ကိုယ့်ကိုယ်သတ်သေမှာကို မတားဆီးဘဲ အမြန်သေဖို့ တိုက်တွန်းခဲ့ကြ


 လူတစ်ယောက်ကိုယ့်ရှေ့မှာ အန္တရာယ် ဖြစ်လောက်တဲ့ အခြေအနေမျိုး ကြုံတွေ့လာပါက ဘယ်သူမဆိုကယ်တင်ဖို့ ကြိုးစားကြမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံမှာတော့ အမျိုးသမီးတစ်ဦးဟာ တိုက်ပေါ်ကနေ ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ ကြိုးစားရာမှာ ပတ်ဝန်းကျင်က လူအချို့ဟာ တားဆီးမူမပြုလုပ်တဲ့အပြင် အမြန်ခုန်ချဖို့ တိုက်တွန်းခဲ့ကြတယ်လို့ သိရပါတယ်။

 ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းဟာ အင်မတန်မှ ကြောက်စရာကောင်းပြီး  ဒီလိုဖြစ်စဉ်ကို ကြုံတွေခဲ့မယ်ဆိုရင် တားဆီး နိုင်ခြင်းမရှိရင်တောင် ရဲတပ်ဖွဲ့ကို အကူအညီတောင်းခံရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးတစ်ဦး ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားရာမှာ အောက်မှာရှိနေတဲ့ လူတချို့ဟာ သက်ဆိုင်ရာကို အကြောင်းကြားခြင်း မရှိဘဲ မြန်မြန်ခုန်ချ၊ နင်သေတာကို ငါတို့ စောင့်ကြည့်ရတာ ပင်ပန်းနေတယ်ဆိုပြီး အော်ဟစ်ခဲ့ကြောင်း မျက်မြင် သက်သေတစ်ဦးက ဟြေကြားခဲ့ပါတယ်။  ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓပာူးက ရှန်ယန် ဒေသမှာဖြစ်ပွားခဲ့တာပါ။

 ရဲတပ်ဖွဲ့ဝင်တွေရောက်သွားချိန်မှာ အသက်မီတော့ခြင်း မရှိပါဘူး။ အခင်း ဖြစ်ပွားရာ အခန်းထဲမှာ အမျိုးသားတစ်ဦးကို တွေ့ခဲ့ရတာကြောင့် မေးမြန်းမှုတွေ ပြုလုပ်ခဲ့ရာ ကယ်တင်ဖို့ ကြိုးစားခဲ့တာဖြစ်ပြီး အောင်မြင်အောင် ပြုလုပ်နိုင်ခြင်း မရှိပါဘူး။ လူမူကွန်ရက် အသုံးပြုသူတစ်ဦးက သေဆုံးသွားသူဟာ ကိုယ့်မိဘ၊ အစ်မတွေ ဖြစ်နေပါက ဒီလို ပြုလုပ်ကြမှာလားလို့ မေးခွန်းထုတ်ဝေဖန်ခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ ဒီလိုမျိုးဖြစ်ရပ်မျိုး ကြုံတွေ့ခဲ့ဖူးတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်က ရှန်ဇီဒေသမှာ အမျိုးသမီးတစ်ဦးသတ်သေဖို့ အဆောက်အဦပေါ်က ခုန်ချမယ်လို့ ခြိမ်းခြောက်ခဲ့ရာ အောက်က ကျောင်းသူတစ်စုက အမြန်ခုန်ချဖို့ ပြောခဲ့ဖူးကြောင်း သိရပါတယ်။

The Messenger Media
http://messengernewsjournal.com/General/Eventure/detail.php?id=39907
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment