြို့ပြမှာ ရုတ်တရက် ရေကြီးသွားခဲ့ တာကြောင့် မမြင်ဖူးတဲ့ အဖြစ်အပျက်တွေ ကို ဆက်တိုက်ဆိုသလို မြင်လိုက်ရခြင်း ဖြစ်ပါတယ်။
Source:MessengernewsJournal.com
0 comments:
Post a Comment