ဆိုင်ကယ်ဆီဖြည့်မည့် ဓာတ်ဆီဘူးပေါ်သို့ ဆေးလိပ်မီးပွားကျရာမှ ခန္ဓာကိုယ်မီးလောင်သေဆုံး


 မကွေး ဇူလိုင် ၂၈

 မကွေးတိုင်းဒေသကြီး မကွေး ခရိုင် မကွေးမြို့နယ် ယင်းဆိပ်ရဲကင်း စခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဇူလိုင် ၂၇ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က တိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီး တွင် မီးလောင်ဒဏ်ရာဖြင့် လူတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူမှာ မကွေးမြို့နယ် ဆူးကောက်စမ်း ကျေးရွာနေသူ စန်းလွင်ဦး (၂၅ နှစ်) ဖြစ်ကြောင်း သိရသည်။

စန်းလွင်ဦးသည် ၄င်း၏ ဇနီး မချောစုလှိုင်နှင့်အတူ ပုထိုးကျေးရွာရှိ ယောက္ခမဖြစ်သူ ဒေါ်စန်းနွဲ့၏ နေအိမ်သို့ အလည်အပတ် ရောက်ရှိ နေစဉ် ဇူလိုင် ၂၃ ရက် ညနေ ၅ နာရီခန့်တွင် ဆေးလိပ်သောက်ပြီး ဆိုင်ကယ်ကို ဓာတ်ဆီ ဖြည့်ရန် အတွက် ဓာတ်ဆီဘူးကို ယူလာစဉ် ဓာတ်ဆီဘူးပေါ်သို့ ဆေးလိပ်မီးပွား ကျရာမှ မီးလောင်မှုဖြစ်ပွားပြီး ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်ကျွမ်းခဲ့ သဖြင့် တိုင်းဒေသကြီး ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူနေစဉ် ဇူလိုင် ၂၆ ရက် ညနေ ၅ နာရီတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

မီးပေါ့ဆစွာ သုံးစွဲသူ စန်းလွင် ဦးကို မကွေးနယ်မြေရဲစခန်းက ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မအရ အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

မောင်ညီညာ(မြေလတ်)

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment