ခေါင်းဆောင်နေရာ စရိုက်လာရတော့ ဖြစ်မှ ဖြစ်ပါ့မလားဆိုတဲ့စိတ် ခံစားလာရတဲ့ ညီထွဋ်ခေါင်က မြစ်ကြီးနားမှာတော့ ချစ်သူရှိခဲ့ဖူးတယ်လို့ဖွင့်ဟ


ခေါင်းဆောင်မင်းသားအနေနဲ့ ၆ ကားမြောက်ကို ရိုက်ကူးနေပြီဖြစ်တဲ့ ညီထွဋ်ခေါင်ဟာ ၈လပိုင်း ၂၆ ရက်နေ့မှာ ကောက်စားမယ်ဆိုတဲ့ ကားလေးကို စတင်ဖြန့်ချိတော့မှာဖြစ်တဲ့အကြောင်းနဲ့ သူ့ရဲ့ အချစ်ရေးနဲ့ အနုပညာရေးရာများကို ပြောပြလာတဲ့အခါ
"အခုရိုက်နေတဲ့ကားလေးက ပါးတစ်ချက် ထောင့်ငါးရာတဲ့။ ဒါရိုက်တာက သားကြီး၊ မင်းသမီးက သင်ဇာဝင့်ကျော်ပါ။ ကားလေးက သူငယ်ချင်းကို လူလယ်ခေါင်မှာ အရှက်ခွဲသွားတဲ့မိန်းမကို ပြန်ပြီး ဂလဲ့စားချေတဲ့ကာရိုက်တာလေးပေါ့။ တကယ်ချစ်လို့မဟုတ်ပဲ သူငယ်ချင်းအတွက်၊ သူငယ်ချင်းအမေနဲ့ပေါင်းပြီးကိုယ့်အမေရဲ့ကျန်းမာရေးအတွက် သင်ဇာ့ကိုဂလဲ့စားချေတာပေါ့။ ဒါပေမဲ့ နောက်ပိုင်းမှာ တကယ်ကြိုက်သွားတဲ့ပုံစံမျိုးလေးပါ။ ဒီကားထဲမှာ ငွေကြေးချို့တဲ့လို့ကျောင်းမတက်နိုင်တဲ့ ဆေးကျောင်းသား ကာရိုက်တာလေးပါ။  ဒီအရှေ့မှာက ကျွန်တော် ဒါရိုက်တာသားကြီးနဲ့ပဲ မလိမ်မိုး မလိမ်မာဆိုတဲ့ကားလေးကို သွန်းဆက်၊ ငွေမှုန်ရတီတို့နဲ့အတူ ရိုက်ထားပါတယ်။"လို့ သူက ဆိုပါတယ်။
ဒါ့အပြင် သူကပဲ "ခါင်းဆောင်မင်းသားအနေနဲ့ရိုက်ရတာ ဒီကားနဲ့ဆို ၆ ကားရှိပါပြီ။ ခေါင်းဆောင်ရိုက်ရတာနဲ့ second ရိုက်ရတာက ခံစားချက်ချင်းတော့ ကွဲသွားတယ်။ တာဝန်ယူမှုတွေ ပိုကြီးလာတယ်။ ဖြစ်မှဖြစ်ပါ့မလားဆိုတဲ့ စိတ်တွေ အရမ်းများလာတယ်။ ကားတွေက တစ်ကားမှတော့ မဖြန့်ရသေးဘူး။ ဒါပေမဲ့ ကြော်ငြာတွေတော့ ထည့်နေပါပြီ။ တစ်ကားနဲ့တစ်ကားက မတူပါဘူး။ ပုံစံရော ၊ ကာရိုက်တာရော ကွဲပါတယ်။ ၈လပိုင်း ၂၆ ရက်နေ့မှာ ကောက်စားမယ်ဆိုတဲ့ ကားလေး ရန်ကုန်ကိုစဖြန့်ပါမယ်။ ကားကြီးကတော့ ၃ကားပဲရှိပါသေးတယ်။ ၉လပိုင်းမှာ ကားကြီး တစ်ကားထပ်ရိုက်မယ်။ အဲ့ဒါနဲ့ဆို လေးကားပေါ့။ ဒါရိုက်တာက ကိုဇော်လို့ပြောပါတယ်။ ခရီးကတော့ ၁၀ လပိုင်းသတင်းကျွတ်မှာ နှစ်ကျိတ်ရှစ်ဆူပွဲသွားဖို့ရှိပါတယ်"တဲ့။
သူရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း "အချစ်ရေးကတော့ဘာမှမရှိပါဘူး။ အခုအချိန်မှာ ကိုယ်လိုချင်တဲ့ ပန်းတိုင်မရောက်သေးတဲ့အတွက် ကျန်တာတွေကို စိတ်မထည့်နိုင်ပါဘူး။ ဒီအလုပ်ကိုပဲ အာရုံစိုက်ပြီး တစ်ကားနဲ့တစ်ကား မတူအောင် ပရိသတ်အတွက်ကြိုးစားနေပါတယ်။ နယ်မှာတုန်းကတော့ ချစ်သူ ထားခဲ့ဖူးတယ်။ မြစ်ကြီးနားမှာပေါ့။ အခုလက်ရှိမှာတော့ ဒီအလုပ်ကို တစ်ယောက်တည်းကြိုးစား ရုန်းကန်နေပါတယ်။ ဘာအချုပ်အနှောင်၊ အပူအလောင်ကိုမှ မယူသေးပါဘူး။ တစ်ယောက်တည်းပါပဲ"လို့ သူက ပြောပြခဲ့ပါတယ်။
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment